ဇော်ဦး (သံအမတ်ကြီး)

မြန်မာသံအမတ်ကြီး From Wikipedia, the free encyclopedia

Remove ads

ဦးဇော်ဦးသည် မြန်မာ့တပ်မတော်မှ အငြိမ်းစားအရာရှိတစ်ဦးဖြစ်ပြီး လက်ရှိတွင် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး အဖြစ်တာဝန်ထမ်းဆောင်နေသည်။[]

အချက်တိုများ သံအမတ်ကြီး ဇော်ဦး, အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ...
Remove ads

ပညာအရည်အချင်း

ဦးဇော်ဦးသည် မြန်မာနိုင်ငံ စစ်တက္ကသိုလ် (Defence Services Academy) မှ သိပ္ပံဘွဲ့ (B.Sc - D.S.A) ရရှိခဲ့သည်။ ထို့အပြင် ကာကွယ်ရေးဆိုင်ရာ မဟာဘွဲ့ (Master of Defence Studies) နှင့် ဥပဒေဒီပလိုမာဘွဲ့လွန် (Postgraduate Diploma in Law) များကိုလည်း ရရှိထားသူဖြစ်သည်။[]

ဝန်ထမ်းဘဝ

ဦးဇော်ဦးသည် ၂၀၁၉ ခုနှစ် စက်တင်ဘာလမှ ၂၀၂၃ ခုနှစ် မေလအထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာစစ်သံမှူး (ကြည်း၊ ရေ၊ လေ) အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၎င်း၏ သံတမန်လုပ်ငန်းကို ၂၀၂၃ ခုနှစ် ဇူလိုင်လတွင် စတင်ခဲ့သည်။ []

၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၄ ရက်တွင် ဦးဇော်ဦးကို နစကအစိုးရ၏ နိုင်ငံတော်ဝန်ကြီးချုပ် မင်းအောင်လှိုင်ကအိန္ဒိယသမ္မတနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီးအဖြစ် ခန့်အပ်လိုက်သည်။[]

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၉ ရက်တွင် ဦးဇော်ဦးကို နစကအစိုးရ၏ နိုင်ငံတော်ဝန်ကြီးချုပ် မင်းအောင်လှိုင်က ၎င်း၏လက်ရှိ တာဝန်ဝတ္တရားများအပြင် အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ် ခြင်းခံရသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီးအဖြစ် ပူးတွဲခန့်အပ်လိုက်သည်။ [] ၂၀၂၅ ခုနှစ် ဩဂုတ် ၁၀ ရက်တွင် တီဟီရန်မြို့ရှိ သမ္မတနန်းတော်၌ အီရန်အစ္စလာမ်မစ် သမ္မတနိုင်ငံ သမ္မတမစ္စတာ မာဆော့ပါဇက်ရှ်ကီရမ်ထံ သံအမတ်ကြီး ဦးဇော်ဦးသည် ၎င်း၏ ခန့်အပ်လွှာကို ပေးအပ်ခဲ့သည်။[]

Remove ads

ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်

ဦးဇော်ဦးသည် ဒေါ်ပွင့်နွယ်ဝေ နှင့် လက်ထပ်ထားပြီး သမီးတစ်ဦး ထွန်းကားခဲ့သည်။[]

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads