စောရှီးရှိုး
From Wikipedia, the free encyclopedia
Remove ads
ဒုတိယဗိုလ်မှူးကြီး စောရှီးရှိုး (ကိုယ်ပိုင်အမှတ် လေ-၁၀၂၀)သည် ကရင်လူမျိုး မြန်မာ့ပထမဦးဆုံး လေတပ်ဦးစီးချုပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။[၁]
ဤ ဆောင်းပါးသည် စိစစ်အတည်ပြုနိုင်ရန်အတွက် နောက်ထပ်ကိုးကားချက်များ လိုအပ်နေသည်။ |
စစ်မှုထမ်းခြင်း
ဗမာ့အပျော်တမ်းလေတပ် စတင်ဖွဲ့စည်းချိန်မှစ၍ အမှုထမ်းဆောင်ခဲ့သည်။ ၁၉၄၀ ပြည့်နှစ် ဖေဖော်ဝါရီလ (၂၂)ရက်နေ့တွင် ဒုဗိုလ်အဖြစ်ခန့်အပ်ခြင်းခံခဲ့ရသည်။၁၉၃၄ ခုနှစ် ဧပြီလတွင် စတင်ဖွင့်လှစ်ခဲ့သည့် ရန်ကုန် လေယာဉ်မောင်းအသင်း (Rangoon Flying Club) ၏ ဒုတိယအသုတ် လေယာဉ်မောင်းသင်တန်း(၁၉၄၁ ခုနှစ်၊ ဖေဖော်ဝါရီလ) အား တက်ရောက်အောင်မြင်ခဲ့သည့် မြန်မာလေသူရဲလေးဦး တွင် တစ်ဦးအနေဖြင့် ပါဝင်ခဲ့သည်။ ။[၂]
၁၉၄၂ ခုနှစ် အောက်တိုဘာလ (၁)ရက်နေ့တွင် ဗိုလ်အဆင့်သို့လည်းကောင်း၊ ၁၉၄၄ ခုနှစ် အောက်တိုဘာလ (၁)ရက်နေ့တွင် ဗိုလ်ကြီးအဆင့်သို့လည်းကောင်း တိုးမြှင့်ခန့်အပ်ခြင်းခံခဲ့ရသည်။ မြန်မာ့မြေပေါ်မှ ဗြိတိသျှတို့ဆုတ်ခွာချိန်တွင် ဗမာ့အပျော်တမ်းလေတပ်သည်လည်း အိန္ဒိယသို့အဆင့်ဆင့်ဆုတ်ခွာခဲ့ရာတွင်ပါဝင်ခဲ့သည်။
၁၉၄၃ ခုနှစ် စက်တင်ဘာလ ရခိုင်တိုက်ပွဲနှင့် ၁၉၄၄ ခုနှစ် အင်ဖာတိုက်ပွဲ များတွင် အိန္ဒိယနိုင်ငံ ရှေတန်းလေတပ်အခြေစိုက်စခန်းများမှနေ၍ ဂျပန်တို့ကို ဗုံးကြဲတိုက်ခိုက်ခြင်းများတွင် ကိုယ်တိုင်ပါဝင်ခဲ့သည်။ အောင်ဆန်း-အက်တလီ စာချုပ် လက်မှတ်ရေးထိုးပြီးနောက် ၁၉၄၇ ခုနှစ် ဧပြီလ (၂၆)ရက်နေ့တွင် ဗမာ့အပျော်တမ်းလေတပ်၏ တပ်မှူးအဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည်။ ၁၉၄၇ ခုနှစ် အောက်တိုဘာလ(၁)ရက်နေ့တွင် ဗိုလ်မှူးအဆင့်သို့တိုးမြှင့်ခြင်းခံခဲ့ရပြီး ၁၉၄၇ ခုနှစ် ဒီဇင်ဘာလ (၁၅)ရက်နေ့တွင် မြန်မာ့လေတပ်မတော် စတင်ဖွဲ့စည်းရာ ပထမဆုံး လေတပ်မတော်ဦးစီးချုပ် အဖြစ်ခန့်အပ်ခြင်းခံခဲ့ရသည်။
၁၉၄၈ ခုနှစ် ဩဂုတ်လ(၁၀)ရက်နေ့တွင် ဗမာ့သေနတ်ကိုင်တပ်ရင်း အမှတ်(၁) နှင့် အမှတ်(၃) တို့ တောခိုသောအခါ စပစ်ဖိုင်းယား လေယာဉ် (၃)စီး ကိုခေါင်းဆောင်၍ သွားရောက်တိုက်ခိုက်ခဲ့သည်။ ၁၉၄၈ ခုနှစ် ဩဂုတ်လ (၁၄)ရက်နေ့တွင် ဒုတိယဗိုလ်မှူးကြီးအဆင့်သို့တိုးမြှင့်ခြင်းခံခဲ့ရသည်။၁၉၄၉ ခုနှစ်ပြည်တွင်းစစ်ကာလ က ကရင်တပ်များထံမှ လက်နက်ဖြုတ်ခဲ့ကြစဉ် ကရင်စစ်ဦးစီးချုပ် စမစ်ဒွန်း နှင့် ဒုတိယစစ်ဦးစီးချုပ် စောကြာဒိုး တို့အပြင် လေတပ်ဦးစီးချုပ် စောရှီးရှိုး လည်း အနားပေးခံခဲ့ရသည်။[၃] ၁၉၄၉ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်နေ့တွင် နိုင်ငံရေးနှင့် စစ်ရေးအခြေနေများအရ ခွင့်ရက်ရှည်ပေးခဲ့ပြီး ၁၉၅၇ ခုနှစ်တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ) တွင် အထက်တန်းလေတပ် ဦးစီးအရာရှိအဖြစ် ပြန်လည်တာဝန်ထမ်းဆောင်ခဲ့သည်။
၁၉၅၉ ခုနှစ်တွင် ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့တွင် တပ်မတော်(ကြည်း/ရေ/လေ) စစ်သံမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၆၃ ခုနှစ် ဇူလိုင်လ(၂၄)ရက် နေ့တွင် လေတပ်မှ အငြိမ်းစားယူခဲ့သည်။ ၁၉၄၉ ခုနှစ်တွင် နိုင်ငံတော်မှပေးသော သရေစည်သူဘွဲ့ကိုရရှိခဲ့သည်။
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads