ဇာတ်

From Wikipedia, the free encyclopedia

Remove ads

ဇာတိဟူသော ပါဠိမှ ဇာတ်ဟူ၍ ဖြစ်ပေါ်လာသည်။

ဇာတ်၊ ဇာတ်သကတ်၊ တူညီမှု အခြင်းအရာ၊ မကွဲပြားသော အသိဉာဏ်, သဒ္ဒါတို့၏–ဖြစ်ကြောင်း–ဖြစ်ရာ–သဘောတရား။

သက်ရှိ သက်မဲ့ အရာဝတ္ထုဒြဗ်များနှင့် ဂုဏ်, ကြိယာ, နာမ်(= အမည်)တို့၏ တစ်ခုနှင့် တစ်ခု တူညီနေမှုအခြင်းအရာကို မကွဲပြားသော အသိဉာဏ်, သဒ္ဒါတို့ ဖြစ်ပေါ်လာခြင်း၏ အကြောင်းရင်းဖြစ်သောကြောင့် “ဇာတ်”ဟု ခေါ်သည်၊ ပြောက်ကျားသော နွားတကောင်ကို ကြည့်ရှုရာတွင် မြင်ရသူ၏သန္တာန်၌ “နွား ဟု သိသောဉာဏ်နှင့် ထိုနွားကိုဟောဆိုသည့် “ဂေါ”ဟူသော သဒ္ဒါသည် ဖြစ်ပေါ်၍လာပေသည်၊ ထို့အတူ အခြားသောနွားဖြူ နွားနီ စသည်တို့ကို မြင်ရရာ၌လည်း မြင်ရသူ၏ သန္တာန်၌ “နွား”ဟု သိသောဉာဏ်နှင့် “ဂေါ” ဟူသောသဒ္ဒါတို့သည် ဖြစ်ပေါ်၍ လာကြ ပေသည်၊ ဤသို့ အနက်ဒြဗ်က အသီးအသီး ကွဲပြားပါလျက် အသိဉာဏ်နှင့် သဒ္ဒါတို့မှာ မကွဲမပြား တစ်မျိုးတစားတည်း ဖြစ်ပေါ်၍ နေကြပေသည်၊ ယင်းသို့ဖြစ်ရခြင်းကား ဖြူ, နီ, ကြောင်, ကျား စသော မြောက်မြားစွာသော နွားတို့၏ တကောင်နှင့်တကောင် မျက်စိ, နား, နှာ, အင်္ဂါ ခြေလက်အားဖြင့် တူညီနေမှု အခြင်းအရာဟူသော “ဇာတ် ကြောင့်ပင်ဖြစ်သည်၊ ပန်းသီကြိုးဖြင့် ပန်းပွင့်တို့ကို သီကုံးရာဝယ် တချောင်းတည်းသော ပန်းသီကြိုးသည် မြောက်မြားစွာသော ပန်း ပွင့်တို့နောက်သို့ အစဉ်လိုက်ပါ နေသကဲ့သို့ တစ်ခုတည်းသောနွားဇာတ်သည် မြောက်မြားစွာသော နွားဒြဗ်တို့နောက်သို့ အစဉ်လိုက် ပါ၍ နေပေသည် []

ယင်း “ဇာတ်”သည် တစ်ခုသောသဒ္ဒါက ထိုက်သည်အားလျော်စွာ ဟောဆိုသည့် သကတ်, ဒြဗ်, လိင်, သင်္ချာ, ကာရက ဟူသော အနက် ၅-မျိုးတွင် ရံခါ ဝိသေသန သကတ်၌ ပါဝင်၍ ရံခါ ဝိသေသျဒြဗ်၌ ပါဝင် (ဘေဒစိန္တာ၊ ၂၆.၇၊ ၄၅၊ ၁၄၅-၆-၇-၈-၉)။ ထို့ပြင် ဇာတ်, ဂုဏ် ကြိယာ, ဒြဗ် ကြိယာ, ဒြဗ် နာမ်ဟူသော သဒ္ဒါဖြစ်ခြင်း၏ အကြောင်း “သဒ္ဒပဝတ္တိနိမိတ်” ၅-မျိုးတွင်လည်း တစ်မျိုး အပါအဝင်ဖြစ်သည် [][]

Remove ads

ဆက်စပ်ဖတ်ရှုရန်

ကိုးကား

  1. (ဘေဒစိန္တာ၊ ၃၂)
  2. (ဘေဒစိန္တာ၊ ၁၆၀)
  3. ဇာတိသာမညတော ပန တာနိယေဝ ယာယ တာနီတိ ဝုစ္စန္တိ။ ဒီ၊ဋ္ဌ၊၁၊၂၂၂။ ဇာတိသာမညတောတိ လက္ခဏဇာတိယာ လက္ခဏဘာဝမတ္တေန သမာနဘာဝတော။ ဒီ၊ဋီ၊၁၊၂၉၂။ ဇာယန္တိ ဘိန္နေသုပိ အတ္တေသု အဘိန္နဓီသဒ္ဒါ ဧတာယာတိ ဇာတိ၊ လက္ခဏဘာဝမတ္တံ။ ဝုတ္တဉှိ— “သဗလာဒီသု ဘိန္နေသု၊ ယာယ ဝတ္တန္တု ဘိန္နဓီ။ သဒ္ဒါ သာ ဇာတိရေသာ စ၊ မာလာသုတ္တမိဝနွိတာ”တိ။ တသ္မာ လက္ခဏ တာမတ္တေန သမာနဘာဝတော... ဣဒံ ဝစနံ ဝုစ္စတီတိ အတ္တော။ သီ၊ဋီ၊သစ်၊၂၊၂၂၉။ သဘာဝတော ဧကဝိဓမ္ပိ ဇာတိဝသေန တိဝိဓံ ကုသလံ, အကုသလံ, အဗျာကတဉ္စ။ ဝိသုဒ္ဓိ၊၂၊၈၃။ ဇာယန္တိ ဧတ္ထ ဝိသဒိသာပိ သဒိသာကာရာတိ ဇာတိ၊ သမာနာကာရော။ သာ ပနာယံ ဇာတိ ကာမံ အနေကဝိဓာ နာနပ္ပကာရာ၊ တံ ဣဓာဓိပ္ပေတမေဝ ပန ဒဿေန္တော “ကုသလံ, အကုသလံ, အဗျာကတဉ္စာ”တိ အာဟ။ အာဟ။ ဝိသုဒ္ဓိ၊ဋီ၊၂၊၁၁၃။ ဇာယန္တိ ဧတ္ထ ကုသလာဒယော ဓမ္မာ ဝိသဒိသာပိ သဒိသာ ဝိယ ဟောန္တီတိ ဇာတိ၊ သမာနာကာရော။ သဒ္ဒသတ္တေ ပန “ဇာယန္တိ ဧတာယ အဘိန္နာ ဗုဒ္ဓိသဒ္ဒါတိ ဇာတိ၊ သာမည”န္တိ ဝုတ္တံ။ မဏိမဉ္ဇူ၊၁၊၁၃၈။ (အဘိ၊ဋ္ဌ၊၂၊၁၃။ အဘိ၊ဋ္ဌ၊၃၊၃၆၁-၆၊ ၃၇၂-၃၊ ၃၈၁။ ဝိသုဒ္ဓိ၊၂၊၈၃၊ ၁၁၄-၉။ သင်္ဂဟ၊၁၅။ ဝိသုဒ္ဓိ၊ဋီ၊၂၊၁၇၄၊ ၁၈၀။ မဏိမဉ္ဇူ၊၁၊၂၈၇။)
Remove ads
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads