ဆိုဗီယက်ပြည်ထောင်စု သမ္မတနိုင်ငံ

From Wikipedia, the free encyclopedia

ဆိုဗီယက်ပြည်ထောင်စု သမ္မတနိုင်ငံ
Remove ads

ဆိုဗီယက်ယူနီယံဟုလည်းကောင်း၊ ဆိုဗီယက်ပြည်ထောင်စုဟုလည်းကောင်း၊ အတိုကောက်အားဖြင့် ခေါ်ဝေါ်နေကြသည့် ပြည်ထောင်စု ဆိုဗီယက် ဆိုရှယ်လစ် သမ္မတနိုင်ငံ‌ သည် ယခု ရုရှားနိုင်ငံနှင့် ဘေးပတ်ဝန်းကျင် နိုင်ငံ‌၁၄ခုနှင့် ဖွဲ့စည်းထားခဲ့သော ပြည်ထောင်စုဖြစ်သည်။ ကမ္ဘာပေါ်တွင် အကျယ်ဝန်းဆုံးနိုင်ငံဖြစ်၍ ကမ္ဘာ့ကုန်းမြေ၏ ခြောက်ပုံတစ်ပုံ ရှိသည်။ လူမျိုးပေါင်းလည်း ၁၇ဝ ကျော် နေထိုင်လျက် ရှိခဲ့သည်။ ကမ္ဘာ့ထိပ်တန်းနိုင်ငံကြီးတစ်ခုလည်း ဖြစ်ခဲ့ပေသည်။[]

အချက်တိုများ ပြည်ထောင်စု ဆိုဗီယက် ဆိုရှယ်လစ် သမ္မတနိုင်ငံ Союз Советских Социалистических РеспубликSoyuz Sovietskikh Sotsialisticheskikh Respublik, မြို့တော် ...


ပြည်ထောင်စု ဆိုဗီယက် ဆိုရှယ်လစ် သမ္မတနိုင်ငံတော် (USSR, Russian: Сою́з Сове́тских Социалисти́ческих Респу́блик, tr. Soyuz Sovietskikh Sotsialisticheskikh Respublik IPA: [sɐˈjus sɐˈvʲetskʲɪx sətsɨəlʲɪˈstʲitɕɪskʲɪx rʲɪsˈpublʲɪk] အတိုကောက် СССР, SSSR) ကို အများအားဖြင့် ဆိုဗီယက်ပြည်ထောင်စုဟု ရည်ညွှန်းသုံးစွဲလေ့ ရှိကြပြီး ၁၉၂၂ ခုနှစ်မှ ၁၉၉၁ ခုနှစ် အထိ ယူရေးရှား ကုန်းမြေပေါ်တွင် တည်ရှိခဲ့သော ဆိုရှယ်လစ် နိုင်ငံ တစ်နိုင်ငံ ဖြစ်သည်။ ဒေသခံများ ခေါ်ဝေါ်သုံးစွဲသော အမည်မှာ ဆိုယု (ပြည်ထောင်စု) ဟူ၍ ဖြစ်သည်။

ဆိုဗီယက်ပြည်ထောင်စုသည် ၁၉၉၀ ခုနှစ်အထိ ကွန်မြူနစ် ပါတီက ကြီးစိုးသော တစ်ပါတီ စနစ်ကို ကျင့်သုံးခဲ့သည်။ ၁၉၅၆ ခုနှစ် အထိ နိုင်ငံပေါင်း ၁၅ နိုင်ငံ ပါဝင်သော ဆိုဗီယက် သမ္မတနိုင်ငံများ၏ ပြည်ထောင်စု ဖြစ်ခဲ့ပြီး မြို့တော်မှာ မော်စကိုမြို့ ဖြစ်သည်။ သို့သော်လည်း ဗဟိုအစိုးရမှ ချုပ်ထိန်းသော စီးပွားရေး စနစ်ကို ကျင့်သုံးခဲ့သည်။

ဒုတိယ ကမ္ဘာစစ်အတွင်းတွင်လည်း နာဇီတို့နှင့် ရင်ဆိုင်ရာတွင် အင်အားကြီးနိုင်ငံအဖြစ်ရပ်တည်ခဲ့ပြီး၊ စစ်အပြီးတွင် ဖြတ်သန်းရသော စစ်အေးတိုက်ပွဲ ကာလတစ်လျှောက်တွင်လည်း ပြိုင်ဖက်ဖြစ်သည့် မဟာအင်အားကြီးနိုင်ငံ အမေရိကန်ပြည်ထောင်စုနှင့် ဆက်လက် ယှဉ်ပြိုင်နိုင်ခဲ့သည်။ စစ်အပြီးတွင် တည်ထောင်သည့် ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့တွင်လည်း ဦးဆောင်တည်ထောင်သူအဖွဲ့ဝင်အဖြစ်လည်းကောင်း၊ အရှေ့ဥရောပ၊ အရှေ့အလယ်ပိုင်း၊ မြောက်အာဖရိက၊ အလယ်အာရှ၊ တောင်အာရှနှင့် လက်တင်အမေရိကဒေသများရှိ နိုင်ငံများတွင် ကွန်မြူနစ်ဝါဒ ပြန့်ပွားတည်မြဲရေးအတွက် နည်းလမ်းစုံသုံးကာ ကြိုးပမ်းခဲ့သည်။ သို့ရာတွင် မှားယွင်းအားနည်းသော ဗဟိုမှချုပ်ကိုင်သည့် စီမံကိန်းပုံစံ စီးပွားရေးစနစ်ကြောင့်လည်းကောင်း၊ အာဏာရှင်ဆန်ဆန် ဖိနှိပ်ချုပ်ချယ်မှုများကြောင့် လည်းကောင်း ၁၉၉၁ခုနှစ်တွင် ပြည်ထောင်စုအတွင်းပါဝင်သော ပြည်နယ်များမှ နိုင်ငံ ၁၅နိုင်ငံအဖြစ် ရှေ့ဆင့်နောက်ဆင့် ခွဲထွက်ကြသဖြင့် ဆိုဗိယက် ပြည်ထောင်စု ပြိုကွဲလေသည်။ ပြည်ထောင်စုပြိုကွဲပြီးနောက်တွင် ဆိုဗီယက်ပြည်ထောင်စု၏ ရပိုင်ခွင့်၊ ခံစားခွင့်၊ ဆက်ခံခွင့်အာဏာများကို အကြီးဆုံးခွဲထွက်ပြည်နယ်ဖြစ်သည့် ရုရှားနိုင်ငံမှ ဆက်ခံရယူခဲ့သည်။

Remove ads

အဖွဲ့ဝင်နိုင်ငံများ

  • ရုရှား ဆိုဗီယက် ‌ဖက်ဒရယ် ဆိုရှယ်လစ် သမ္မတနိုင်ငံ
  • ယူကရိန်း ဆိုဗီယက် ဆိုရှယ်လစ် သမ္မတနိုင်ငံ
  • ဘယ်လာရုစ် ဆိုဗီယက် ဆိုရှယ်လစ် သမ္မတနိုင်ငံ
  • မော်ဒိုဗာ ဆိုဗီယက် ဆိုရှယ်လစ် သမ္မတနိုင်ငံ
  • အက်စတိုးနီးယား ဆိုဗီယက် ဆိုရှယ်လစ် သမ္မတနိုင်ငံ
  • လက်ဗီးယား ဆိုဗီယက် ဆိုရှယ်လစ် သမ္မတနိုင်ငံ
  • လစ်သူရေးနီးယား ဆိုဗီယက် ဆိုရှယ်လစ် သမ္မတနိုင်ငံ
  • ဂျော်ဂျီယာ ဆိုဗီယက် ဆိုရှယ်လစ် သမ္မတနိုင်ငံ
  • အာမေးနီးယား ဆိုဗီယက် ဆိုရှယ်လစ် သမ္မတနိုင်ငံ
  • အဇာဘိုင်ဂျန် ဆိုဗီယက် ဆိုရှယ်လစ် သမ္မတနိုင်ငံ
  • ကာဇတ် ဆိုဗီယက် ဆိုရှယ်လစ် သမ္မတနိုင်ငံ
  • ဥဇဘတ် ဆိုဗီယက် ဆိုရှယ်လစ် သမ္မတနိုင်ငံ
  • ကာဂျစ် ဆိုဗီယက် ဆိုရှယ်လစ် သမ္မတနိုင်ငံ
  • တာဂျစ် ဆိုဗီယက် ဆိုရှယ်လစ် သမ္မတနိုင်ငံ
  • တာ့ခ်မင် ဆိုဗီယက် ဆိုရှယ်လစ် သမ္မတနိုင်ငံ

လက်အောက်ခံနိုင်ငံများ

Thumb
နာဇီဂျာမန်အင်ပါယာ၏ အင်ပါယာလွှတ်တော် အဆောက်အဦးတွင် ဆိုဗီယက်အလံ လွှင့်ထူအောင်ပွဲခံနေစဉ်
Thumb
ဗော့စတော့ ၁
Thumb
ဓာတ်အားပေးစက်ရုံ
Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads