ဆဒ္ဒန်ဂူ

From Wikipedia, the free encyclopedia

ဆဒ္ဒန်ဂူ
Remove ads

ဆဒ္ဒန်ဂူသည် မြန်မာနိုင်ငံကရင်ပြည်နယ်ဇွဲကပင်တောင်တန်း၏ တောင်ဘက်အကျဆုံး ဆဒ္ဒန်တောင်တွင် တည်ရှိသည်။ သံလွင်မြစ်၏ အရှေ့ဘက်ကမ်း ကော့ဝါးဆူးကျေးရွာအနီးတွင် တည်ရှိပြီး ဘားအံမြို့မှ မိုင်(၂၀)ခန့် အကွာတွင် တည်ရှိသည်။[]

Thumb
ဆဒ္ဒန်ဂူအဝင်ပေါက်နေရာ

ဆဒ္ဒန်ဂူသည် အရှေ့အနောက် ၁၀၇ မီတာ ရှည်လျားပြီး ၄၀ မီတာ ကျယ်ဝန်းသည်။ ဆဒ္ဒန်ဂူသည် နှစ်ဘက်ပွင့် တိုးလျှို ပေါက်ဂူဖြစ်ပြီး အဝင်ဝ ကျဉ်းမြောင်းကာ ကရင်ပြည်နယ်တွင် အရှည်လျားဆုံး ဂူဖြစ်သည်။ ဆဒ္ဒန်ဂူသည် မြေပြင်မှ ပေ(၃၀)ခန့် အမြင့်တွင်တည်ရှိပြီးလုံးဝန်းသော ပုံသဏ္ဌာန်ရှိသည်။ဆဒ္ဒန်ဆင်မင်းက ဆဒ္ဒန်ဂူအနီးတဝိုက်မှာနေခဲ့လို့ ဆဒ္ဒန်ဆင်မင်းကိုအဆွဲပြုပြီး ဆဒ္ဒန်ဂူဟုခေါ်သည်။ ဆဒ္ဒန်ဂူဘုရားပွဲတော်ကို နှစ်စဉ်သင်္ကြန်အတက်နေ့တွင် ကျင်းပသည်။[]

Remove ads

ရုပ်ပုံများ

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads