ဆိုးလ်တက္ကသိုလ်

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ရှိ အမျိုးသားသုတေသနတက္ကသိုလ် From Wikipedia, the free encyclopedia

ဆိုးလ်တက္ကသိုလ်
Remove ads

ဆိုးလ်တက္ကသိုလ်(ကိုရီးယား: 서울대학교; အင်္ဂလိပ်: Seoul National University →ဆိုးလ် အမျိုးသား တက္ကသိုလ်)သည် တောင်ကိုရီးယားနိုင်ငံ ဆိုးလ်အထူးမြို့ ဂွါန်အာ့ဂ်မြို့နယ်ရှိ အမျိုးသား တက္ကသိုလ် ဖြစ်သည်။

အချက်တိုများ ဆောင်ပုဒ်, အင်္ဂလိပ်ဘာသာ ဆောင်ပုဒ် ...
အချက်တိုများ ဆိုးလ်တက္ကသိုလ်, အက္ခရာဖလှယ်ခြင်းများ ...
Thumb
SNU
SNU
ပင်မပရဝုဏ်

ဆိုးလ်အမျိုးသားတက္ကသိုလ်ကို ၁၉၄၆ ခုနှစ်တွင် တည်ထောင်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံ၏ ဩဇာတိက္ကမအရှိဆုံး တက္ကသိုလ်တစ်ခုဖြစ်သည်။[] တက္ကသိုလ်၌ ကျောင်းပရဝဏ်သုံးခုရှိပြီး အဓိကပရဝဏ်မှာ ဂွမ်နက်တွင်ရှိပြီး အခြားပရဝဏ်နှစ်ခုမှာ ဒယ်ဟန်နိုနှင့် ပြုံချမ်းတွင် တည်ရှိသည်။ ဆိုးလ်အမျိုးသားတက္ကသိုလ်အား ကောလိပ် ၁၆ ခု၊ ဘွဲ့လွန်ဌာနတစ်ခု(graduate school)၊ ပရော်ဖက်ရှင်နယ်ကျောင်း ၉ ခုတို့ဖြင့် ပေါင်းစပ်ဖွဲ့စည်းထားသည်။ ဘွဲ့ကြိုကျောင်းသား ၁၇,၀၀၀ နှင့် ဘွဲ့လွန်ကျောင်းသား ၁၁,၀၀၀ ခန့် တက်ရောက် ပညာသင်ကြားလျက်ရှိသည်။ ကိုရီးယား ပညာရေးဖွံ့ဖြိုးတိုးတက်ရေး အင်စတီကျူမှ အချက်အလက်များအရ နိုင်ငံရှိ အခြားသောတက္ကသိုလ်များတက္ကသိုလ်များထက် ဆိုးလ်တက္ကသိုလ်တွင် စာရင်းသွင်းသော ကျောင်းသားအရေအတွက် ၁၀,၀၀၀ ခန့်ရှိပြီး နိုင်ငံတွင်ရှိသော ကျောင်းသားအချိုး၏ အများဆုံး ပမာဏတက်ရောက်ခြင်းဖြစ်သည်။[]

Remove ads

တည်ထောင်ခြင်း

ဆိုးလ်အမျိုးသားတက္ကသိုလ်ကို ၁၉၄၆ ခုနှစ် ဩဂုတ်လ ၂၇ ရက်နေ့တွင် ဆိုးလ်မြို့ဧရိယာအတွင်းရှိ ပညာရေးကျောင်း ၁၀ ခုအား ပေါင်းစည်းထူထောင်ခဲ့ခြင်းဖြစ်သည်။

ပထမဆုံးသော ကျောင်း၏ကျောင်းအုပ်ကြီးမှာ ဟယ်ရီ ဘတ်ဝဲလ် အန်စတက်ဖြစ်သည်။[] တစ်နှစ်ခွဲလောက်ကြာအောင် ကျောင်းသားများနှင့် ပါမောက္ခများသည် အမေရိကန်စစ်အစိုးရ၏ ကိုရီးယားရှိ ကောလိပ်များ ပေါင်းစည်းရေးကိစ္စအား ဆန့်ကျင်နေခဲ့ကြသည်။ ၁၉၄၇ ခုနှစ် အောက်တိုဘာလတွင် တက္ကသိုလ်၏ ဒုတိယမြောက်ကျောင်းအုပ်ကြီးအဖြစ် လီချွန်ဟိုမှ စတင်တာဝန်ထမ်းဆောင်ခဲ့သည်။

ဥပဒေကောလိပ်အား ကီဂျိုအင်ပါယာတက္ကသိုလ်မှ ဥပဒေဌာနနှင့် ချောင်ဆောင်ဥပဒေကောလိပ်(Kyŏngsŏng Law College) တို့ကို ပေါင်းစည်း၍ တည်ထောင်ခဲ့သည်။ ဆိုးလ်ဆေးဝါးကောလိပ်အား ၁၉၅၀ ခုနှစ်တွင် ဆေးဝါးကောလိပ်အဖြစ် တက္ကသိုလ်၏လက်အောက်သို့ သွတ်သွင်းခဲ့သည်။ ထိုကောလိပ်မှာ ယခင်က ပုဂ္ဂလိကပညာရေးအဖွဲ့အစည်းဖြစ်သည်။[]

ကိုရီးယားစစ်ပွဲကာလအတွင်းတွင် တက္ကသိုလ်သည် မြောက်ကိုရီးယားလက်အောက်သို့ ကျရောက်ခဲ့ပြီး ဆိုးလ်တက္ကသိုလ်ဆေးရုံအစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှု ဖြစ်ပွားခဲ့သည်။[] ထိုအခါ တောင်ကိုရီးယားရှိ အခြားသော တက္ကသိုလ်များနှင့် ယာယီပေါင်းစည်းပြီး ဘူဆန်မြို့သို့ ပြောင်းရွေ့ခဲ့ကြသည်။

Remove ads

ပြန်လည်နေရာချထားခြင်း

မူလက ပင်မပရဝဏ်သည် ဒုံဆန်း-ဒုံ၊ ဂျုံနိုတွင် တည်ရှိသည်။ ၁၉၇၅ ခုနှစ် ဖေဖော်ဝါရီလတွင် ဂွမ်နက်၌ ပင်မပရဝဏ်အသစ် ဆောက်လုပ်ပြီးစီးသည့်အခါတွင် ၁၉၇၅ ခုနှစ်မှ ၁၉၇၉ ခုနှစ်အတွင်း တက္ကသိုလ်၏ ကောလိပ်အများစုကို ဂွမ်နက်ပရဝဏ်သစ်၌ ပြောင်းရွေ့နေရာချခဲ့သည်။ ဂျုံနိုရှိ ယခင်ပရဝဏ်ဟောင်းတွင် ဆေးကောလိပ်၊ ဆေးဝါးကောလိပ်၊ သွားဘက်ဆိုင်ရာကောလိပ်နှင့် သူနာပြုကောလိပ်များဆက်လက်ထားရှိပြီး ယောင်ဂွန်းပရဝဏ်ဟု ခေါ်ကြသည်။

အကယ်ဒမစ်

ဆိုးလ်အမျိုးသားတက္ကသိုလ်၏ ပင်မဂိတ်ကို ရှ() ဟူ၍ ခေါ်ဝေါ်ကြသည်။ ဂိတ်သည် ,, စသော အက္ခရာများပုံသဏ္ဌာန် ဖော်ထားသောကြောင့် ထို့သို့ ခေါ်ဝေါ်ကြခြင်းဖြစ်ပြီး ကိုရီးယားအမည်အပြည့်စုံမှာ (Gungnip Seoul Daehakgyo) ဖြစ်သည်။

ဝင်ခွင့်

ဆိုးလ်အမျိုးသားတက္ကသိုလ်ဝင်ခွင့်မှာ အလွန်ပြိုင်ဆိုင်မှုကြီးမားသော ဝင်ခွင့်စာမေးပွဲဖြစ်သည်။ ၁၉၈၁ မှ ၁၉၈၇ ခုနှစ်အတွင်း ဝင်ခွင့်လျှောက်လွှာတစ်ခုသည် တက္ကသိုလ်တစ်ခုသာ လျှောက်ထားနိုင်ချိန်ကာလတွင် အစိုးရစာမေးပွဲ၏ ၀.၅ ရာခိုင်နှုန်းသော အမှတ်အများဆုံးကျောင်းသားများ၏ ၈၀ ရာခိုင်နှုန်းကျော်သည် ဆိုးလ်အမျိုးသားတက္ကသိုလ်အား လျှောက်ထားကြသည်။

အကယ်ဒမစ်ဖွဲ့စည်းပုံ

တက္ကသိုလ်၏ ကောလိပ် ၁၆ ခုသည် ဘွဲ့ကြိုပညာရေးအစီအစဉ် ၈၃ ခုအား သင်ကြားပေးနိုင်သည်။[] ဘွဲ့လွန်နှင့် ပါရဂူဘွဲ့အစီအစဉ်များအတွက် ဘွဲ့လွန်ကျောင်းတစ်ခုရှိပြီး ပညာရပ်နယ်ပယ် ၅ ခုမှ ပညာရေးအစီအစဉ် ၉၉ ခုအား သင်ကြားပေးနိုင်ခဲ့သည်။

ကျောင်းပရဝဏ်

ဆိုးလ်အမျိုးသားတက္ကသိုလ်တွင် ဆိုးလ်မြို့တွင် ကျောင်းပရဝဏ် ၂ ခုရှိပြီး ပြုံချမ်းမြို့တွင် ပရဝဏ်တစ်ခုရှိသည်။ ဂွမ်နက်ပရဝဏ်သည် ဂွမ်နက်-ရို၊ ဂွမ်နက်ခရိုင်တွင် တည်ရှိပြီး ယွန်ဂွန်ပရဝဏ်သည် ဟန်မြစ်မြောက်ပိုင်း ဒယ်ဟန်နိုတွင် တည်ရှိကာ ပြုံချမ်းပရဝဏ်သစ်သည် ပြုံချမ်းမြို့တွင် တည်ရှိသည်။

တည်နေရာ

ဂွမ်နက်ပရဝဏ်သည် ပင်မကျောင်းပရဝဏ်ဖြစ်ပြီး ဆိုးလ်မြို့၏ တောင်ပိုင်းတွင် တည်ရှိသည်။ အမှတ် (၂) ဆိုးလ်မြေအောက်ရထားလိုင်း၏ ဆိုးလ်အမျိုးသားတက္ကသိုလ်ဘူတာသည် ၎င်းတက္ကသိုလ်အား သွားရောက်နိုင်ရန်အတွက် ဖွင့်ထားသော ဘူတာဖြစ်သည်။ ဆေးဘက်ဆိုင်ရာ ပရဝဏ်သည် ဒယ်ဟန်နို(တက္ကသိုလ်လမ်း)တွင် တည်ရှိပြီး ဆိုးလ်မြို့၏ အရှေ့မြောက်ဘက်တွင် တည်ရှိသည်။ ဆန်နော့ပရဝဏ်(အမြဲစိမ်းပရဝဏ်)ဟုခေါ်သော ဖျက်သိမ်းလိုက်သည့် ဆူဝန်ပရဝဏ်(စိုက်ပျိုးရေးဆိုင်ရာ ပရဝဏ်)သည် ဆိုးလ်မြို့တောင်ဘက် ၄၀ ကီလိုမီတာအကွာ ဆူဝန်တွင် တည်ရှိသည်။ စိုက်ပျိုးရေးဆိုင်ရာ ပရဝဏ်အား ၂၀၀၄ ခုနှစ် ဆောင်းဦးကာလတွင် ဂွမ်နက်သို့ရွေ့ပြောင်းခဲ့ပြီ ဖြစ်ပြီး ဆူဝန်၌ အချို့သော သုတေသနလုပ်ငန်းများအား လုပ်ကိုင်လျက်ရှိသည်။


Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads