ပရာယွတ်ချန်အိုချာ

ယခင်ထိုင်းဝန်ကြီးချုပ် From Wikipedia, the free encyclopedia

ပရာယွတ်ချန်အိုချာ
Remove ads

ပရယုဒ္ဓ စန္ဒြဩဇာ(ထိုင်း: ประยุทธ์ จันทร์โอชา ပရးယုဒဓ် စန်ဒရ်ဩဇာ; သင်္သကရိုက်: Prayuddha Candraojā ပြယုဒ္ဓ စန္ဒြဩဇာ) သို့မဟုတ် ပရယုဒ် ကျန်အိုချာ(အင်္ဂလိပ်: Prayut Chan-o-cha)သည် ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ်အဖြစ် ၂၀၁၄ခုနှစ်မှ ၂၀၂၃ခုနှစ်အထိ တာဝန်ထမ်း​ဆောင်ခဲ့သူ ဖြစ်သည်။[] ၂၀၁၀ခုနှစ်မှ စတင်ကာ ထိုင်းဘုရင့်တပ်မ​တော်၏ ကာကွယ်​ရေးဦးစီးချုပ်တာဝန် ထမ်း​ဆောင်ခဲ့သူဖြစ်သည်။၂၀၁၄ခုနှစ် ယင်လပ်အစိုးရကိုဖြုတ်ချကာ အာဏာသိမ်းယူပြီး ​နောက်ပိုင်းတွင် ထိုင်းနိုင်ငံ၏ ၂၉​ယောက်​မြောက်ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။ ၂၀၂၂ခုနှစ် ဩဂုတ်လ ၂၄ရက်မှ စက်တင်ဘာ ၃၀ရက်​နေ့အတွင်းတွင် ဖွဲ့စည်းပုံအ​ခြေခံဥပ​ဒေဆိုင်ရာခုံရုံးက ရာထူးကို ဆိုင်းငံ့ထားသည်။ သို့ရာတွင် ၂၀၂၂ခုနှစ် ​အောက်တိုဘာ ၁ရက်​နေ့တွင် ပြန်လည်ရုံးထိုင်နိုင်​ကြောင်း ဆုံးဖြတ်ခဲ့သည်။[] ၂၀၂၃​ရွေး​ကောက်ပွဲအပြီးတွင် ၎င်း၏ပါတီက အမတ်​နေရာအများစု အနိုင်မရခဲ့ပြီး​နောက်တွင် သူ့အ​နေဖြင့် နိုင်ငံ​ရေးမှအနားယူပြီဖြစ်​ကြောင်း ဇူလိုင်လ၌ ​ကြေညာခဲ့သည်။ ထိုင်းနိုင်ငံ အစိုးရအဖွဲ့သစ်​ပေါ်​ပေါက်မလာမီအထိ ဝန်ကြီးချုပ်အဖြစ် ဆက်လက်တာဝန်ယူခဲ့သည်။[]

အချက်တိုများ ​ပရယုဒ္ဓ စန္ဒြဩဇာประยุทธ์ จันทร์โอชา, ထိုင်းနိုင်ငံ၏ ၂၉​ယောက်​မြောက်ဝန်ကြီးချုပ် ...

သူသည် ယခင်က ထိုင်းဘုရင့်တပ်မ​တော်၏ ကာကွယ်​ရေးဦးစီးချုပ်ဖြစ်ပြီး ၂၀၁၀ ​အောက်တိုဘာလမှ ၂၀၁၄​အောက်တိုဘာလအထိ တာဝန်ထမ်း​ဆောင်ခဲ့သည်။[][]တပ်မ​တော်၏ ကာကွယ်​ရေးဦးစီးချုပ်ဖြစ်လာပြီး​နောက် ​တော်ဝင်စည်းကမ်းနည်းကျစွာ လိုက်နာသူအဖြစ် ​တွေ့ခဲ့ရပြီး ယခင်ဝန်ကြီးချုပ် သက်ဆင်ရှင်နာဝပ်၏ ပြိုင်ဘက်ဖြစ်သည်။ [] စစ်တပ်အတွင်း သ​ဘောထား တင်းမာသူတစ်ယောက် ဖြစ်သည်။

၂၀၁၃ ခုနှစ် နိုဝင်ဘာလတွင် နိုင်ငံ​ရေးအကြပ်အတည်းများ ထိုင်းနိုင်ငံတွင်ဖြစ်​ပေါ်ခဲ့သည်။ ယင်လပ်အစိုးရကို ဆန့်ကျင်မှုများ နိုင်ငံတစ်ဝန်း​ပေါ်​ပေါက်လာသည်။ ထိုစစ်က စစ်တပ်အ​နေဖြင့် ဝင်​​ရောက်စွက်ဖက်ခြင်း မရှိခဲ့​ပေ။၂၀၁၄ခုနှစ်​မေလတွင်မူ ပရာယွတ်အ​နေဖြင့် စစ်တပ်က နိုင်ငံ​တော်အာဏာ အရပ်ရပ်ကို သိမ်းယူ​ကြောင်း​ကြေညာခဲ့သည်။ ထို့​နောက် နိုင်ငံ​တော်​အေးချမ်းသာယာ​ရေး​ကောင်စီကို ဖွဲ့စည်းခဲ့ကာ အကြီးအကဲတာဝန်ယူခဲ့သည်။[]ထို့​နောက် ၂၀၁၄ ကြားဖြတ်အစိုးရဥပ​ဒေကို ​ကြေညာကာ ရာထူးအာဏာများစွာ ကိုင်တွယ်ခဲ့သည့်အပြင် အာဏာသိမ်းခဲ့၍ အ​ရေးယူခြင်းမှ ကာကွယ်ခဲ့သည်။[] ၂၀၁၄ ခုနှစ် ဩဂုတ်လတွင် ထိုင်းအမျိုးသားလွှတ်​တော်ကို ပရာယွတ်မှ စိတ်ကြိုက် ​ရွေးချယ်ထား​သော လူများဖြင့် ဖွဲ့စည်းသည်။ ထို့အပြင် ကိုယ်တိုင်လည်း ဒီမိုက​ရေစီမဆန်စွာဖြင့် ဝန်ကြီးချုပ်ရာထူး ရယူခဲ့သည်။[][၁၀]

အာဏာရယူအပြီးတွင် သ​ဘောထားကွဲလွဲမှုများကို နှိမ်နှင်းခဲ့သည်။[၁၁]

Remove ads

စစ်ပညာသင်ဘဝ

​ပရာယွတ်ချန်အိုချာမှာ ကြည်းတပ်​လေ့ကျင့်​ရေး​​ကျောင်း (AFAPS)၏ အပတ်စဉ်၁၂၊​လေ့ကျင့်​ရေး​ကောလိပ် အပတ်စဉ် ၆၃၊ အမျိုးသားကာကွယ်​ရေး​ကောလိပ်နှင့် ကြည်းတပ်အရာရှိ အ​ခြေခံသင်တန်း၊ ကြည်းတပ်အရာရှိ အဆင့်မြင့်သင်တန်း စသည်ဆို့တွင် သင်ယူခဲ့သည်။ ချူလာခန်ခလို ​တော်ဝင်စစ်တက္ကသိုလ်မှ သိပ္ပံဘွဲ့ (bachelor of science) ဖြင့် ဘွဲ့ရရှိခဲ့သည်။[၁၂]

သူ၏​ရှေ့မှ လူများကဲ့သို့ပင် ပရာယွတ်မှာ စစ်ဆပ်၏ "eastern tigers"ဖြစ်သည်။ ပရာယွတ်သည် သူ၏ တပ်မ​တော်သားဘဝကို ကြည်းတပ်ဌာနချုပ်၂ရှိရာ ထိုင်းနိုင်ငံ အ​ရှေ့ပိုင်းတွင် စတင်ခဲ့သည်။ [၁၃][၁၄][၁၅][၁၆]

Remove ads

တပ်မ​တော်သားဘဝ

Thumb

ချူလာခန်ခလို ​တော်ဝင်စစ်တက္ကသိုလ်မှ ဘွဲ့ရရှိပြီး​နောက် (၂၁)ကြည်းတပ်မဟာတွင် တာဝန်ထမ်း​ဆောင်ခဲ့သည်။ ထိုတပ်မဟာမှာ မိဖုရား၏အ​စောင့်တပ် (သို့မဟုတ်) လက်​ဖြောင့်တပ်သားများ အဖြစ်သတ်မှတ်ခံရသည်။၂၀၀၂ခုနှစ်တွင် လက်​ထောက် ညွှန်ကြား​ရေးဗိုလ်ချုပ်အဖြစ် အမှတ်(၂) ကြည်းတပ်ဌာနတွင် တာဝန်ထမ်း​ဆောင်ခဲ့သည်။၂၀၀၅ခုနှစ်တွင် အမှတ်(၂) ကြည်းတပ်ဌာနအပါအဝင် တပ်မဟာ၏ လက်​ထောက် ညွှန်ကြား​ရေးဗိုလ်ချုပ်ဖြစ်လာပြီး တစ်နှစ်အတွင်း၌ပင် ညွှန်ကြား​ရေးဗိုလ်ချုပ်ဖြစ်လာသည်။

တပ်မ​တော် ပေါင်းစပ်ညှိနှိုင်းရေး အရာရှိချုပ်အဖြစ် ၂၀၀၈မှ ၂၀၀၉ ခုနှစ်အထိ တာဝန်ထမ်း​ဆောင်ခဲ့သည်။၂၀၁၀ခုနှစ် ​အောက်တိုဘာလတွင် ယခင်ကာကွယ်​ရေးဦးစီးချုပ် အနူ​ဖောင်း ​ပေါင်ချန်ဒတ်ချ်ကိုဆက်ခံကာ ထိုင်းဘုရင့်တပ်မ​တော်အတွင်း အမြင့်ဆုံးရာထူးဖြစ်​သော တပ်မ​တော်ကာကွယ်​ရေးဦးစီးချုပ်ဖြစ်လာသည်။

Remove ads

တပ်မ​တော်ပြင်ပ လှုပ်ရှားမှုများ

၂၀၀၆ အာဏာသိမ်းပွဲပြီး​နောက် ပရာယွတ်ကို ထိုင်းဥပ​ဒေပြုလွှတ်​တော်တွင် ခန့်ထားခဲ့သည်။ဤအ​တောအတွင်း သဘာဝပတ်ဝန်းကျင်နှင့် သယံဇာတ​ကော်မတီတွင် လုပ်ကိုင်ခဲ့သည်။ ထို့အပြင် ကုမ္ပဏီအချို့၏ အုပ်ချုပ်​ရေးအရာရှိလည်း လုပ်ခဲ့သည်။၂၀၀၇ခုနှစ်မှ ၂၀၁၀ခုနှစ်အထိ ထိုင်းဝွိုင်း (Thai Oil)ကုမ္ပဏီ၏ ဒါရိုက်တာ၊ ၂၀၁၀ခုနှစ် ​အောက်တိုဘာ ၇ရက်​နေ့မှစ၍ ထိုင်းစစ်တပ်ဘဏ်၏ ဒါရိုက်တာ၊ စစ်တပ်​ဘောလုံးအသင်း၏ ဥက္ကဋ္ဌ များအဖြစ်အဖြစ် ​ဆောင်ရွက်ခဲ့သည်။[၁၂] ၂၀၁၃ခုနှစ် ​မေလတွင် ဘန်​ကောက်မြို့ ဆင်​ခြေဖုံး​နေရာရှိ ​မြေကွက် ၉ကွက်ကို ဘတ် ၆၀၀မီလီယံဖြင့်​ ​ရောင်းချခဲ့သည်။​နောက်ပိုင်းတွင် သတင်း​ထောက်များက ထိုအ​ကြောင်းကို ​မေးမြန်းခဲ့ရာ "ထို​မြေကို ငယ်စဉ်ကပင် ပိုင်ဆိုင်ခဲ့ခြင်း ဖြစ်​ကြောင်း၊ ထို​မြေကို သူ၏အ​ဖေပိုင်ဆိုင်သဖြင့် ပြဿနာကဘာလဲ"ဟု ​မေးခွန်းထုတ်ကာ သူ့ကို​ဝေဖန်တာ​တွေ ရပ်တန့်ရန် ​ပြောခဲ့သည်။[၁၇]

၂၀၁၄ ခုနှစ် စက်တင်ဘာ၄ရက်​နေ့တွင် အဂတိလိုက်စားမှု တိုက်ဖျက်​ရေး​ကော်မရှင်၏ ​ကြေညာချက်အရ ပရာယွတ်တွင် ၁၂၈.၆ မီလီယံ ဘတ် (US$ ၃.၉မီလီယံ) ရှိသည်။[၁၈]သူ၏ ပိုင်ဆိုင်မှုတွင် မာစီဒီး ဘန့် S600Lတစ်စီး၊ဘီအမ်ဒဘလျူ 740Li စီဒန်တစ်စီး၊​နောက်ထပ် ယာဉ်၃စီး၊ဘတ် ၃မီလီယံ တန်ဖိုးရှိ ဇိမ်ခံ လက်ပတ်နာရီ ၉လုံး၊His[၁၉] US$၂သိန်းတန်ဖိုးရှိ လက်ဝတ်လက်စားများနှင့် ပစ္စတို​သေနတ်များ ပါရှိသည်။ ထို့အပြင် ၄၆၆.၅ မီလီယံဘတ် (US$ ၁၄.၃ မီလီယံ) ကို အခြားမိသားစုဝင်ထံသို့ လွှဲ​ပြောင်းထား​ကြောင်းလည်း​တွေ့ခဲ့ရသည်။ တပ်မ​တော် ကာကွယ်​ရေးဦးစီးချုပ်အ​နေဖြင့် စက်တင်ဘာလကုန်အထိ တာဝန်ယူခဲ့စဉ်က လစာမှာ ၁.၄ မီလီယံဘတ် (US$၄၃၀၀၀)ကို နှစ်စဉ်ရရှိသည်။[၁၇][၂၀]

၂၀၁၄ အာဏာရယူအပြီး ​ပရာယွတ်မှာ ရုပ်မြင်သံကြား အစီအစဉ်တစ်ခုတွင် ထင်ရှားခဲ့သည်။

၂၀၁၄ အာဏာသိမ်းယူခြင်း

Thumb
၂၀၁၁က ပရာယွတ်

၂၀၁၃-၂၀၁၄ ထိုင်းနိုင်ငံ​ရေး ပြဿနာများအတွင်း ​ပရယုဒ္ဓအနေဖြင့် ရှပ်နီ-ရှပ်ဝါများကို ​စေ့စပ်ညှိနှိုင်း​ရန် ကြိုးစားခဲ့သည်။ သို့​သော် မ​အောင်မြင်ခဲ့၍ ၂၀၁၄ အာဏာသိမ်းမှုကို ကြံစည်ခဲ့သည်။၂၀၁၄ခုနှစ် ​မေလ ၂၂ရက်တွင် ဝန်ကြီးချုပ် ယင်လပ်ရှင်နာဝပ်၏ ယင်လပ်အစိုးရကို ဖြုတ်ချကာ အာဏာသိမ်းယူခဲ့သည်။ ယင်လပ်အ​နေဖြင့် ထိုမတိုင်မီကပင် နိုင်ငံ​တော်ဖွဲ့စည်းပုံအ​ခြေခံဥပ​ဒေဆိုင်ရာခုံရုံး၏ တာဝန်မှရပ်စဲခြင်းခံခဲ့ရသည်။ သူ့​နေရာတွင် ဘွန်ဆိုင်ပန်ဆင်က ယာယီတာဝန်ယူထားသည်။ ​ပရယုဒ္ဓက ၂၀၀၇ခုနှစ် ဖွဲ့စည်းပုံအ​ခြေခံဥပ​ဒေကို ရုပ်သိမ်းကာ နိုင်ငံ​တော်​အေးချမ်းသာယာ​ရေး​ကောင်စီကို ဖွဲ့စည်းခဲ့သည်။ သူကိုယ်တိုင်လည်း အကြီးအကဲ​နေရာ ရယူခဲ့သည်။[၂၁] ​ပရာယွတ်အနေဖြင့် သူ့အား​ဝေဖန်လာမည့်အ​ရေးများ၊သ​ဘောထားကွဲလွဲမှုများကို ချက်ချင်း ထိန်းချုပ်ခဲ့သည်။ မီဒီယာထိန်းချုပ်မှု၊ အင်တာနက် ဆင်ဆာထိန်းချုပ်မှု၊ညမထွက်ရ အမိန့်များကို နိုင်ငံတစ်ဝန်း ချမှတ်မှု၊၅​ယောက်ထက်ပို၍ လူစုခြင်းမပြုရန် တားမြစ်မှုများ အပြင် နိုင်ငံ​ရေးသမားအချို့နှင့် အာဏာသိမ်းဆန့်ကျင်သူများကို ဖမ်းဆီးခြင်းများ လုပ်ကိုင်ခဲ့သည်။ အချို့သူများမှာ စစ်ခုံရုံးများတွင် စွဲချက်တင်ခံရသည်။[၂၂][၂၃][၂၄]

၂၀၁၄ခုနှစ် ဇူလိုင် ၂၂ရက်​နေ့တွင် ၂၀၁၄ ကြားဖြတ်အစိုးရ ဖွဲ့စည်းပုံအ​ခြေခံဥပ​ဒေကို ထုတ်ပြန်ခဲ့သည်။ အာဏာသိမ်းမှုနှင့် ပတ်သက်၍ သူ့ကိုအ​ရေးယူခြင်းမရှိ​စေရန် ကာကွယ်ထားပြီး အစိုးရအဖွဲ့အတွင်း အာဏာအပြည့်အဝယူထားသည်။[၂၅] ဇူလိုင် ၃၁ ရက်​နေ့တွင် ဥပ​ဒေပြုလွှတ်​တော်တစ်ခုကို အ​ခြေခံဥပ​ဒေအရ ဖွဲ့စည်းခဲ့သည်။ သို့​​သော် အမတ်များမှာ တပ်မ​တော်နှင့် ရဲအရာရှိများဖြစ်သည်။ ​ပရာယွတ်၏ ညီဖြစ်သူအပါအဝင် ​ပရယုဒ္ဓမှ စိတ်ကြိုက်​ရွေးချယ်ထားသူများဖြစ်သည်။[၂၆][၂၇]အမတ်များမှာ ​ပရာယွတ်နှင့် နီးကပ်သူများဖြစ်သဖြင့် သူ့အား ဝန်ကြီးချုပ်အဖြစ် တညီတညွတ်တည်း ​ရွေး​ကောက်ခဲ့ကြသည်။ ဝန်ကြီးချုပ်အဖြစ် ၂၀၁၄ခုနှစ် ဩဂုတ်လ ၂၄ရက်တွင် ခန့်အပ်ခံခဲ့ရသည်။[၂၈][၂၉]ထို​ကြောင့် ​ပရယုဒ္ဓအနေဖြင့် ရာထူး၃ခုကိုတစ်ပြိုင်နက် ချုပ်ကိုင်ထားခဲ့သည်။ တပ်မ​တော်ကာကွယ်​ရေးဦးစီးချုပ်၊ နိုင်ငံ​တော်​အေးချမ်းသာယာ​​ရေး​ကောင်စီ၏ အကြီးအကဲ၊ နိုင်ငံ​တော် ဝန်ကြီးချုပ်တို့ဖြစ်သည်။[၃၀]၂၀၁၄ခုနှစ် ​အောက်တိုဘာတွင် တပ်မ​တော်ကာကွယ်​ရေးဦးစီးချုပ် ​နေရာအား စွန့်လွှတ်ခဲ့သည်။

သို့​သော် သူ၏အစိုးရအဖွဲ့အတွင်း အကျင့်ပျက်ခြစားမှုများစွာ ရှိ​နေခဲ့သည်။ သူ၏ အစိုးရအဖွဲ့ဝင်များ၊ ​ပရာယွတ်၏ ညီဖြစ်သူ ပရီချာ ချန်အိုချာ အပါအဝင် လွှတ်​တော်တွင်းရှိ အမတ်များ၊ဝန်ကြီးချုပ်ရုံး ဝန်ကြီးဌာန ဝန်ကြီးတို့ပါ ခြစားမှု အရှုပ်​တော်ပုံတွင် ပါဝင်​နေကြသည်။[၃၁]​ပရယုဒ္ဓအနေဖြင့် သူ၏အစိုးရကို ​ဝေဖန်​သော မည်သည့်အ​ကြောင်းအရာ၊ လူပုဂ္ဂိုလ်ကိုမဆို တားမြစ်ထားသည်။ [၁၁] ၂၀၁၅ခုနှစ် ​ဖေ​ဖော်ဝါရီလတွင် ပရာယွတ်က လူများအ​နေဖြင့် မိမိတို့သ​ဘောထားကို ​ပြောဆိုနိုင်​ကြောင်း၊ သို့​သော် ​နိုင်ငံ​တော် ​အေးချမ်းသာယာ​ရေး​ကောင်စီကို ဆန့်ကျင်လျှင်မူ ခွင့်မပြုနိုင်​ကြောင်းဆိုခဲ့သည်။[၃၂]

​နိုင်ငံ​တော် ​အေးချမ်းသာယာ​ရေး​ကောင်စီနှင့် အစိုးရအဖွဲ့အတွင်း သူ၏ အကြီးအကဲ​နေရာ​ကြောင့် လစာ ဘတ်၁၂၅၅၉၀ (US$၃၅၂၀) လစဉ် ရရှိသည်။ ထို့အပြင် စစ်တပ်အငြိမ်းစား ခံစားခွင့်များလည်းရရှိကြသည်။[၃၃]

သူ၏ ပထမဆုံး နိုင်ငံတကာ စာမျက်နှာအဖြစ် မီလန်မြို့တွင် ၂၀၁၄ခုနှစ် ​အောက်တိုဘာ ၁၆ရက်​နေ့က ကျင်းပ​သော ဒဿမ​မြောက် ​အေဆမ်အစည်းအ​ဝေးသို့ တက်​ရောက်ခဲ့သည်။[၃၄]

"ပြည်သူများထံ​ပျော်ရွှင်မှုများ ပြန်လည်​ရောက်ရှိခြင်း" မိန့်ခွန်းများ

Thumb
ပရာယွတ်နှင့် အားကစားနှင့်ခရီးသွားလာ​ရေးဝန်ကြီး

၂၀၁၄ခုနှစ် ​မေလ ၃၀ရက်​နေ့တွင် သူ၏ ​သောကြာ​နေ့ညမိန့်ခွန်းများကို နိုင်ငံပိုင် ရုပ်သံလိုင်းမှတစ်ဆင့် စတင်​ပြောကြားခဲ့သည်။ တစ်ခါတစ်ရံတွင် ၁နာရီထက်ပိုမို၍ ​ပြောကြားတတ်သည်။ ထိုမိန့်ခွန်းများတွင် အစိုးရအဖွဲ့၏ မူဝါဒများ၊ မီဒီယာများ၏ အစိုးရဆန့်ကျင်​ရေးအစီအစဉ်များကို စိုးရိမ်ခြင်း ​အ​ကြောင်း စသည်တို့ပါဝင်သည်။ ၂၀၁၅ခုနှစ် မတ်လတွင် သူ၏ ​သောကြာည မိန့်ခွန်းများကို ၂၀ (သို့မဟုတ်) ၃၀မိနစ် အထိ​လျော့ချကာ ဝန်ကြီးများ ကိုယ်တိုင်မိန့်ခွန်း​ပြောခြင်းကို ထည့်သွင်းရန် ​ကြေညာခဲ့သည်။

အပိုဒ် ၄၄

၂၀၁၅ခုနှစ် မတ်လ ၃၁ရက်​နေ့တွင် ​ပရယုဒ္ဓက သူ့အ​နေဖြင့် စစ်အာဏာသိမ်းခြင်းကို ပြန်ရုပ်သိမ်းရန် ဘုရင့်ထံမှ အမိန့်ရခဲ့​ကြောင်း ​ကြေညာခဲ့သည်။

Thumb
ဝါရှင်တန်တွင် ​တွေ့ရ​သော ပရာယွတ်

အရပ်သား လွတ်လပ်ခွင့်

၂၀၁၅ခုနှစ် ​ဖေ​ဖော်ဝါရီတွင် မီဒီယာသတင်းများကို ပိတ်ပင်ရန် သူ့တွင် လုပ်ပိုင်ခွင့်အပြည့်ရှိ​ကြောင်း ​ကြေညာခဲ့သည်။

စီးပွား​ရေးမူဝါဒများ

Thumb

​ပရယုဒ္ဓက ထိုင်းနိုင်ငံ၏ စီးပွား​ရေးကျဆင်းမှုမှာ သူတို့အစိုးရ​ကြောင့်မဟုတ်ဘဲ ကမ္ဘာ့စီးပွား​ရေးအ​ခြေအ​နေ​ကြောင့်ဖြစ်​ကြောင်း ​​ပြောဆိုထားသည်။ ထိုင်း လယ်သမားများကို ကူညီ​ပေးခြင်း၊ ထိုင်းစက်ရုံများမှ ​ဈေးနည်းပြီး အရည်အ​သွေး​ကောင်း​သောပစ္စည်းများထုတ်လုပ်ခြင်းဖြင့် ထိုင်းနိုင်ငံကို အလတ်တန်းစားစီးပွား​ရေးနိုင်ငံမှ အထက်တန်းစား စီးပွား​ရေးနိုင်ငံဖြစ်ရန် ရည်မှန်းချက်ကို ​ဖော်ပြခဲ့သည်။

Remove ads

၂၀၁၉ ​ရွေး​ကောက်ပွဲ

​ပရယုဒ္ဓက သူ၏​ရွေး​ကောက်ပွဲအပြီးဆန္ဒကို ထုတ်​ဖော်​ပြောခဲ့သည်။၂၀၁၇ ဖွဲ့စည်းပုံအ​ခြေခံဥပ​ဒေအရ အထက်လွှတ်​တော်ကို အမျိုးသားငြိမ်ဝပ်ပိပြား​ရေး​ကောင်စီမှ ခန့်အပ်ပြီး ဝန်ကြီးချုပ်ကို ​အောက်လွှတ်​တော်မှ ​ရွေးချယ်မည်။[၃၅]ပါတီများမှ သူတို့၏ ဝန်ကြီးချုပ်​လောင်းများကို တင်သွင်းနိုင်ပြီး ပါတီမရှိသူများလည်း တင်သွင်းနိုင်သည်။

၂၀၁၈ နိုဝင်ဘာလတွင် ဒုဝန်ကြီးချုပ်က ​နောက်လာမည့် ဝန်ကြီးချုပ်သည် ​ပရယုဒ္ဓအတိုင်းဖြစ်မည်ဟု ယုံကြည်​ကြောင်း ​ပြောကြားခဲ့သည်။ [၃၆]

ဇန်နဝါရီ ၂၀၁၉ခုနှစ် ​နောက်ပိုင်းတွင် ​ပရယုဒ္ဓအစိုးရမှ ဝန်ကြီး၄​ယောက်သည် ​ရွေး​ကောက်ပွဲကိစ္စအတွက် ရာထူးမှနုတ်ထွက်ခဲ့ကြသည်။ [၃၇]​နောက်​နေ့တွင် ၎င်းတို့ပါတီ၏ ဝန်ကြီးချုပ်​လောင်းများတွင် ပရာယွတ်လည်း ပါဝင်ခဲ့သည်။ [၃၈]

Remove ads

​ဝေဖန်မှုများ

​ပရယုဒ္ဓကို အ​ကြောက်လွန်ပြီး မတည်ငြိမ်သူဟု ​ဖော်ပြကြသည်။

ပုဂ္ဂိုလ်​ရေးရာ

​ပရယုဒ္ဓ၏ အမည်​ပြောင်မှာ တူး (အင်္ဂလိပ်: Tuu၊(ထိုင်း: ตู่; RTGS: Tu)ဖြစ်သည်။ သူသည် နရာဖွန် ချန်အိုချာနှင့် လက်ထပ်ခဲ့သည်။ နရာဖွန်မှာ ယခင်က စစ်သားများ၏ အမျိုးသမီးများအသင်းတွင် ဥက္ကဋ္ဌဖြစ်သည်။ ​ပရယုဒ္ဓ စစ်ဦးစီးချုပ် စဖြစ်သည့် ၂၀၁၀တွင် စတင်ခဲ့ခြင်းဖြစ်သည်။ သူတို့တွင် အမွှာ သမီး၂​ယောက်ရှိသည်။

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads