ကြိုးကြာ

From Wikipedia, the free encyclopedia

ကြိုးကြာ
Remove ads

ကြိုးကြာ (Antigone antigone) ကို အိန္ဒိယတိုက်ငယ်၊ ဩစတျေးလျ၊ အရှေ့တောင်အာရှဒေသတို့တွင် တွေ့ရလေ့ရှိသည်။ ပျံသန်းတတ်သည့်ငှက်များ အားလုံးထဲတွင် အရှည်ဆုံးဖြစ်ပြီး ကိုယ်လုံးကြီးမားကာ အလျား ၁.၈ m (၅ ft ၁၁ in) ရှိသည်။ ရွံ့နွံထူထပ်သော အရပ်တွင် တွေ့ရတတ်သည်။ အဖိုအမ တွဲ၍နေတတ်သည်။ တွန်သံမှာ သာယာသည်။ မြက်ထူထပ်သော ကွင်းပြင်၌လည်း နေတတ်သည်။ နားသည့်အခါ၊ ပျံသည့်အခါများတွင် အော်တတ်သည်။ အသီးအရွက် ပိုးမွှားနှင့် ခရုများကို စားသောက်သည်။ အုပ်လိုက်လည်း နေတတ်သည်။ မြန်မာနိုင်ငံ မြောက်ပိုင်းနှင့် အလယ်ပိုင်းတွင် အများဆုံးတွေ့ရတတ်သည်။ ကမ္ဘာ့အရှေ့ပိုင်း နိုင်ငံများတွင်လည်း တွေ့ရှိရတတ်သည်။[] အဓိက သားပေါက်ကာလမှာ မိုးရာသီဖြစ်သည်။

အချက်တိုများ ကြိုးကြာ, ထိန်းသိမ်းစောင့်ရှောက်ရေး အဆင့်အတန်း ...
Remove ads

ဥအုပုံ

မြန်မာနိုင်ငံတွင်လည်း ကချင်ပြည်နယ်နှင့် ရှမ်းပြည်မြောက်ပိုင်းတွင်တွေ့ရှိရတတ်သည်။ ကြိုးကြာခေါင်းနီငှက်များသည် အသိုက်ဆောက်လုပ်ခြင်းပြီးစီးပါက ကြိုးကြာခေါင်းနီအမသည် ဥ အုခြင်းကို စတင်ကြသည်။ ပထမတစ်လုံးအုပြီး ၂ / ၃ ရက်လောက်ကြာမှ နောက်တစ်လုံးထပ်ဥကြသည်။ လေ့လာတွေ့ရှိချက်များအရ ၂ လုံးအုပြီးမှ အကြောင်းတစ်စုံတစ်ရာကြောင့် ဥ ၂ လုံးပျောက်သွားခဲ့ပါက အချို့ကြိုးခေါင်းနီစုံတွဲများသည် ဥ ပြန်အုသည့် ဖြစ်စဉ်များလည်း ရှိသည်။[ကိုးကားချက်လိုသည်] ဥ အရေအတွက် ၂ လုံးအုပြီးပါက ဥဝပ်ခြင်းကို ပြုလုပ်ကြသည်။ ဥဝပ်ခြင်းကို ကြိုးကြာ အထီးရော အမပါ နှစ်ကောင်စလုံးသည် အလှည့်ကျဝပ်ကြသည်ကို တွေ့ရှိရသည်။ ကြိုးကြာတစ်ကောင် ဝပ်နေသည့်အချိန်တွင် ကျန်တစ်ကောင်သည် အသိုက်အနီးအနားတွင် အစာရှာစားရင်း ကျက်စားနေထိုင်သည်။ တစ်ကောင်နှင့်တစ်‌ကောင် ချိတ်ဆက်နိုင်သည့် အကွာအ‌ဝေးအနေအထားလောက်တွင်သာ အစာရှာ၍ နေထိုင်ကြသည်ကို တွေ့ရှိရသည်။ ဥဝပ်ကြာချိန်သည် ၁ နာရီ နှင့်အထက်ရှိသည်။ အထူးသဖြင့် နေ့ဘက်အချိန်များတွင် အထီးကြိုးကြာက ဝပ်ချိန်များသည်ကို‌‌ လေ့လာမှုများအရ တွေ့ရှိရသည်။ ကြိုးကြာခေါင်းနီများ၏ ဥဝပ်ကာလမှာ ရက်ပေါင်း ၂၈ - ၃၁ ရက်အထိ ကြာသည်။ တစ်လနီးပါးကြာသော်အခါတွင် ပထမဆုံးအရင်အုသော ဥ ကစတင်၍ အကောင်ပေါက်လာသည်။ ၁ ရက်/ ၂ရက်ကြာ‌သော်အခါမှ နောက် ဥ သည် အကောင်ပေါက်သည်။ တစ်ခါတရံ ရက်အနည်းငယ်ပြောင်းလဲမူ ရှိသည်။ ကြိုးကြာအကောင်ပေါက်ကလေးများသည် ဥ မှထွက်ပြီး တပတ်လောက်တွင် စတင်ရေကူးနိုင်ပြီဖြစ်သည်။ ကြီးထွားနှုန်းမှာလည်း စားရသည့် အစာပေါ်မူတည်၍ ကြီးထွားမူအပြောင်းအလဲရှိသည်။

Remove ads

မှတ်စုများ

  1. Myo Sandar Winn(MCT)
  2. Ye Htet Aung

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads