မိုးကျော်အောင်
From Wikipedia, the free encyclopedia
Remove ads
ဦးမိုးကျော်အောင်[၂] သည် မြန်မာလူမျိုး သံအမတ်တစ်ဦးဖြစ်သည်။ [၃][၄][၅] လက်ရှိတွင် နော်ဝေနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး အဖြစ် ထမ်းဆောင်နေသည်။သူသည် ယင်းမတိုင်မီက အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး တာဝန်အပြင် အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံ ဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော မြန်မာသံအမတ်ကြီးအဖြစ် ပူးတွဲတာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။[၆] [၇]
Remove ads
ပညာရေး
ရန်ကုန်စီးပွားရေးတက္ကသိုလ် မှ စီးပွားရေးဘွဲ့ရရှိခဲ့ကာ Master of Development tudies ကိုလည်း ယင်းတက္ကသိုလ်တွင်ပင် တက်ရောက်သည်။
ဝန်ထမ်းဘဝ
- ၁၉၉၀ ကာလ ဌာနခွဲ(၂)၊ တတိယအတွင်းဝန်၊ နိုင်ငံခြားရေးဝန်ကြီးဌာန
- နောက်ပိုင်းကာလများ ဝါရှင်တန်မြို့၊ ဂျနီဗာ ၊ဂျာကာတာ ၊ဘရူနိုင်းနိုင်ငံ မြို့တော် ဘန်ဒါဆရီဘီဂဝန် တို့ရှိ မြန်မာသံရုံးတို့တွင် သံတမန်ရေးရာတာဝန်များထမ်းဆောင်သည်။
- ယင်းနောက် နိုင်ငံခြားရေးဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာန ဌာနခွဲမှူး(၁)၊
- အာဆီယံရေးရာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး၊
- နိုင်ငံတော်သမ္မတရုံး သံတမန်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူး၊
- နိုင်ငံခြားရေးဝန်ကြီးဌာန အာဆီယံရေးရာဦးစီးဌာန ညွှန်ကြားရေးမှူး၊
- နိုင်ငံခြားရေးဝန်ကြီးဌာန သံတမန်ရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊
- ၂၀၁၄ ကာလ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာရှိ အာဆီယံအတွင်းရေးမှူးချုပ်ရုံးတွင် ပူးတွဲအရာရှိ၊
- ၂၀၁၆ မေလ - မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးတွင် ဒုတိယသံရုံးအကြီးအကဲနှင့် သံအမတ်ကြီး၊
- ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်နေ့ မှ ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၄ ရက် နေ့အထိ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး၊[၈][၉]
- ၂၀၁၈ နိုဝင်ဘာ ၈ရက်ကစပြီး ယနေ့အထိ ၎င်း၏လက်ရှိတာဝန် ဝတ္တရားများအပြင် အီရန် အစ္စလာမ်မစ် သမ္မတ နိုင်ငံဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီးအဖြစ် ပူးတွဲတာဝန်ထမ်းဆောင်ခဲ့သည်။ယင်းနောက် နိုင်ငံခြားရေးဝန်ကြီးဌာန သို့ ပြန်လည် ရောက်ရှိခဲ့သည်။
- ၂၀၂၅ ခုနှစ် ဇန်နဝါရီလ တွင် နော်ဝေနိုင်ငံဆိုင်ရာ သံရုံးယာယီတာဝန်ခံ (Chargé d'affaires) အဖြစ် ခန့်အပ်ခံရသည်။[၁၀]
Remove ads
ပုဂ္ဂိုလ်ရေး
အိမ်ထောင်သည်တစ်ဦးဖြစ်ပြီး သမီး၂ဦးရှိသည်။ဇနီးဖြစ်သူမှာ ဒေါ်နီလာအောင်ဖြစ်ကာ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် ညွှန်ကြားရေးမှူး တာဝန်ထမ်းဆောင်နေသည်။
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads