ဆဒုံးမြို့

မြန်မာနိုင်ငံ၊ ကချင်ပြည်နယ်ရှိ မြို့ From Wikipedia, the free encyclopedia

Remove ads

ဆဒုံးမြို့ သို့မဟုတ် ဆဒေါင်မြို့ သည် မြန်မာနိုင်ငံကချင်ပြည်နယ်မြစ်ကြီးနားခရိုင်ဝိုင်းမော်မြို့နယ်တွင် ပါဝင်သည့် မြို့နယ်ခွဲအဆင့်ရှိ မြို့တစ်မြို့ ဖြစ်သည်။[]

အချက်တိုများ ဆဒုံးမြို့, နိုင်ငံ ...

မြစ်ကြီးနားမြို့အရှေ့ဘက် မိုင် ၄ဝ ခန့်အကွာ ပေ ၄ဝဝဝ ကျော်မြင့်သော တောင်တန်းတစ်ခုပေါ်တွင် တည်ရှိသည်။ ရာသီဥတုမျှတသော မြို့ဖြစ်သည်။ မြစ်ကြီးနားမှ တရုတ်နယ်စပ်ရှိ ကမ်ပိုင်တိတောင်ထိပ် သွားရာကားလမ်းအနီးတွင် တည်ရှိသည်။ ကားလမ်းခရီးဖြင့်သာ သွားလာနိုင်သည်။ ယခင်က ကချင်တောင်တန်းဒေသကို အုပ်ချုပ်သော နယ်ခြားဝန်ထောက် ရုံးစိုက်ရာ ဌာန ဖြစ်ခဲ့သည်။[]

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads