ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ် (ရန်ကုန်)
From Wikipedia, the free encyclopedia
Remove ads
ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်(ရန်ကုန်) (အင်္ဂလိပ်: University of Medical Technology, Yangon သည် ရန်ကုန်မြို့ရှိ အင်းစိန်မြို့နယ်တွင် တည်ရှိသည်။ မြန်မာနိုင်ငံရှိ ဆေးဘက်ဆိုင်ရာ အဆင့် မြင့်ကုသရေးနှင့်ရောဂါရှာဖွေရေးနည်းပညာများကို သင်ကြားပေးသော တက္ကသိုလ် (၃)ခုအနက် တစ်ခုအပါအဝင်ဖြစ်သည်။ ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်(ရန်ကုန်)သည် ၄နှစ်ကြာသင်ယူရသော ဆေးဘက်ဆိုင်ရာနည်းပညာဘွဲ့ (B.Med.Tech)နှင့် ဆေးဘက်ဆိုင်ရာ မဟာသိပ္ပံဘွဲ့ (M.Med.Tech) နှင့် PhD သင်တန်းများကိုပါ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။[၁]
Remove ads
မြန်မာနိုင်ငံတွင် တရားဝင် ဆေးဘက်ပညာသင်ကြားမှုများကို ၁၉၆၄ခုနှစ်တွင် ဆေးဘက်ပညာသည် ဒီပလိုမာဖြင့် စတင်ခဲ့သည်။ ၎င်းဒီပလိုမာမှာ အင်္ဂလန်နိုင်ငံရှိ College of Radiographers ၏ လမ်းညွှန်ချက်များအရ သင်ကြားပေးခြင်းဖြစ်သည်။ ၎င်းဒီပလိုမာကို ကိုလန်ဘိုစီမံကိန်းအရ နိုင်ငံတကာမှ နည်းပညာပိုင်းဆိုင်ရာ အထောက်အပံ့များဖြင့် ၁၉၈၆ခုနှစ်အထိ သင်ကြားပေးခဲ့သည်။[၂]
၁၉၉၃ခုနှစ်တွင် တက္ကသိုလ်အဆင့်သို့ Institute of Paramedical Science, Yangon အဖြစ် စတင်တည်ထောင်ခဲ့သည်။ ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်(ရန်ကုန်)မှာ မြန်မာနိုင်ငံရှိ ပထမဆုံးဆေးဘက်ဆိုင်ရာ တက္ကသိုလ်ဖြစ်သည်။ ၂၀၀၂ခုနှစ်တွင် မန္တလေးမြို့၌ ဒုတိယ ဆေးဘက်ဆိုင်ရာတက္ကသိုလ်ဖြစ်သော ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်(မန္တလေး)ကို တည်ထောင်ခဲ့သည်။
ယခင်က ဆေးဘက်ပညာသည်တက္ကသိုလ်(ရန်ကုန်)ဟုခေါ်သော်လည်း နောက်ပိုင်းတွင် ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်(ရန်ကုန်)ဟု ပြောင်းလဲလိုက်သည်။
Remove ads
သင်ကြားပေးလျက်ရှိသော ဘာသာရပ်များ
ဤတက္ကသိုလ်တွင် အထူးပြုဘာသာရပ်များဖြစ်သော
- ဓာတ်ခွဲနည်းပညာဘာသာရပ်(Medical laboratory Technology)၊
- ဓာတ်မှန်နှင့်ပုံရိပ်ဖော်နည်းပညာဘာသာရပ်(Medical Imaging Technology)၊
- အကြောအဆစ်နှင့်ကိုယ်အင်္ဂါပြန်လည်သန်စွမ်းရေးဆေးပညာ (Physiotherapy)၊
- ခြေတုလက်တုနှင့်အားပြုကိရိယာဘာသာရပ် (Prosthetics and orthotics)၊
- ကျန်းမာရေးသတင်းအချက်အလက်နှင့် နည်းပညာဘာသာရပ် (Health Informations and Technology) နှင့်
- ဓာတ်ရောင်ခြည်ကုသမှုဆိုင်ရာနည်းပညာဘာသာရပ် (Radiation Therapy) စသည်တို့ကို သင်ကြားပို့ချလျက်ရှိသည်။
Prosthetics and orthotics ပညာရပ် အား ယခုလက်ရှိ ဆက်လက်သင်ကြားခြင်းမရှိပါ။
Remove ads
ဆက်စပ်ဖတ်ရှုရန်
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads

