ဆာဂါမာသာ အမျိုးသားဥယျာဉ်

နီပေါ အမျိုးသားဥယျာဉ် From Wikipedia, the free encyclopedia

ဆာဂါမာသာ အမျိုးသားဥယျာဉ်
Remove ads

ဆာဂါမာသာ အမျိုးသားဥယျာဉ် သည် နီပေါနိုင်ငံ အရှေ့ပိုင်း ဟိမဝန္တာတောင်တန်းဒေသတွင် တည်ရှိသော ထိန်းသိမ်းထားသောနယ်မြေတစ်ခု ဖြစ်ပြီး ထင်ရှားသော ဧဝရက်တောင် တည်ရှိရာ နေရာဖြစ်သည်။ အကျယ်အဝန်းအားဖြင့် ၄၄၃ စတုရန်းမိုင် (၁,၁၄၈ စတုရန်းကီလိုမီတာ) ရှိပြီး ဆိုလူခမ်ဘူးခရိုင် အတွင်း တည်ရှိကာ အမြင့်ပေ ၂,၈၄၅ မီတာ မှ ဧဝရက်တောင်ထိပ် အထိ အမြင့်ပေ ၈,၈၄၈ မီတာ (၉,၉၃၄ ပေ မှ ၂၉,၀၂၉ပေ) အထိ တည်ရှိကာ တောင်ဘက်တွင် ဒတ်ကိုဆီ မြစ် အထိ တည်ရှိသည်။ အရှေ့ဘက်ကပ်လျှက်တွင် မာကာလူဘာရွန်း အမျိုးသားဥယျာဉ် တည်ရှိသည်။[]

အချက်တိုများ ဆာဂါမာသာ အမျိုးသားဥယျာဉ်, တည်နေရာ ...
အချက်တိုများ ဆာဂါမာသာ အမျိုးသားဥယျာဉ်*, UNESCO ကမ္ဘာ့အမွေအနှစ်နေရာများ ...

ဆာဂါမာသာ ဆိုသည်မှာ နေပါလီ ဘာသာစကားမှ ဆင်းသက်လာပြီး ဆာဂါမှာ ကောင်းကင်ဟု အဓိပ္ပာယ်ရကာ မာသာ မှာ ဦးခေါင်း ဟု အဓိပ္ပာယ်ရသည်။ []

ထိုသို့ ထိန်းသိမ်းထားသော နယ်မြေအား ငှက်များ အတွက် အရေးကြီးသော ဒေသအဖြစ် အပြည်ပြည်ဆိုင်ရာ ငှက်ရှင်သန်ရေးအဖွဲ့မှ သတ်မှတ်ထားပြီး ကြီးမြတ်သော ဟိမဝန္တာမြင်ကွင်း အဖြစ် သတ်မှတ်ထားသော နေရာတွင် ပါဝင်သည်။[]

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads