ဆဲလပ်စ် အမဲလိုက်နယ်မြေ ထိန်းသိမ်းရေးဒေသ
အရှေ့အာဖရိက၊တန်ဇေးနီးယားနိုင်ငံရှိကမ္ဘာအမွေအနှစ်ဇုန် From Wikipedia, the free encyclopedia
Remove ads
ဆဲလပ်စ် အမဲလိုက်နယ်မြေ ထိန်းသိမ်းရေးဒေသ သည် ကမ္ဘာပေါ်တွင် အကြီးဆုံး ဒေသရင်းတိရစ္ဆာန် ထိန်းသိမ်းရေးဒေသများတွင် တစ်ခုအပါအဝင် ဖြစ်ပြီး တန်ဇေးနီးယားနိုင်ငံ ၏ တောင်ပိုင်းတွင် တည်ရှိသည်။ ထိုဒေသအား အင်္ဂလိပ်လူမျိုး နာမည်ကျော် အမဲလိုက်မုဆိုးနှင့် အစောဆုံး သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးသမား တစ်ဦး ဖြစ်သော ဆာ ဖရက်ဒရစ် ဆဲလပ်စ် ၏ အမည်ကို အစွဲပြု၍ မှည့်ခေါ်ထားခြင်း ဖြစ်သည်။ သူသည် ထိုဒေသ အတွင်းရှိ ဘီဟိုဘီဟို တွင် ပထမကမ္ဘာစစ် အတွင်း ဂျာမန်တို့နှင့် တိုက်ခိုက်ရင်း ၁၉၁၇ တွင် ကွယ်လွန်ခဲ့သည်။ စကော့လူမျိုး စူးစမ်းရှာဖွေသူနှင့် မြေပုံဆွဲဆရာ ကိသ်ဂျွန်စတန် သည်လည်း ၁၈၇၉ ခုနှစ်တွင် တော်ဝင်ပထဝီအသင်း၏ အာဖရိက ဂရိတ်လိတ်ဒေသသို့ စူးစမ်းရှာဖွေရေး ခရီးအား ဂျိုးဆက် သော်မဆင်နှင့် အတူ ဦးဆောင်ရင်း ဘီဟိုဘီဟို တွင်ပင် ကွယ်လွန်ခဲ့သည်။ ဆဲလပ်စ် အမဲလိုက်နယ်မြေ ထိန်းသိမ်းရေးဒေသသည် သားရိုင်းတိရစ္ဆာန် အမျိုးမျိုး ရှိခြင်းနှင့် လူတို့ဖျက်ဆီး မထားသော ပတ်ဝန်းကျင်ရှိခြင်းတို့ကြောင့် ၁၉၈၂ ခုနှစ်တွင် ယူနက်စကိုမှ ကမ္ဘာ့အမွေအနှစ်နေရာ အဖြစ် သတ်မှတ်ခဲ့သည်။
ထိုထိန်းသိမ်းရေးဒေသသည် စုစုပေါင်း ဧရိယာ စတုရန်းမိုင် ၁၉,၀၀၀ (စတုရန်း ကီလိုမီတာ ၅၀,၀၀၀) မျှ ကျယ်ဝန်းပြီး အပိုကြားခံနယ်မြေများလည်း ရှိသေးသည်။ ထိုထိန်းသိမ်းရေး ဒေသအတွင်း အမြဲတမ်း နေထိုင်သော လူ မရှိသည့် အပြင် အခိုင်အမာ အဆောက်အဦး ဆောက်လုပ်ခြင်းကိုလည်း တားမြစ်ထားသည်။ ထိုဒေသအတွင်းသို့ လူ အဝင်အထွက်အား တန်ဇေးနီးယား သဘာဝ ရင်းမြစ် နှင့် ခရီးသွားလုပ်ငန်း ဝန်ကြီဂ ဌာန၏ သားရိုင်းတိရစ္ဆာန် ဌာနမှ အသေအချာ စောင့်ကြည့် ထိန်းချုပ်သည်။ အဆိုပါ မီယွန်ဘိုတော အတွင်းတွင် တွေ့ရသော တိရစ္ဆာန်များတွင် အာဖရိက ချုံပုတ်ဆင်များ၊ ကြံ့နက်များ၊ ရေမြင်းများ၊ ခြင်္သေ့များ၊ အရှေ့အာဖရိက ခွေးရိုင်းများ၊ အာဖရိကကျွဲများ၊ မာဆိုင်းသစ်ကုလားအုပ်များ၊ လွင်ပြင်မြင်းကျားများ၊ နိုင်းမြစ်မိကျောင်းများအား အာဖရိကရှိ အခြားသော အမဲလိုက် ထိန်းသိမ်းရေးဒေသနှင့် အမျိုးသားဥယျာဉ်များထက်စာလျှင် အများအပြား ပိုမို တွေ့ရှိရသည်။
Remove ads
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads
