တန့်ဆည်မြို့
စစ်ကိုင်းတိုင်းဒေသကြီးရှိ မြို့ From Wikipedia, the free encyclopedia
Remove ads
တန့်ဆည်မြို့သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးခရိုင်တွင်တည်ရှိပြီး တန့်ဆည်မြို့နယ်၏ ရုံးစိုက်မြို့ဖြစ်၍ ရေဦးမြို့၏ မြောက်ဘက် ၁၄ မိုင်ခန့်တွင် တည်ရှိသည် ။ စစ်ကိုင်း မြစ်ကြီးနား မီးရထားလမ်းပေါ်ရှိ ထန်းတပင်ဘူတာနှင့် ၁၂ မိုင်ခန့်ဝေးသည်။ ရေဦးမြို့နယ်၊ ကန့်ဘလူမြို့နယ်၊ ကျွန်းလှမြို့နယ်၊ ကလေးဝမြို့နယ်တို့နှင့် နယ်နမိတ်ချင်းထိစပ်နေသည်။ အမတ်ကြီးဦးပေါ်ဦး၏ မွေးရပ်ဒေသအဖြစ်လူသိများသည်။ တန့်ဆည်မြို့၌ ၂၀၁၉ခုနှစ် စက်တင်ဘာလတွင် လူနေအိမ်ခြေ ၂၅၈၅ ခန့်နှင့် လူဦးရေ ၁၄၉၁၁ဦး ခန့်ရှိသည်။[၁]အမတ်ကြီးဦးပေါ်ဦး၏ မွေးရပ်ဒေသအဖြစ်လူသိများသည်။
မြေအိုးလုပ်ငန်းတွင်ကျယ်၍၊ မြို့နယ်တစ်ခုလုံးသို့ ဖြန့်ချိနိုင်သည်။ ရှေးဟောင်းမြို့တစ်မြို့ဖြစ်သဖြင့် မြို့ရိုးပျက်၊ စေတီပုထိုးပျက်များစွာနှင့် ကျယ်ပြန့်သောရေကန်ကြီးတစ်ခုရှိသည်။ ကျောထောက်နောက်ခံဖြစ်သော ပတ်ဝန်းကျင်တွင် ဆန်စပါးနှင့် ပဲစိုက်ပျိုးသည်။ မူးမြစ်နှင့် ၄ မိုင်ခန့်သာ ဝေးသော်လည်း၊ ရေသွင်း တူးမြောင်းများ မရှိချေ။ စစ်ကိုင်း မြစ်ကြီးနား မီးရထားလမ်းပေါ်ရှိ ထန်းတပင်ဘူတာနှင့် ၁၂ မိုင်ခန့်ဝေးသည်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက်တွင် စစ်အာဏာရှင်ဆိုးအောက်မှ တန့်ဆည်မြို့ လွတ်မြောက်ခဲ့သည်။
Remove ads
သမိုင်းကြောင်း
အလောင်းစည်သူမင်းကြီး ဖောင်တော်ရပ်တန့်ရာနေရာကို ဆည်(ကန်)ဖို့၍ ၎င်းရွာကို တန့်ဆည်ရွာဟု ခေါ်ပြီး နောင်တွင် အစိုးရရုံးစိုက်ရာမြို့ဖြစ်လာသည်။
ပွဲတော်များ
နှစ်စဉ် တန်ဆောင်မုန်းလဆန်း (၁၀)ရက်မှ (၁၅) ရက်နေ့အထိ ရွှေကတော့မြတ်စွာဘုရားပွဲတော်ကြီးသည် တစ်မြို့နယ်လုံးသာမက အနီးအနားမှပင် ထင်ရှားသိသော ဘုရားပွဲတော်ဖြစ်သည်။
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads