ညီညီစိုး

လက်ရှိ မွန်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဖြစ်သည် From Wikipedia, the free encyclopedia

Remove ads

ဦးညီညီစိုး(၁၉၆၀ ဖွား) သည် လက်ရှိ မွန်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဖြစ်သည်။[]သူ့အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ၂၀၂၁ ခုနှစ် မတ်လ ၃ ရက်မှ စ၍ ခန့်အပ်ခဲ့သည်။ ထိုရာထူးမတိုင်မီ ဦးညီညီစိုးသည် မွန်ပြည်နယ်တရားလွှတ်တော် တရားသူကြီး အဖြစ်တာဝန်ထမ်းဆောင်ခဲ့သည်။[]

အချက်တိုများ ညီညီစိုး, မွန်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ...
Remove ads

ပညာရေး

ရန်ကုန်တက္ကသိုလ်မှ ဥပဒေဘွဲ့ကို ၁၉၈၂ ခုနှစ်တွင် ရရှိသည်။ ဦးညီညီစိုးသည် တရားလွှတ်တော်ရှေ့နေ အသိအမှတ်ပြုလက်မှတ်ကို ၁၉၉၈ ခုနှစ်တွင် ရရှိခဲ့သည်။

ဝန်ထမ်းဘဝ

၁၉၈၄ ခုနှစ်တွင် တရားရေးအရာရှိ အဆင့် - ၄ အဖြစ် တရားရေးဌာနတွင် စတင်တာဝန် ထမ်းဆောင်ခဲ့သည်။ တရားရေးရာထူး အဆင့်ဆင့်ကို ၂၆ နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၀၃ ခုနှစ်တွင် ခရိုင်တရားသူကြီးအဖြစ် ခန့်အပ်ခြင်း ခံခဲ့ရသည်။ယင်းနောက် မန္တလေးခရိုင်တရားရုံး၏ခရိုင်တရားသူကြီးအဖြစ် တာဝန်ထမ်းဆောင်သည်။[]

တရားလွှတ်တော်တရားသူကြီးဘဝ

မွန်ပြည်နယ်တရားလွှတ်တော် တရားသူကြီးအဖြစ် ၂၀၁၁ ခုနှစ်တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ခန့်အပ်သည်။ထိုတာဝန်ကို ၂၀၂၁ မတ်လ ၃ရက်နေ့အထိ ထမ်းဆောင်သည်။ ၂၀၂၁ မတ်လ ၃ရက်နေ့တွင် တရားလွှတ်တော်တရားသူကြီးချုပ်အဖြစ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ခန့်အပ်ခဲ့၍ ဒုတိယမြောက် မွန်ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်ဖြစ်လာသည်။[] ထိုနောက် ဒေါ်ဌေးမြင့်အေးက သူ့ကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့တွင် တရားလွှတ်တော်တရားသူကြီးချုပ်အဖြစ်မှ ဆက်ခံခဲ့သည်။ []

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads