ဇော်မျိုးတင်

From Wikipedia, the free encyclopedia

Remove ads

ဇော်မျိုးတင် သည် ကယားပြည်နယ် ၏ လက်ရှိ ဝန်ကြီးချုပ်ဖြစ်သည်။ သူသည် တပ်မတော်မှ အရာရှိဟောင်းတစ်ဦးဖြစ်ကာ ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ဖြင့် အနားယူခဲ့သည်။ ကယားပြည်နယ်လွှတ်တော်တွင် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်၊ ပြည်နယ်အစိုးရအဖွဲ့၏ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ လွိုင်ကော်ဒေသကွပ်ကဲမှု စစ်ဌာနချုပ် ဒကစမှူး၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် အဖြစ် ဆောင်ရွက်ခဲ့သည်။[]

အချက်တိုများ ဇော်မျိုးတင်, ကယားပြည်နယ် ဝန်ကြီးချုပ် ...
Remove ads

အလုပ်အကိုင်

အစောပိုင်းဘဝ

သူသည် စစ်တက္ကသိုလ်သို့ တက်ရောက်ခဲ့ကာ အပတ်စဉ် (၃၂)မှ ဖြစ်သည်။ ၎င်း၏ ပြန်တမ်းဝင် ကိုယ်ပိုင်အမှတ်မှာ ကြည်း (၂၂၅၈၂) ဖြစ်သည်။[]

တပ်မတော်သားဘဝ

သူသည် ဗိုလ်မှူးကြီးရာထူးဖြင့် ၂၀၁၆ခုနစ်တွင် ကယားပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဖြစ်လာခဲ့သည်။ ထို့အပြင် ဦးခင်မောင်ဦးနှင့် ဦးအယ်လ်ဖောင်းရှိုတို့၏ ကယားပြည်နယ်အစိုးရအဖွဲ့များတွင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးအဖြစ် ဆောင်ရွက်ခဲ့သည်။[] ၂၀၁၇ခုနှစ်တွင် ဗိုလ်မှူးချုပ်ဖြစ်လာကာ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ရှိ ကယားပြည်နယ်နှင့်ဆိုင်သော ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လွိုင်ကော်)၏ ဒကစမှူး ဖြစ်လာခဲ့သည်။[]

ထို့နောက် နေပြည်တော်ရှိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးလက်အောက်တွင် ဗိုလ်ချုပ်ရာထူးဖြင့် စခန်းမှူးဖြစ်လာသည်။ ၂၀၂၁ခုနှစ် ဇန်နဝါရီလတွင် တပ်မတော်အင်အားသို့ရောက်ရှိသွားသော နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် သောင်းထိုက်ရွှေ၏ နေရာတွင် ဗိုလ်ချုပ်ဇော်မျိုးတင်အား ခန့်အပ်ခဲ့သည်။ ၂၀၂၁ အာဏာသိမ်းမှုဖြစ်ချိန်တွင် သူသည် နေပြည်တော်တိုင်းစစ်ဌာနချုပ်၏ တိုင်းမှူး အဖြစ် တာဝန်ယူထားရသည်။[][]

၂၀၂၁ခုနှစ် အာဏာသိမ်းမှုဖြစ်ပွားပြီးနောက်ပိုင်း ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူးနှင့် တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်အဖြစ် ပူးတွဲတာဝန်ယူထားသော ဗိုလ်ချုပ်ကြီးမောင်မောင်အေးအား စက်တင်ဘာလတွင် ညှိနှိုင်းကွပ်ကဲရေးမှူးအဖြစ်သာ တာဝန်ယူစေခဲ့သည်။ ဗိုလ်ချုပ် ဇော်မျိုးတင်ကို ဒုတိယဗိုလ်ချုပ်ကြီးအဆင့် ရာထူးတိုးပေးခဲ့ပြီး တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်အဖြစ် ခန့်အပ်ခဲ့သည်။ ၎င်း၏ တိုင်းမှူးနေရာအား စစ်တက္ကသိုလ်ကျောင်းအုပ်ကြီး ဗိုလ်ချုပ်ဇော်ဟိန်းအား ခန့်အပ်ခဲ့သည်။

ပြည်နယ်ဝန်ကြီးချုပ်ဘဝ

၂၀၂၂ခုနှစ် ဇန်နဝါရီလတွင် ကယားပြည်နယ် လွိုင်ကော်ခရိုင်တွင် တပ်မတော်နှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ၊ လက်နက်ကိုင်အဖွဲ့အစည်းများအကြား တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး ပြည်နယ်မြို့တော်ဖြစ်သော လွိုင်ကော်မြို့နှင့် ပတ်ဝန်းကျင်ရှိ ဒေသခံများ ရှောင်တိမ်းထွက်ပြေးခဲ့ရသည်အထိ ဖြစ်ခဲ့သည်။[][] ၂၀၂၂ခုနှစ် ဇန်နဝါရီလ ၃၁ရက်နေ့တွင် ပြည်နယ်ဝန်ကြီးချုပ်အဖြစ် (၂)ကြိမ်တိုင် တာဝန်ယူခဲ့သော ဦးခင်မောင်ဦး အား ပြည်နယ်ဝန်ကြီးချုပ်တာဝန်မှ အနားပေးခဲ့သည်။[] ထို့နောက် ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့တွင် ဒုတိယဗိုလ်ချုပ်ကြီး ဇော်မျိုးတင်အား တပ်မတော်မှ အနားပေးကာ ဦးဇော်မျိုးတင်အဖြစ် ပြည်နယ်ဝန်ကြီးချုပ်ရာထူး ခန့်အပ်ခဲ့သည်။[]

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads