ဇွဲကပင်ဆံတော်ရှင်စေတီတော်

From Wikipedia, the free encyclopedia

ဇွဲကပင်ဆံတော်ရှင်စေတီတော်
Remove ads

ဇွဲကပင် ဆံတော်ရှင် စေတီတော် သည် ကရင်ပြည်နယ်ဘားအံမြို့ဇွဲကပင်တောင်ပေါ်တွင် တည်ရှိသော တန်ခိုးကြီးဘုရားတစ်ဆူဖြစ်သည်။ ဇွဲကပင်တောင်သည် ဘားအံမြို့၏ တောင်ဘက် (၇)မိုင်အကွာ ပင်လယ်ရေမျက်နှာပြင်အထက် (၂၃၇၂)ပေ မြင့်ပြီး၊ တောင်နှင့်မြောက် မိုင်(၂၀)ခန့်မျှ သွယ်တန်းရှည်လျားသည်။[]

အချက်တိုများ ဇွဲကပင်ဆံတော်ရှင်စေတီတော်, အချက်အလက်များ ...
Thumb
ဇွဲကပင်တောင်
Remove ads

ဝေါဟာရရင်းမြစ်

ဇွဲကပင်တောင်အား ရှေးအခါက အမည်အမျိုးမျိုးဖြင့် ခေါ်တွင်ခဲ့ကြသည်။ လုဒ္ဓယောဓမင်း တောကစားထွက်စဉ် လှံတော်ပျောက်ခဲ့သောကြောင့် ကရင်ဘာသာဖြင့် "ဇွဲကပင်" ဟုလည်းကောင်း၊ ရှေးအခါက နိုင်ငံရပ်ခြားမှလာသော လှေ၊ သင်္ဘောတို့ ထိုတောင်၏ အထွဋ်၌ ကပ်ချည်တွဲထားတတ်သောကြောင့် တလိုင်းကရင်မျိုးများက "ဒိုကရွယ်ကဗန်း" ဟုလည်းကောင်း၊ ဤတောင်တွင် ညောင်ချဉ်ပင်များ ပေါများသောကြောင့် မွန်လူမျိုးတို့က ညောင်ချဉ်ပင်တောင် "ဇဝယ်ကဗန်" ဟုလည်းကောင်း၊ ခေါ်တွင်ခဲ့ကြသည်။

Remove ads

သမိုင်းကြောင်း

ဇွဲကပင်တောင် ဆံတော်ရှင် စေတီတော်သမိုင်းသည် ကျိုက်ထီးရိုးစေတီ၊ ဇင်းကျိုက်တောင်စေတီနှင့် မုလအိစေတီတို့၏ သမိုင်းကြောင်းနှင့် ခေတ်ပြိုင်ဖြစ်သည်။ ဇွဲကပင်တောင်ခြေရှိ ပအာဝနမြိုကတော်ကို တည်ထောင်စိုးစံခဲ့သော "လုဒ္ဓယောဓ ရာဇာ" ကရင်မင်းသည် သုဓမ္မဝတီ သထုံပြည်ကို အုပ်ချုပ် မင်းလုပ်တော်မူသော တိဿဓမ္မသီဟရာဇာမင်း၊ ပိုင်တရောဒုံကိုအုပ်ချုပ်သော စောပညာ၊ အိန္ဒရာဇာမင်းတို့နှင့် ထီးပြိုင် နန်းပြိုင်ပြုကာ "ပေအာဝနနေပြည်တော်" ကို စိုးစံ အုပ်ချုပ်ခဲ့သည်။

Thumb
ဇွဲကပင်တောင်ခြေရှိ ဗောဓိတစ်ထောင် ဗုဒ္ဓရုပ်ပွားတော်များ
Thumb
ဇွဲကပင်ကန်

ထိုမင်းလက်ထက် သုဓမ္မဝတီမြို့သို့ မြတ်စွာဘုရားသခင် ရဟန္တာ(၅၀၀)နှင့်တကွ ကြွတော်မူလာစဉ် မြတ်စွာဘုရား ထံတော်မှ ရရှိခဲ့သော ဆံတော် (၆)ဆူအနက် ဆံတော်မြတ်တစ်ဆူကို သီဟကုမာရ ရသေ့သည် မိမိသီတင်းသုံးတော်မူနေသော ဗန္ဓဝဂီရိတောင်ထိပ် အစွန်းတွင် စေတီတည်၍ ဋ္ဌာပနာသွင်းတော်မူပြီး စေတီတော်အား "ဗန္ဓဝဂီရိ ဇွဲကပင်စေတီ" ဟု ဘွဲ့တော် သမုတ်ခဲ့လေသည်။ အချိန်ကား မဟာသက္ကရာဇ် (၁၁၃) ခုနှစ် ဖြစ်သည်။

ဘုရားရှင်၏ ဆံတော် (၆)ဆူအား ကျိုက်ထီးရိုးစေတီတော်တွင် (၃)ဆူ၊ ဇင်းကျိုက်တောင်စေတီတွင် (၁)ဆူ၊ ကေလာသတောင်စေတီတွင် (၁)ဆူနှင့် ဇွဲကပင်တောင်စေတီတွင် (၁)ဆူ ဌာပနာပြု ပူဇော်ခဲ့သည်ဟု သိရသည်။

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads