တဆက်တည်းဖြစ်သော အမေရိကန်ပြည်ထောင်စု
From Wikipedia, the free encyclopedia
Remove ads
တဆက်တည်းဖြစ်သော အမေရိကန်ပြည်ထောင်စု (အင်္ဂလိပ်: contiguous United States) ဆိုသည်မှာ မြောက်အမေရိကတိုက်ရှိ အမေရိကန်ပြည်ထောင်စု၏ တဆက်တည်းထိစပ်နေသော ပြည်နယ် ၄၈ ခုနှင့် ဝါရှင်တန်ဒီစီ (ပြည်ထောင်စုနယ်မြေ) တို့ကို ခေါ်ဝေါ်သည့် အသုံးအနှုန်းဖြစ်သည်။[၁] ယင်းအသုံးအနှုန်းတွင် တဆက်တည်းမဟုတ်သည့် အလက်စကာပြည်နယ်နှင့် ဟာဝိုင်ယီပြည်နယ်နှင့်၊ အမေရိကန် ကမ်းလွန် နယ်မြေပိုင်နက်များဖြစ်သည့် အမေရိကန်ဆမိုးအား၊ ဂူအမ်ကျွန်း၊ မြောက်မာရီယာနာကျွန်းစု၊ ပေါ်တိုရီကိုနှင့် အမေရိကန် ဗာဂျင်အိုင်းလန်းတို့ မပါဝင်ပေ။[၂][၃]

တဆက်တည်းဖြစ်သော ပြည်နယ် ၄၈ ခုအကြား အကျယ်ဆုံးအကွာအဝေးသည် ၂,၈၀၂ မိုင် (ဖလော်ရီဒါပြည်နယ်နှင့် ဝါရှင်တန်ပြည်နယ် အကြား ၄,၅၀၉ ကီလိုမီတာ) ဖြစ်ပြီး[၄] အကြီးဆုံး တောင်-မြောက်မျဉ်းဆွဲပါက ၁,၆၅၀ မိုင် (၂,၆၆၀ ကီလိုမီတာ) ဖြစ်သည်။[၅]
ဝါရှင်တန်ဒီစီနှင့် တဆက်တည်းဖြစ်သော ပြည်နယ် ၄၈ ခု၏ စုစုပေါင်း ဧရိယာသည် ၃,၁၁၉,၈၈၄.၆၉ စတုရန်းမိုင် (၈,၀၈၀,၄၆၄.၃ စတုရန်း ကီလိုမီတာ) ဖြစ်ပြီး ကမ္ဘာ့ စုစုပေါင်း မျက်နှာပြင်ဧရိယာ၏ ၁.၅၈ % ဖြစ်သည်။ ယင်းဧရိယာ၏ ၂,၉၅၉,၀၆၄.၄၄ စတုရန်းမိုင် (၇,၆၆၃,၉၄၁.၇ စတုရန်း ကီလိုမီတာ) သည် ကုန်းမြေဖြစ်ပြီး အမေရိကန်ပြည်ထောင်စုနိုင်ငံ ကုန်းမြေဧရိယာ၏ ၈၃.၆၅ % ဖြစ်ကာ ဩစတြေးလျနိုင်ငံ၏ ဧရိယာနှင့် ဆင်တူသည်။[၆] တရားဝင်အားဖြင့် ၁၆၀,၈၂၀.၂၅ စတုရန်းမိုင် (၄၁၆,၅၂၂.၅ စတုရန်း ကီလိုမီတာ) သည် ရေထုဧရိယာဖြစ်ပြီး နိုင်ငံ၏ စုစုပေါင်း ရေထုဧရိယာ၏ ၆၂.၆၆ % ဖြစ်သည်။
ဧရိယာအလိုက် နိုင်ငံနှင့် နယ်မြေဒေသများ စာရင်းတွင် တဆက်တည်းဖြစ်သော အမေရိကန်ပြည်ထောင်စုအနေဖြင့် အဆင့် ငါး နေရာတွင် ဖြစ်ပြီး အလက်စကာနှင့် ဟာဝိုင်ယီတို့ ပါဝင်သည့် နိုင်ငံ၏ စုစုပေါင်း ဧရိယာအရဆိုပါက စတုတ္ထနေရာတွင် ရှိသည်။ ဘရာဇီးနိုင်ငံ သည် တဆက်တည်းဖြစ်သော အမေရိကန်ပြည်ထောင်စုထက် စုစုပေါင်းဧရိယာကြီးမားသော်လည်း အမေရိကန်ပြည်ထောင်စုနိုင်ငံတစ်ခုလုံးထက် သေးငယ်ပြီး ရုရှားနိုင်ငံ၊ ကနေဒါနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် နှစ်မျိုးစလုံးထက် ဧရိယာကြီးမားသည့် နိုင်ငံများ ဖြစ်သည်။ ၂၀၁၀ ခုနှစ် သန်းခေါင်စာရင်းအရ တဆက်တည်းဖြစ်သော အမေရိကန်ပြည်ထောင်စု၏ လူဦးရေမှာ ၃၀၆,၆၇၅,၀၀၆ ဖြစ်ပြီး တစ်နိုင်ငံလုံး လူဦးရေ၏ ၉၉.၃၃% ဖြစ်သည်။ လူဦးရေသိပ်သည်းမှုမှာ တစ်စတုရန်းမိုင်လျှင် ၁၀၃.၆၃၉ ဦး (၄၀.၀၁၅/km2)ဖြစ်ပြီး တစ်နိုင်ငံလုံးအနေဖြင့် ၈၇.၂၆၄/sq mi (၃၃.၆၉၂/km2) ဖြစ်သည်။[၇]
Remove ads
တဆက်တည်းဖြစ်သော အမေရိကန်ပြည်ထောင်စုအတွင်းရှိ ထိစပ်မနေသော ဧရိယာများ
အမေရိကန် ကမ်းလွန်ကျွန်းများမှလွဲ၍ တဆက်တည်းဖြစ်သော အမေရိကန်ပြည်ထောင်စုရှိ အချို့ဒေသများသည် ကနေဒါနိုင်ငံကိုဖြတ်ကာ ကားလမ်းဖြင့်သာ သွားရောက်နိုင်သည်။ ဗားမောင့်ရှိ အားဘတ်မြို့သည် ကုန်းမြေဖြင့် တိုက်ရိုက်ထိစပ်မနေသော်လည်း နယူးယောက်နှင့် ဗားမောင့်တို့မှ တံတားဖြင့် ဆက်သွယ်ထားသည်။[၈]
တဆက်တည်းဖြစ်သော အမေရိကန်ပြည်ထောင်စု ပြည်နယ်များ
တဆက်တည်းဖြစ်သော အမေရိကန်ပြည်ထောင်စု ပြည်နယ် ၄၈ ခုမှာ
5
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads