ဇော်ထူး

From Wikipedia, the free encyclopedia

Remove ads

ဦးဇော်ထူး(၁၉၆၄ဖွား) သည် စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်အဖြစ်တာဝန်ထမ်းဆောင်နေသူဖြစ်သည်။[]

အချက်တိုများ ဇော်ထူး, စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ...
Remove ads

ပညာရေး

၁၉၈၈ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် ဥပဒေဘွဲ့ကို ရရှိခဲ့သည်။

ဝန်ထမ်းဘဝ

၁၉၉၁ ခုနှစ်က စပြီး တရားရေးဌာနတွင်  တရားရေးအရာရှိ အဆင့်(၄) တာဝန် ဖြင့် စတင်ထမ်းဆောင်ခဲ့သည်။ ၂၀၁၈ ခုနှစ်တွင် တိုင်းဒေသကြီး/ ပြည်နယ်တရားလွှတ်တော် တရားရေးဦးစီးမှူးရာထူး အဆင့်တိုးမြင့်ခံရသည်။ တိုင်းဒေသကြီးတရားသူကြီးလည်း ဖြစ်ခဲ့သည်။[]

တိုင်းလွှတ်တော်တရားသူကြီးဘဝ

စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးအဖြစ် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ခန့်အပ်ခြင်းခံရသည်။ ယင်းနောက် စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် အဖြစ် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လတွင် စတင်တာဝန်ထမ်းဆောင်သည်။[]

ထင်ရှားမှု

သူသည် NLD ပါတီ ဥပဒေအကြံပေး အဖွဲ့ဝင် ရှေ့နေ ဦးကိုနီ လုပ်ကြံသတ်ဖြတ် ခံရမှုအပေါ် ခုံရုံးဖွဲ့ စစ်ဆေးရာတွင်  ခရိုင်တရားသူကြီး တစ်ဦး အနေဖြင့် ပါဝင်ခဲ့ဖူးသည်။[]

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads