နေပြည်တော်တိုင်းစစ်ဌာနချုပ်
နေပြည်တော်အခြေစိုက် တိုင်းစစ်ဌာနချုပ် From Wikipedia, the free encyclopedia
Remove ads
နေပြည်တော်တိုင်းစစ်ဌာနချုပ် (အတိုကောက် နပတ) သည် ပျဉ်းမနားမြို့အခြေစိုက် တပ်မတော်တိုင်းစစ်ဌာနချုပ်တစ်ခုဖြစ်သည်။ အဓိက တာဝန်မှာ နေပြည်တော် ပြည်ထောင်စုနယ်မြေနှင့် ၎င်းနှင့်ထိစပ်နေသော နေရာဒေသများ၏ ကာကွယ်ရေး၊ လုံခြုံရေးနှင့် စစ်ဆင်ရေးဆိုင်ရာကိစ္စရပ်များအား အဓိကတာဝန်ယူဆောင်ရွက်ရသည်။ ထို့ပြင် တိုင်းစစ်ဌာနချုပ် နယ်မြေအတွင်းရှိ ၎င်း၏လက်အောက်ခံတပ်များနှင့် အခြားလက်ရုံး/ဝန်ထမ်းတပ်များ၏ စစ်ဦးစီး/ စစ်ရေး/ စစ်ထောက်ပိုင်းဆိုင်ရာ လုပ်ငန်းများကိုပါ ဖြေရှင်းဆောင်ရွက်ပေးခြင်းနှင့် အထက်ဌာနများမှ အမိန့်နှင့် ညွှန်ကြားချက်များအား ထပ်ဆင့် ညွှန်ကြားပေးခြင်းနှင့် ကြီးကြပ်ခြင်းတို့ကိုပါ ဆောင်ရွက်ရသည်။ လက်ရှိ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးတာဝန်ထမ်းဆောင်နေသူမှာ ဗိုလ်ချုပ်စိုးမင်း (ကြည်း-၂၉၄၃၀) (စတသ-၃၉) ဖြစ်သည်။[၁]
Remove ads
သမိုင်း
၁၉၆၁ ခုနှစ် မတိုင်မီတွင် မြန်မာနိုင်ငံ၌ တောင်ပိုင်းတိုင်း နှင့် မြောက်ပိုင်းတိုင်းဟူ၍ တိုင်းစစ်ဌာနချုပ် နှစ်ခုသာရှိခဲ့ရာမှ ၁၉၆၁ ခုနှစ် အောက်တိုဘာလတွင် အနောက်မြောက်၊ အလယ်ပိုင်း၊ အရှေ့တောင်၊ အနောက်တောင်၊ အရှေ့ပိုင်းဟူ၍ (၅)ခုအထိ တိုးချဲ့ပြင်ဆင်ဖွဲ့စည်းခဲ့သည်။ ၁၉၈၈ ခုနှစ် နောက်ပိုင်းတွင် မန္တလေးအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်အား ခွဲခြားကာ မုံရွာမြို့သို့ ပြောင်း၍ အခြေစိုက်သည်။ တောင်ငူအခြေစိုက် အလယ်ပိုင်းတိုင်းအား မန္တလေးသို့ ပြောင်း၍ အခြေစိုက်သည်။ တောင်ငူတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ဟူ၍ အသစ်ဖွဲ့စည်းခဲ့သည်။၂၀၀၆ ခုနှစ်၌ မြို့တော်ကို ရန်ကုန်မှ နေပြည်တော်သို့ ပြောင်းရွှေ့ပြီးနောက်ပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ပျဉ်းမနားဒေသအား နေပြည်တော်တိုင်းစစ်ဌာနချုပ်ဟူ၍ ခွဲထုတ်ခဲ့သည်။[၂][၃][၄]
Remove ads
ဖွဲ့စည်းပုံ
![]() | ဤအပိုင်းကို တိုးချဲ့ရေးသားရန် လိုအပ်သည်။ |
နေပြည်တော်တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်တွင် စစ်ဗျူဟာမှူး(၃)ဦး ဦးစီးသည့် စစ်ဗျူဟာအဖွဲ့ (၃)ဖွဲ့နှင့် ၎င်း စဗဟများ ကွပ်ကဲအောက်ရှိ ခြေလျင်/ ခြေမြန်တပ်ရင်း (၁၀)ရင်းရှိသည်။
အမှတ်(၁)စစ်ဗျူဟာအဖွဲ့
အမှတ်(၁)စစ်ဗျူဟာအဖွဲ့ အား အမှတ်(၁)စစ်ဗျူဟာမှူးမှ ဦးစီးပြီး ၎င်း၏ လက်အောက်တွင် ခြေလျင်/ ခြေမြန်တပ်ရင်း (၄)ရင်းရှိသည်။
- ခလရ/ ခမရ (၄)ရင်း
အမှတ်(၂)စစ်ဗျူဟာအဖွဲ့
အမှတ်(၂)စစ်ဗျူဟာအဖွဲ့ အား အမှတ်(၂)စစ်ဗျူဟာမှူးမှ ဦးစီးပြီး ၎င်း၏ လက်အောက်တွင် ခြေလျင်/ ခြေမြန်တပ်ရင်း (၃)ရင်းရှိသည်။
- ခလရ/ ခမရ (၃)ရင်း
အမှတ်(၃)စစ်ဗျူဟာအဖွဲ့
အမှတ်(၃)စစ်ဗျူဟာအဖွဲ့ အား အမှတ်(၃)စစ်ဗျူဟာမှူးမှ ဦးစီးပြီး ၎င်း၏ လက်အောက်တွင် ခြေလျင်/ ခြေမြန်တပ်ရင်း (၃)ရင်းရှိသည်။
- ခလရ/ ခမရ (၃)ရင်း
Remove ads
တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းရှိ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်
အမှတ်(၆)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်
နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးတာဝန်ထမ်းဆောင်ခဲ့သူများ
- ဗိုလ်ချုပ် ဝေလွင် (ကြည်း - ၁၃၉၃၂) (စတသ - ၁၈)
- ဗိုလ်ချုပ် မောင်မောင်အေး (ယခု ဗိုလ်ချုပ်ကြီး-ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်းရေလေ)) [၅] (ကြည်း - ၁၈၁၃၈) (စတသ - ၂၅)
- ဗိုလ်ချုပ် မိုးမြင့်ထွန်း [၆] (ကြည်း - ၂၁၃၉၅) (စတသ - ၃၀)
- ဗိုလ်ချုပ် မြင့်မော် (ကြည်း - ၁၉၅၅၉) (စတသ - ၂၆) (ယခု ဒုတိယဗိုလ်ချုပ်ကြီး-ငြိမ်း)
- ဗိုလ်ချုပ် သောင်းထိုက်ရွှေ [၇] (ကြည်း - ၂၃၁၈၅) (စတသ - ၃၃)
- ဗိုလ်ချုပ် ဇော်မျိုးတင်[၈] (ကြည်း - ၂၂၅၈၂) (စတသ - ၃၂)
- ဗိုလ်ချုပ် ဇော်ဟိန်း [၉] (ကြည်း - ၂၈၀၈၉) (စတသ - ၃၈) (လက်ရှိ - ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး)
- ဗိုလ်မှူးချုပ် ဝေလင်း (ယခင် အမှတ်(၆)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူး) [၁၀] (ကြည်း - ၂၉၃၆၉) (စတသ - ၃၉)
Remove ads
ကိုးကား
နောက်ထပ်ကြည့်ရန်
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads