တပ်တောင်မြို့

From Wikipedia, the free encyclopedia

Remove ads

တပ်တောင်မြို့သည် မြန်မာနိုင်ငံရခိုင်ပြည်နယ်အမ်းခရိုင်၊ အမ်းမြို့နယ်တွင် ပါဝင်သည့် မြို့တစ်မြို့ဖြစ်သည်။

အချက်တိုများ တပ်တောင်မြို့, နိုင်ငံ ...
Remove ads

သမိုင်းကြောင်း

တပ်တောင်မြို့ကို ပြည်ထဲရေး ဝန်ကြီးဌာန၏ ၂၀၁၅ ခုနှစ် ဇွန်လ ၂၃ ရက်နေ့ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၇၉၉/၂၀၁၅ ဖြင့် ဖွဲ့စည်းခဲ့သည်။ မြို့ဝန်ခေတ်က တပ်စွဲခဲ့၍ တပ်တောင်ဟု အမည်တွင်ခဲ့သည်။

ပထဝီဝင်

တပ်တောင်မြို့သည် ပင်လယ်ရေမျက်နှာပြင်အမြင့် ပေ ၂၀ တွင် တည်ရှိသည်။ အမ်းချောင်းသည် တပ်တောင်မြို့အတွင်းတွင် အရှေ့မှ အနောက်သို့ ဖြတ်သန်းစီးဆင်းသည်။

တည်နေရာ

တပ်တောင်မြို့သည် အမ်းမြစ်ဝမှ ၇ မိုင်အကွာ လက်ဝဲကမ်းတွင် တည်ရှိသည်။ အမ်းမြို့မှ တောင်ဘက် ၂၆ မိုင်အကွာတွင် တည်ရှိသည်။ မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၄၀ မိနစ်မှ ၂၀ ဒီဂရီ ၃၀ မိနစ်နှင့် အရှေ့လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၄၀ မိနစ်မှ ၉၃ ဒီဂရီ ၂၂ မိနစ်တို့အကြားတွင် တည်ရှိသည်။

အကျယ်အဝန်း

တပ်တောင်မြို့သည် အရှေ့မှ အနောက်သို့ ၂ မိုင်နှင့် တောင်မှ မြောက်သို့ ၁.၅ မိုင် ရှည်လျားသည်။ အကျယ်အဝန်းအနေဖြင့် ၀.၇၆၂ စတုရန်းမိုင် (၁.၉၇ စတုရန်း ကီလိုမီတာ) ရှိသည်။

နယ်နမိတ်

တပ်တောင်မြို့၏ အရှေ့ဘက်တွင် အမ်းမြို့နယ်ရှိ လောင်းဒုံကွင်းအုပ်စု၊ တောင်ဘက်တွင် ဖက်ချောင်းအုပ်စုတို့နှင့် လည်းကောင်း၊ အနောက်ဘက်တွင် ကင်းခြေအုပ်စုနှင့် မြောက်ဘက်တွင် တိုက်မော်အုပ်စုတို့နှင့် နယ်နိမိတ် ထိစပ်လျက်ရှိသည်။

Remove ads

ရာသီဥတု

တပ်တောင်မြို့သည် ပူအိုက်စွတ်စိုသော ရာသီဥတုရှိပြီး အမြင့်ဆုံး ၃၈ ဒီဂရီ စင်တီဂရိတ်နှင့် အနိမ့်ဆုံး ၇ ဒီဂရီ စင်တီဂရိတ် ဖြစ်သည်။

လူနေမှု

တပ်တောင်မြို့၏ လူဦးရေမှာ ၂၀၁၈ မတ်လ စာရင်းအရ ၇၉၁၇ ဦးဖြစ်ပြီး ရခိုင်လူမျိုး အများစု ဖြစ်ကာ ချင်းနှင့် ကရင်လူမျိုးများလည်း နေထိုင်ကြသည်။

စီးပွားရေး

တပ်တောင်မြို့သည် စီးပွားရေးအချက်အချာကျသော ဒေသတွင် တည်ရှိသည်။ စီးပွားရေးအနေဖြင့် ကုန်ရောင်းကုန်ဝယ်၊ လယ်ယာကိုင်းကျွန်းလုပ်ငန်းများကို အဓိက လုပ်ကိုင်ကြသည်။

ပညာရေး

တပ်တောင်မြို့တွင် အခြေခံပညာအထက်တန်းကျောင်း ၁ ကျောင်း၊ အလယ်တန်းကျောင်းခွဲ ၁ ကျောင်း၊ မူလတန်းလွန်ကျောင်း ၁ ကျောင်း၊ မူလတန်းကျောင်း ၁ ကျောင်းနှင့် မူလတန်းကြိုကျောင်း ၁ ကျောင်းတို့ တည်ရှိသည်။

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads