တဇ္ဇနီပါသဟတ္ထ

From Wikipedia, the free encyclopedia

တဇ္ဇနီပါသဟတ္ထ
Remove ads

လက်ညှိုးထောင်၍ ပိုက်ကွန်ယက်ကို ကိုင်ထားသည့် ပုံဖြစ်သည်။

Thumb

တဇ္ဇနီမုဒြာမှ ခွဲထွက်လာသော ပုံဖြစ်သည်။

လက်ျာလက်ညှိုးကို ဖြစ်စေ, လက်ညှိုးနှင့် လက်မကို ဖြစ်စေ ထောင်ပြထားကာ ထိုလက်ဖြင့်ပင် ပိုက်ကွန်ယက်ကို ကိုင်ပြထားပေသည်။

တဇ္ဇနီ လက်ညှိုးမှာ သတိပေးခြင်း, ဆုံးမခြင်း, ကြိမ်းမောင်း မာန်မဲခြင်း အဓိပ္ပါယ်ကို ဆောင်သည်။ ပါသ = ပိုက်ကွန်ယက်မှာ ဖြားယောင်း သွေးဆောင်ခြင်း, စိတ်ညှို့ခြင်း, ချော့မော့ခြင်း အမိအရဖမ်းယူခြင်း သိမ်းသွင်းခြင်း အနက်သဘောကို ဆောင်ပေသည်။

ဓမ္မေသု အပ္ပမာဒမင်္ဂလာ၊ ခန္တီမင်္ဂလာများကို သဏ္ဌာန်ဆောင်ပြထားသည်။

ကရုဏာရသကို ပေါ်လွင် စေသည်။

ပညာပါရမီနှင့် ဝီရိယပါရမီ, သစ္စာပါရမီ, မေတ္တာပါရမီတို့ကို ရည်ညွှန်းထားသည်ဟု ဆိုကြသည်။

ပုံစံအားဖြင့် မာရ်နတ်သားနှင့် အခြားနတ်များ၏ ရုပ်တုများတွင် မကြာခဏတွေ့ရတတ်သည်။ ဂဟပတိဇာတက ရုပ်ကြွတွင် ဘုရားအလောင်းက အခြားလူတဦအား ဆုံးမ သွန်သင်နေ့ဟန်၌ ဤတဇ္ဇနီပါသဟတ္ထပုံဖြင့် တွေ့ရှိရသည်။

68 8

ပုဂံ အပယ်ရတနာလှိုဏ်ဂူဘုရားတွင်း ဆေးရေးပန်းချီများတွင် တဇ္ဇနီပါသဟတ္ထဖြင့် မာရ်နတ်၏ ရန်ကို အမြဲတစေ သတိတရားဖြင့် ဆင်ခြင်ရှောင်ကွင်းနိုင်စေရန် သတိပေးလိုသော ဆန္ဒဖြင့် အသုံးပြု ထုလုပ်ရေးဆွဲခဲ့ကြဟန်တူသည်။ အထောက်အထား ခိုင်လုံစွာ မတွေ့ရှိသေးပါ။

အပယ်ရတနာလိုဏ်ဂူဘုရား ဦးမြ—၁၉၆၈-တွင်ရှုပါ။[][] []

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads