ထင်ကျော် (နိုင်ငံတော်သမ္မတ)
မြန်မာနိုင်ငံ၏ နဝမမြောက် သမ္မတ From Wikipedia, the free encyclopedia
Remove ads
ဦးထင်ကျော် သည် မြန်မာနိုင်ငံသား နိုင်ငံရေးသမား၊ စာရေးဆရာနှင့် မြန်မာနိုင်ငံ၏ သမ္မတ အဖြစ် ၂၀၁၆ မတ်လမှ ၂၀၁၈ မတ်လ အထိ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ ၂၀၁၆ ခုနှစ် မတ်လ ၁၀ ရက်နေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဒုသမ္မတလောင်း အဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ်များက အဆိုပြုခြင်းခံကာ[၂][၃][၄] ၂၀၁၆ ခုနှစ် မတ်လ ၁၅ ရက်နေ့တွင် ဦးထင်ကျော်အား ၁၉၆၂ ခုနှစ်နောက်ပိုင်း ပထမဆုံးသော အရပ်သားသမ္မတအဖြစ် ပြည်ထောင်စုလွှတ်တော်က ရွေးကောက်တင်မြှောက်ခဲ့သည်။[၅][၆][၇] ၂၀၁၈ ခုနှစ် မတ်လ ၂၁ ရက်နေ့တွင် နိုင်ငံတော်သမ္မတရာထူးမှ နုတ်ထွက်ခဲ့သည်။[၈]
Remove ads
Remove ads
ငယ်ဘဝ
ဦးထင်ကျော်ကို ၁၉၄၆ ဇူလိုင် ၂၀ တွင် ဖခင်စာရေးဆရာ မင်းသုဝဏ် နှင့် မိခင် ဒေါ်ကြည်ကြည်တို့မှ ရန်ကုန်မြို့တွင် မွေးဖွားသည်။ ဖခင် မင်းသုဝဏ် သည် မွန်-မြန်မာမျိုးရိုးဖြစ်သည်။ မွေးချင်း (၃) ယောက်ရှိသည့်အနက် ဒုတိယမြောက် သားဖြစ်သည်။[၉][၁၀] ဦးထင်ကျော်သည် ဒေါ်အောင်ဆန်းစုကြည်ထက် အသက် တစ်နှစ် တစ်လ တစ်ရက်ငယ်ရွယ်သူ ဖြစ်သော်လည်း မက်ဒရစ်ကျောင်း (အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ ဒဂုံမြို့နယ်)တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ပညာဆည်းပူးခဲ့သူဖြစ်သည်။
Remove ads
ပညာရေး
၁၉၆၂ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်တွင် ပညာသင်ကြားခဲ့ပြီး ၁၉၆၆ တွင် စီးပွားရေးပညာဘွဲ့ (B.Eco) ရရှိခဲ့သည်။၁၉၇၀ ပြည့်နှစ်တွင် ကွန်ပျူတာ တက္ကသိုလ်သို့ ပြောင်းရွေ့ပညာသင်ကြားခဲ့သည်။ ၁၉၇၅ ခုနှစ်တွင် ကွန်ပျူတာ မဟာသိပ္ပံဘွဲ့ ရရှိခဲ့သည်။[၁၁] နိုင်ငံတော် မှ ပညာတော်သင်ဆု ရရှိပြီး လန်ဒန်တက္ကသိုလ်၊ ကွန်ပျူတာသိပ္ပံကျောင်းတွင် ပညာသင်ကြားခဲ့သည်။ ၁၉၈၇ တွင် Arthur DeLittle, Management Education Institute, Cambridge, Massachusetts တွင် ပညာသင်ယူခဲ့သည်။[၁၂]
Remove ads
နိုင်ငံ့ဝန်ထမ်းဘဝ
၁၉၆၈ မဟာတန်း တက်စဉ် အချိန်ကာလအတွင်း တက္ကသိုလ်နည်းပြအတွင်း တာဝန်ထမ်းဆောင်ခဲ့သည်။[၁၃]
၁၉၇၅ ခုနှစ်မှာပင် အကြီးစားစက်မှုလုပ်ငန်းတွင် ဌာနခွဲမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၈၀ မှ ၁၉၉၂ ထိ နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဦးစီးဌာန တွင် ဒုတိယ ညွှန်ကြားရေးမှူး ရာထူးအထိ တာဝန်ထမ်းဆောင်ခဲ့ပြီး တာဝန်မှ အနားယူခဲ့သည်။
နိုင်ငံရေး
ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းတွင် စတင်တည်ထောင်စဉ်မှ သမ္မတ မဖြစ်မီအထိ အလုပ်အမှုဆောင် အဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ငယ်သူငယ်ချင်းဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ နောက်ကွယ်တွင် နှစ်ပေါင်းများစွာရှိနေခဲ့သူတစ်ဦး လည်းဖြစ်သည်။[၁၄] သူသည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ထက် ဒေါ်အောင်ဆန်းစုကြည်နှင့်သာ ပိုမိုနီးကပ်သူဖြစ်သည်။ နေအိမ်အကျယ်ချုပ် ကျခံနေစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် ပြင်ပကမ္ဘာကို ချိတ်ဆက်ပေးခဲ့သော လူအနည်းစုတွင် ဦးထင်ကျော်လည်း ပါဝင်သည်။[၁၅] ၁၉၉၂ ခုနှစ်တွင် အစိုးရဝန်ထမ်းအဖြစ်မှ နုတ်ထွက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီသို့ ဝင်ရောက်ခဲ့သည်။ သူသည် ဒေါ်အောင်ဆန်းစုကြည်၏ သံတမန်ရေးရာ အရာရှိလည်း ဖြစ်သည်။[၁၃][၁၆][၁၇] NLD နာမည်ကြီး ခေါင်းဆောင်တစ်ဦးဖြစ်သော ဦးလွင်၏သမီး၊ ပြည်သူ့လွှတ်တော် နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်စုစုလွင်၏ ခင်ပွန်းလည်း ဖြစ်သည်။
Remove ads
နိုင်ငံတော် သမ္မတ

၂၀၁၆ မတ်လ ၁၅ ရက်တွင် ဦးထင်ကျော်အား ပြည်ထောင်စု လွှတ်တော်မှ သမ္မတအဖြစ် ရွေးချယ်ခဲ့သည်။[၁၈] ၂၀၁၆ မတ်လ ၁၇ ရက်တွင် ဦးထင်ကျော်သည် ဝန်ကြီးဌာနများမှ ဝန်ကြီး ၂၁ ဦးအား ၁၈ ဦးအဖြစ် ပြန်လည်ဖွဲ့စည်းရန် ပြည်ထောင်စု လွှတ်တော်သို့ တင်ပြခဲ့သည်။[၁၉] ၂၁ မတ် ၂၀၁၆ တွင် ဝန်ကြီးများအား ပြန်လည်ဖွဲ့စည်းရန် လွှတ်တော်မှ အတည်ပြုခဲ့သည်။[၂၀]

၂၀၁၆ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်တွင် ကျမ်းသစ္စာကြိမ်ဆိုပြီး မြန်မာနိုင်ငံ၏ နဝမမြောက် သမ္မတဖြစ်လာခဲ့သည်။[၂၁][၂၂] နိုင်ငံတော် သမ္မတအိမ်တော်တွင် သမ္မတဟောင်း ဦးသိန်းစိန် ထံမှ သမ္မတအဆောင်အယောင် ဖြစ်သော ရွှေစလွယ်ကို လွှဲပြောင်းကာ နိုင်ငံတော် အုပ်ချုပ်ရေးအာဏာကို လွှဲပြောင်းခဲ့သည်။ ၂၀၁၈ ခုနှစ် မတ်လ ၂၁ ရက်နေ့တွင် နိုင်ငံတော်သမ္မတရုံး သတင်းထုတ်ပြန်ချက် အမှတ် (၁/၂၀၁၈) ဖြင့် လက်ရှိအလုပ်တာဝန်များမှ အနားယူလိုသောကြောင့် သမ္မတရာထူးမှ နုတ်ထွက်ကြောင်း ကြော်ငြာခဲ့သည်။[၈]
နိုင်ငံတော်အဆင့် ခရီးစဉ်များ
အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ဦးထင်ကျော်၏ နိုင်ငံတော်အဆင့် ခရီးစဉ်များ
ဦးထင်ကျော်သည် သမ္မတအဖြစ်တာဝန်ယူနေစဉ်က နိုင်ငံတော်အဆင့်ခရီးစဉ်များ သွားရောက်ခဲ့သည်။
Remove ads
စာပေရေးသားခြင်း
ဦးထင်ကျော်သည် "ဒလဘန်း" ကလောင်အမည်ဖြင့် သုတစာပေ နိုင်ငံရေးစာပေ တို့ကိုရေးသားခဲ့သည်။ သူ၏ဖခင် မင်းသုဝဏ်အကြောင်းကို အဘဘဝ အဘအကြောင်း တစေ့တစောင်း အမည်ဖြင့် စာအုပ်ရေးသားခဲ့သည်။[၁၀]
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads