စောမင်းဝိုင်း

From Wikipedia, the free encyclopedia

Remove ads

စောမင်းဝိုင်း (ဖွားစော ဟုလည်း သိကြ) သည် ပုဂံခေတ် နရသိင်္ဃ ဥဇနာမင်းသား၏ မိဖုရားနှစ်ပါးအနက် တစ်ပါး ဖြစ်သည်။[] နရသိင်္ဃကို မည်သည့်ရာဇဝင်ကျမ်းကမှ ပုဂံဘုရင်အဖြစ် ဖော်ပြခြင်း မပြုသော်လည်း အိပ်ဂျီလုစ် နှင့် ဒေါက်တာသန်းထွန်းကဲ့သို့သော သမိုင်းပညာရှင်အချို့က နရသိင်္ဃကို ဘုရင်တစ်ပါးအဖြစ် အသိအမှတ်ပြုကြသည်။[][] ဒေါက်တာထင်အောင်နှင့် မိုက်ကယ်အောင်သွင်ကဲ့သို့သော အချို့သော သမိုင်းပညာရှင်များကမူ နရသိင်္ဃအား ဘုရင်အဖြစ် အသိအမှတ် မပြုကြပေ။[][]

အချက်တိုများ စောမင်းဝိုင်း, မြောက်နန်းမတော် မိဖုရား ...

ကျောက်စာအထောက်အထားများအရ သူမသည် နရသိင်္ဃနှင့် အေဒီ ၁၂၁၂ တွင် လက်ထပ်ပြီး ဖြစ်နိုင်ပြီး အသက် ၁၈ မှ ၂၀ နှစ်အတွင်း ရှိနိုင်သည်။[] သူမသည် နရသိင်္ဃ၏ ပထမဆုံးဇနီး (သို့မဟုတ် မိဖုရားခေါင်) မဟုတ်သော်လည်း မိဖုရားခေါင်၏ သားတော်နှစ်ပါးထက် သူမ၏ သားတော် ဥဇနာက ထီးနန်းဆက်ခံသည်ကို ထောက်ရှု၍ သူမသည် ဩဇာအာဏာကြီးမားသူ ဖြစ်နိုင်ကြောင်း သိရသည်။[] မိဖုရားစောမင်းဝိုင်း၏ နောင်တော်နှစ်ပါးမှာ အထက်တန်း အုပ်ချုပ်ရေး အရာရှိများ ဖြစ်ကြသည်။ ဒုတိယနောင်တော်မှာ မနောရာဇာ (မဟာသမန်ကြီး ဟုလည်း သိကြ) ဖြစ်ပြီး ကျစွာနှင့် ဥဇနာမင်းများလက်ထက်တွင် အမတ်ကြီးအဖြစ် အမှုထမ်းခဲ့သူ ဖြစ်သည်။[][]

သူမလှူဒါန်းခဲ့သော မင်းဝိုင်းဘုန်းကြီးကျောင်းရှိ ကျောက်စာအရ သူမသည် အေဒီ ၁၂၇၃ ဖေဖော်ဝါရီ ၉ ရက်နေ့ [note ၁]အထိ သက်ရှိထင်ရှား ရှိနေဆဲ ဖြစ်သည်။[] အခြားကျောက်စာတစ်ခုအရ သူမသည် ၁၂၇၇ အောက်တိုဘာတွင် ကွယ်လွန်ခဲ့ခြင်း ဖြစ်နိုင်သည်။[]

သူမသည် ပုဂံခေတ် မိဖုရား ဖွားစော သုံးဦးတွင် ပထမဆုံး ဖွားစော ဖြစ်သည်။ အခြားနှစ်ဦးမှာ ဥဇနာမင်းနှင့် နရသီဟပတေ့တို့၏ မိဖုရားခေါင် စောလှဝန်းနှင့် ကျော်စွာဘုရင်၏ မိဖုရား စောသစ်မထီးတို့ ဖြစ်ကြသည်။[]

Remove ads

မှတ်စု

  1. Thursday, 8th waning of Tabaung 634 ME[] translates to Thursday, 9 February 1273 if the year 634 is treated as a regular (non-leap) year. The calendar used by Myanmar's Universities Historical Research Center treats the year as a great leap year, and gives Sunday, 12 March 1273.

ကိုးကား

ကျမ်းပြုစာရင်း

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads