ဆေထာ ထဝီဆင်

ထိုင်းနိုင်ငံ၏ ၃၀ ဦးမြောက်ဝန်ကြီးချုပ် From Wikipedia, the free encyclopedia

ဆေထာ ထဝီဆင်
Remove ads

ဆေထာ ထဝီဆင်(ထိုင်း: เศรษฐา ทวีสิน, RTGS: Settha Thawisin) သည် ထိုင်းနိုင်ငံ၏ ၃၀ ဦးမြောက် ဝန်ကြီးချုပ်ဖြစ်သည်။၎င်းသည် ဝန်ကြီးချုပ်ဖြစ်မလာမီက အိမ်ခြံမြေသူဌေးတစ်ဦးဖြစ်သည်။ ထိုင်းနိုင်ငံတွင် ၂၀၁၄ခုနှစ်၌ တပ်မတော်မှအာဏာသိမ်းယူပြီး ဝန်ကြီးချုပ်ဖြစ်လာသော ပရာယွတ်ချန်အိုချာသည် ၂၀၂၃ရွေးကောက်ပွဲတွင် ရှုံးနိမ့်ပြီးနောက် နိုင်ငံရေးမှ အနားယူခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ်အသစ်ရွေးချယ်ခြင်း အရှုပ်များကြားမှ ဆေထာထဝီဆင်သည် ဝန်ကြီးချုပ် ဖြစ်လာခဲ့သူသည်။[][]သူသည် ထိုင်းနိုင်ငံတွင် အကြီးမားဆုံးသော အိမ်ခြံမြေကုမ္ပဏီဖြစ်လာမည့် Sansiri ကုမ္ပဏီကို ၁၉၈၈ခုနှစ်၌ ပူးတွဲတည်ထောင်ခဲ့သည်။သူသည် ယခင်ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်၏ ယုံကြည်စိတ်ချရသူလည်းဖြစ်သည်။၂၀၂၄ ခုနှစ် ဩဂုတ်လ ၁၄ ရက် နေ့တွင် ကျင့်ဝတ်ဖောက်ဖျက်မှုဖြင့် ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးက ၎င်းအား ရာထူးမှ ဖယ်ရှားခဲ့သည်။

အချက်တိုများ H.E ​ဆေထာ ထဝီဆင်Srettha Thavisin, (၃၀)ဦး​မြောက် ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ် ...
Remove ads

ဘဝအစနှင့် ပညာရေး

ထဝီဆင်ကို ၁၉၆၂ခုနှစ် ဖေဖော်ဝါရီလ (၁၅)ရက်နေ့တွင် ဘန်ကောက်မြို့ရှိ ကြွယ်ဝချမ်းသာသော မိသားစုတွင် မွေးဖွားခဲ့သည်။ တစ်ဦးတည်းသောသားဖြစ်သည်။ ထဝီဆင်သည် ထိုင်းနိုင်ငံတွင် ကြွယ်ဝချမ်းသာသော တရုတ်-ထိုင်းအနွယ် လူချမ်းသာမိသားစု (၅)စုနှင့် သွေးချင်းဆက်စပ်သည်။ ဘန်ကောက်မြို့တွင် အခြေခံပညာ သင်ယူခဲ့ပြီး ချုလာလောင်ကွန်းတက္ကသိုလ်မှ မြို့ပြအင်ဂျင်နီယာဘွဲ့ ရရှိခဲ့သည်။ ထို့နောက် အမေရိကန်ပြည်ထောင်စု၊ မက်ဆာချူးဆက် စက်မှုတက္ကသိုလ်မှ စီးပွားရေးဘွဲ့ ရရှိခဲ့သည်။ ထို့နောက် ကယ်လီဖိုးနီးယားပြည်နယ် Claremont Graduate University မှ အမ်ဘီအေဘွဲ့ ရရှိခဲ့သည်။

Remove ads

စီးပွားရေးသမားဘဝ

၁၉၈၆ခုနှစ်တွင် ဘွဲ့ရခဲ့ပြီးနောက် အမေရိကန်ကုမ္ပဏီတစ်ခုတွင် လက်ထောက်မန်နေဂျာ ဖြစ်ခဲ့သည်။ ၁၉၈၈ခုနှစ်တွင် အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီဖြစ်သော Sansiri ကုမ္ပဏီကို ပူးတွဲတည်ထောင်ခဲ့သည်။ ၎င်း၏ဦးဆောင်မှုအောက်တွင် ကုမ္ပဏီသည် ကြီးထွားလာခဲ့သည်။ ၎င်း၏ကုမ္ပဏီသည် ကိုဗစ် ၁၉ ရောဂါကာလမှာပင် ဆက်လက်လည်ပတ်နေခဲ့သည်။ ၂၀၂၀ပြည့်နှစ်တွင် ထိုင်းနိုင်ငံသမိုင်းတွင် အကြီးမားဆုံးသော မြေဝယ်ယူမှုကို ပြုလုပ်ခဲ့သည်။ထိုင်းနိုင်ငံ၏ ရွေးကောက်ပွဲဥပဒေအရ ၂၀၂၃ခုနှသ်တွင် သူသည် သူ၏ရှယ်ယာများကို သမီးဖြစ်သူထံ လွှဲပေးခဲ့သည်။

Remove ads

နိုင်ငံရေးသမားဘဝ

၂၀၂၃ ရွေးကောက်ပွဲ

ဆေထာ ထဝီဆင်သည် ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ်မောင်နှမဖြစ်သော သက်ဆင်ယင်လပ်တို့နှင့် အလွန်ရင်းနှီးသည်။ ၂၀၂၂ခုနှစ် နိုဝင်ဘာလတွင် ထဝီဆင်က ၎င်းအနေဖြင့် ၂၀၂၃ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည်ဟု ကြေညာခဲ့သည်။ ၂၀၂၃ခုနှစ် ဧပြီလ (၅)ရက်နေ့တွင် ထဝီဆင်သည် ဖွေ့ထိုင်းပါတီ၏ ဝန်ကြီးချုပ်လောင်းအဖြစ် သက်ဆင်၏သမီးဖြစ်သော ပေထုံတန်နှင့်အတူ ရွေးချယ်ခံခဲ့ရသည်။

မေလ ရွေးကောက်ပွဲအပြီးတွင် ဖွေ့ထိုင်းပါတီသည် ရှေ့သို့ချီပါတီပြီးနောက် ဒုတိယအများဆုံး အနိုင်ရခဲ့သည်။ ၂၀၁၄ခုနှစ်ကတည်းက ဝန်ကြီးချုပ်ဖြစ်လာသော ပရာယွတ်ချန်အိုချာသည် နိုင်ငံရေးမှအနားယူပြီဟု ကြေညာခဲ့သည်။ အနိုင်ရအတိုက်အခံပါတီများသည် ပေါင်းစည်းပြီး ညွန့်ပေါင်းဖွဲ့ခဲ့ကြသည်။ လွှတ်တော်တွင် ရှေ့သို့ချီပါတီ၏ ခေါင်းဆောင် ပီတာအား ဝန်ကြီးချုပ်လောင်းအဖြစ် အမည်စာရင်းတင်သွင်းသော်လည်း ရှုံးနိမ့်ခဲ့သည်။ ထို့နောက် ပီတာသည် လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ဆိုင်းငံ့ခံခဲ့ရပြီး ရှေ့သိုချီပါတီက ဝန်ကြီးချုပ်လောင်းနေရာအား ဖွေ့ထိုင်းပါတီသို့ နေရာပေးခဲ့သည်။ ဩဂုတ်လတွင် ထဝီဆင်သည် ထိုင်းနိုင်ငံ၏ အယောက် (၃၀)မြောက် ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။

ဝန်ကြီးချုပ်ဖြစ်လာခြင်း

၂၀၂၃ခုနှစ် ဩဂုတ်လ ၂၂ရက်နေ့တွင် ပါလီမန်က ဆေထာ ထဝီဆင်ကို ဝန်ကြီးချုပ်အဖြစ် ရွေးချယ်အတည်ပြုခဲ့သည်။[] ၂၃ရက်နေ့တွင် ဘုရင်လောင်ကွန်းက ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ကြောင်း အမိန့်ထုတ်ပြန်ခဲ့သည်။ စက်တင်ဘာလ (၅)ရက်နေ့တွင် ဆာထာ ထဝီဆင်နှင့် အစိုးရအဖွဲ့သည် ဘန်ကောက်မြို့ရှိ ဒူဆစ်နန်းတော်တွင် ဘုရင်၏ရှေ့မှောက်၌ ကျမ်းသစ္စာဆိုခဲ့ကြသည်။[] ၎င်းသည် ဝန်ကြီးချုပ်နှင့် ဘဏ္ဍာရေးဝန်ကြီးတာဝန်ကို ပူးတွဲတာဝန်ယူထားပြီး အစိုးရအဖွဲ့တွင် နိုင်ငံရေးပါတီ (၆)ခုမှ ဝန်ကြီး (၃၄)ယောက်ပါဝင်သည်။

ဝန်ကြီးချုပ်ရာထူးမှ ဖယ်ရှားခံရခြင်း

၎င်း၏ ထိုင်းအစိုးရအဖွဲ့ထဲ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ၏ ရှေ့နေဖြစ်ခဲ့ဖူးပြီး လာဘ်ပေးရန်ကြိုးပမ်းမှုဖြင့် ထောင်ကျခဲ့ဖူးသော ပီချစ် ကို ဝန်ကြီးချုပ်ရုံးဝန်ကြီး ခန့်အပ်ခဲ့မှုနှင့် စပ်လျဉ်း၍ ရာထူးမှ ဖယ်ရှားပေးရန် အထက်လွှတ်တော်အမတ် ၄၀ဦး က ၂၀၂၄ ခုနှစ် မေလလယ် တွင် ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံး ထံ ကန့်ကွက်လွှာ တင်သွင်းခဲ့သည်။[] ဝန်ကြီးချုပ်ရုံးဝန်ကြီး နိုင်းဖိချစ် ချိမ့်ဘန် သည် မေ ၂၁ ရက် မွန်းလွဲပိုင်းတွင် ရာထူးက နုတ်ထွက်ကြောင်း ကြေညာသည်။[] ယင်းနောက်ပိုင်းတွင် ခုံရုံးက ထိုကန့်ကွက်လွှာအား လက်ခံရန် သင့်၊ မသင့် ကြားနာပြီး ကန့်ကွက်လွှာကို လက်ခံခဲ့သည်။ပြီးနောက် ဝန်ကြီးချုပ် ကျင့်ဝတ်ချိုးဖောက်မှု ရှိ မရှိ ကြားနာ စစ်ဆေးပြီး ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁၄ ရက် တွင် ထိုင်းနိုင်ငံ၏ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံး က ၎င်းအား ကျင့်ဝတ်စည်းကမ်းဖောက်ဖျက်မှုဖြင့် ဝန်ကြီးချုပ်ရာထူးမှ ဖယ်ရှားခဲ့သည်။ []

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads