ညောင်စာရေးမြို့

From Wikipedia, the free encyclopedia

Remove ads

ညောင်စာရေးတိုက်နယ် သည် ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ပြည်ခရိုင်ရွှေတောင်မြို့နယ် အတွင်း ရှိသမိုင်းဝင်စေတီပုထိုးများရှိရာတိုက်နယ်ဖြစ်သည်။

အချက်တိုများ ညောင်စာရေးတိုက်နယ်, နိုင်ငံ ...
Remove ads

ပထဝီဝင်

ညောင်စာရေးမြို့သည်ရွှေတောင်မြို့၏ တောင်ဘက်တွင်တည်ရှိသည်။ ရွှေတောင်မြို့ နှင့် (၁၂)မိုင်၊ ပြည်မြို့ နှင့်(၂၁)မိုင်ခန့်အကွာတွင်တည်ရှိသည်။ညောင်စာရေးမြို့သည် မြောက်လတ္တီတွဒ် (၁၈) ဒီဂရီ (၃၁) မိနစ် (၇.၂၈) စက္ကန့်နှင့် အရှေ့လောင်ဂျီတွဒ် (၉၅) ဒီဂရီ (၈)မိနစ် (၄၉.၉၅) စက္ကန့် အကြားတွင် တည်ရှိ ပြီးရွှေတောင်မြို့သို့ဆက်သွယ်ထားသော ရွှေတောင် - ညောင်စာရေး - ကွေ့မလမ်းသည် လမ်းမိုင်အရှည် (၂၅ မိုင်၊ ၄ ဖာလုံ)ရှိသည်။[] (ထိုလမ်းသည် အင်္ဂလိပ်ခေတ် က စစ်ချီလမ်းမကြီး)

Remove ads

သမိုင်းကြောင်း

ရွှေတောင်မြို့ အဝင်(ဝါးတောဝါးလယ်) ဆရာကြီး သခင်ကိုယ်တော်မှိုင်း ရွာ က သူခိုး ဖုန်းမယ်တက်ခါးနဲ့ ထုံးဘိုမြို့က သူကြီးသမီး တို့ ချစ်ခင်စုံမက်ကြတယ်။ ညဘက်ဆို ဖုန်း မယ်တက်ခါးက ထန်းကုန်း၊ ကျောက်အိုင်၊ ဆယ်ကြီးရွာတွေကို ဖြတ်ပြီး မြင်းနဲ့ လာ၊ ညောင်စာရေးဘက်ကမ်းကနေ ထုံးဘို့မြို့ကို ကူးပြီး ရည်းစားနဲ့ အမြဲချိန်းတွေ့နေကျ။ လင်းကြက် တွန်ချိန် လူလုံးမကွဲခင်ဆို ပြန်။ ဒီလိုနဲ့ မိုးကာလ၊ ဧရာဝတီမြစ် ရေကြီးချိန် တစ်ညမှာတော့ သူခိုး ဖုန်းမယ်တက်ခါးက သူကြီးသမီးကို ဒီ ည အပိုင်ခိုးယူရအောင်အလာ ရေကလည်း ကြီး၊ မိုးကလည်း ရွာ၊ လှိုင်းကလည်း ထန်နေလို့ ထုံးဘိုဘက်ကမ်းကို မကူးနိုင်ဖြစ်ခဲ့ရတယ်။ ဖုန်းမယ်တက်ခါးနဲ့ သူကြီးသမီးတို့ တစ်သက် လုံး ဝေးကြရဖို့ ကံကြမ္မာက ဖန်လာခဲ့လေပြီ။

ဧရာဝတီက အရင်ညတွေလို မျက်နှာ သာမပေးလို့ မကူးနိုင်ကြောင်း၊ သူ လာပါတယ် ဆိုတဲ့အကြောင်း၊ အလွန်ချစ်ခင်စုံမက်ကြောင်း လွမ်းတေးဖွဲ့စာကို ညောင်စာရေးဘက် ကမ်းနဖူးက ညောင်ပင်ကြီးမှာ စာရေးခဲ့ပါသတဲ့။ ထိုကြောင့်ညောင်စာရေးရယ် လို့ အမည်တွင်ခဲ့တာကို ရှေးလူကြီးသူမတွေက အစဉ်အဆက်ပြောခဲ့သည်။ မြို့အလယ်တွင်တည်ထားကိုးကွယ်နေသောရှင်ဂေါတမဘုရားကြီးရဲ့ မူလဘုရားဒကာဟာ သူခိုး ဖုန်းမယ်တက်ခါး ဖြစ်ပြီး ဘုရားတည်စဉ်က ထုံးဘိုမြို့ သူကြီးသမီးကို လွမ်းမောတသခြင်း အထိမ်းအမှတ် ကိုးတောင်ပြည့် လွမ်းစေတီကိုတည်ထားခဲ့သည်။

ညောင်ပင်ကြီးသည်မင်းလမ်းနဲ့ နတ်စဉ်လမ်းအကြား ရွာတော့်ယဉ်နတ်နန်းတောင်ဘက်၊ အင်္ဂလိပ်ခေတ် အရေးပိုင်မင်းလာရင် တည်းခိုတဲ့ ဗိုလ်တဲ (ဗိုလ်ရုံ) အနောက်ဘက် ကုန်းမို့မို့မှာ ရှေးတုန်းက ညောင်ပင်ကြီးတည်ရှိခဲ့သည်။ အဲဒီနေရာနဲ့ မလှမ်းမကမ်း အခု ပျက်ယွင်းနေတဲ့ ခြင်္သေ့ကြီးနှစ်ကောင်က ဧရာဝတီကို မျက်နှာမူပြီး ထီးတည်းကြီး လေးဖက်ထောက်လို့ လှေဆိပ်ဖြစ်ခဲ့တယ်။ ဟိုတစ်ချိန်ကတော့ ဆိပ်ကမ်းပေါ့။ ပြည်မြို့ရန်ကုန်မြို့ အစုံအဆန်သင်္ဘောတွေ စုန်ချည်ဆန်ချည် သွားခဲ့ကြတယ်။ ကြံခင်းမြန်အောင်ဟင်္သာတမြို့ တွေကို မော်တော်တွေနဲ့ သွားလာခဲ့ကြသည်။ မြို့မှ ထွက်တဲ့ ကုန်တွေကို မအူပင်၊ ရန်ကုန်အထိပို့ခဲ့ကြတယ်။ အခုတော့ ဧရာဝတီမြစ် ကြီးက ထုံးဘိုမြို့ အကောက်တောင်ခြေအထိ ဆုတ်ခွာသွားလို့ ရေလမ်းကို အသုံးမပြုနိုင်တော့သည်။[]

Remove ads

ယဉ်ကျေးမှု

ရှင်ဂေါတမဘုရားကြီးရဲ့ မူလ ဘုရားဒကာဟာ သူခိုး ဖုန်းမယ်တက်ခါး ဖြစ်ပါသည်။ ဘုရားတည်စဉ်က ထုံးဘိုမြို့ သူကြီး သမီးကို လွမ်းမောတသခြင်း အထိမ်းအမှတ် ကိုးတောင်ပြည့် လွမ်းစေတီလို့ ဆိုကြတယ်။ ပြန်လည်ပြုပြင်မှူများကြောင့်ဉာဏ်တော်၅၅ တောင်ခန့်မြင့်သည်။[]


ညောင်စာရေးမြို့၏ မြောက်ဘက်(၈)မိုင်ခန့်အကွာတွင် သမိုင်းဝင် ရွှေနတ်တောင်ဘုရား၊အနောက်ဘက်တွင် သမိုင်းဝင် အကောက်တောင် ရှိ ရွှေမြင်းတင်စေတီတော် သို့သွားရောက်ဖူးမြော်နိုင်ပါသည်။ ရှင်ဂေါတမ ဘုရားဗုဒ္ဓပူဇနိယပွဲတော်ကို သီတင်းကျွတ်၊ တန် ဆောင်တိုင် အရပ်ပြဇာတ်တွေ ကကြလို့ ပြာ သိုလဆန်း (၁၃/၁၄/ ၁၅) ရက် ရှင်ဂေါတမ ဘုရားဗုဒ္ဓပူဇနိယပွဲတော်ပွဲမှာ နှစ်စဉ် ဇာတ်သွင်းလေ့ရှိသည်။သီတင်းကျွတ်အခါကြီးရက်ကြီးနေ့များတွင် နိဗ္ဗာန်ဈေးပွဲတော်များကျင်းပလေ့ရှိသည်။​​​​​​​

လူဦးရေ

မြန်မာနိုင်ငံရှိ၂၀၁၄ခုနှစ် သန်းခေါင်စာရင်း အရ ညောင်စာရေးအုပ်စုတွင် ကျား ၁၀၉၄ ဦး၊ မ ၁၃၇၁ ဦး၊ လူဦးရေ စုစုပေါင်း ၂၄၆၅ ဦးနေထိုင်သည်။[]

စီးပွားရေး

ညောင်စာရေးမြို့သည် စိုက်ပျိုးရေးကိုအဓိကလုပ်ကိုင်သောမြို့ဖြစ်သည်။ စပါးစက်၊ ပဲခွဲစက်၊ ဆီကြိတ်စက်များရှိကျသည်။ မြေနုကျွန်းကိုင်းတွေ ပေါ်ပြီ မို့ မြေပဲ၊ ဆေးရွက်ကြီး၊ ပြောင်း၊ နှမ်း၊ ပဲကြီး၊ ခရမ်းချဉ်ပင် စသည်ဖြင့်အမျိုးမျိုးစိုက်ပျိုးကျသည်။ လယ်၊ကိုင်း၊တောင်ယာ များတွင်မြေဩဇာကောင်းမွန်သဖြင့် အသီးအနှံ ပန်းမာန်များ စိုက်ပျိုး၍ အလွန်ဖြစ်ထွန်းသည်။ ချောင်း၊အင်းအိုင်များပေါများသောကြောင့်ငါးများကိုဈေးတွင်ရောင်းချကျသည်။[]

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads