တပ်မတော်ဆေးတက္ကသိုလ်
ဆေးပညာနှင့် ဆရာဝန်ဘွဲ့ရ တပ်မတော်ပြန်တမ်းဝင်အရာရှိများ မွေးထုတ်ပေးသည့် ဆေးပညာဆိုင်ရာ အဆင့ From Wikipedia, the free encyclopedia
Remove ads
တပ်မတော်ဆေးတက္ကသိုလ်သည် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ် ရန်ကုန်ပြည်လမ်းမကြီးနှင့် ခရပင်လမ်းထောင့် အမှတ် (၉၄)ဃ(၁) တွင် တည်ရှိသော စစ်ဘက်ဆိုင်ရာ ဆေးတက္ကသိုလ် တစ်ခုဖြစ်သည်။ အခြားသောအရပ်ဘက်ဆေးကျောင်းများနည်းတူ အမ်ဘီဘီအက်စ်ဘွဲ့သင်တန်းများ နှင့် ဘွဲလွန် သင်တန်းများ၊ ပါရဂူ သင်တန်းများကို သင်ကြားပေးလျက်ရှိသည်။ ထိုတက္ကသိုလ်မှ ဘွဲရရှိသည်နှင့် တပြိုင်နက် သင်တန်းသားများကို မြန်မာ့တပ်မတော်တွင် ဗိုလ်ရာထူးအဆင့်ဖြင့် ခန့်အပ်တာဝန်ပေးသည်။ တပ်မတော်ဆေးမှူးများသည် ကျန်းမာရေးစောင့်ရှောက်မှု ချို့တဲ့သည့် နိုင်ငံ၏ဝေးလံခေါင်ဖျားသည့် အရပ်ဒေသများတွင် တာဝန်ချထားခြင်းခံရသည့်အခါ ထိုဒေသရှိ တပ်မတော်သားများကိုသာမက အရပ်သားများကိုပါ ကျန်းမာရေးစောင့်ရှောက်ကုသမှု ပေးရသည်
Remove ads
Remove ads
သမိုင်းကြောင်း
တပ်မတော်ဆေးတက္ကသိုလ်ကို ၁၉၉၂ ခုနှစ်တွင် Defence Services Institute of Medicine (DSIM) အဖြစ် စတင်ဖွင့်လှစ်ခဲ့သည်။ ရည်ရွယ်ချက်မှာ မြန်မာ့တပ်မတော်တွင် ဆေးမှူးအဖြစ် တာဝန်ထမ်းဆောင်ရန် ဖြစ်သည်။ တပ်မတော်သည် တပ်မတော်ဆေးတက္ကသိုလ်ကို မဖွင့်လှစ်မီက အရပ်ဘက်ဆေးတက္ကသိုလ်များမှ ဆရာဝန်များနှင့် သွားဘက်ဆိုင်ရာဆရာဝန်များကို ခေါ်ယူတာဝန်ထမ်းဆောင်စေခဲ့သည်။ တာဝန်ပေးအပ်ခြင်းခံရသည် ဆရာဝန်များသည် စစ်တပ်တွင် အခြေခံစစ်ပညာရပ်များကို လအတန်ကြာ သင်တန်းတက်ရောက်ခဲ့ရသည်။ ရှစ်လေးလုံးအရေးအခင်းပြီးသည့်နောက် တပ်မတော်မှ အာဏာသိမ်းပြီး စစ်တပ်အစိုးရ တက်လာသည့်အချိန် ၁၉၉၀ ခုနှစ် အစောပိုင်းကာလများတွင် ကျောင်းသားများ၏ စိုးရိမ်ကြောင့်ကြမှုများ မြင့်မားသည့်အတွက် အရပ်ဘက်ကျောင်းများနှင့် တက္ကသိုလ်များကို ကာလအတန်ကြာပိတ်ခဲ့ရသည်။ ထို့နောက် တပ်မတော်အတွင်း ဆေးမှူးလိုအပ်ချက်မှာ မြင့်မားလာပြီး ရှားပါးလာခဲ့သည်။
တပ်မတော်ဆေးတက္ကသိုလ်၏ ရည်မှန်းချက်မှာ "တို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်နိုင်မည့် စွမ်းရည်ပြည့်ဝပြီး လက်ရုံးရည် နှလုံးရည်နှင့်ပြည့်စုံသော စစ်ဘက်ဆိုင်ရာ ဆေးမှူးများ မွေးထုတ်ပေးရန်" ဖြစ်သည်။
တပ်မတော်ဆေးတက္ကသိုလ်၏ ပထမဆုံးသော ဗိုလ်လောင်သင်တန်း အမှတ်စဉ် (၁) တွင် သင်တန်းသား ၆၁ ယောက်တက်ရောက်ခဲ့သည်။ ခြောက်နှစ်တာ စာပေသင်ကြားလေ့လာမှု၊ အလုပ်သင်ဆရာဝန်အဖြစ် တစ်နှစ် တာဝန်ထမ်းဆောင်ပြီးသည့်အချိန် ၁၉၉၉ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် သင်တန်းသား ၄၇ ယောက်အား "ဗိုလ်" အဆင့်ရာထူး ခန့်အပ်ပေးနိုင်ခဲ့သည်။ အပတ်စဉ် (၉) အထိ တပ်မတော်ဆေးတက္ကသိုလ်မှ ဆေးမှူးအရာရှိ စုစုပေါင်း ၁၂၅၂ ယောက်နှင့် ပါရဂူဘွဲ့ရရှိသူ ၇ ဦး မွေးထုတ်ပေးနိုင်ခဲ့သည်။ ၂၀၀၈ ခုနှစ်အထိ ဆေးပညာပါရဂူ ၄၈ ဦးနှင့် ခွဲစိတ်အထူးကုပါရဂူ ၄၁ ဦးအပါအဝင် ပါရဂူဆေးမှူးအရာရှိ ၃၃၅ ဦး မွေးထုတ်ပေးခဲ့သည်။
ကျောင်းအုပ်ကြီးများ
Remove ads
တပ်မတော်ဆေးတက္ကသိုလ်သို့ တက်ရောက်ခြင်း
တပ်မတော်ဆေးတက္ကသိုလ်သည် နှစ်စဉ် သင်တန်းသားလေးရာခန့်နီးပါး လက်ခံသည်။ ၂၀၁၀ခုနှစ် နောက်ပိုင်းမှစတင်ပြီး နှစ်စဉ် သင်တန်းသား ၅၀ ဦးခန့်သာလက်ခံတော့သည်။ အခြားသော အရပ်ဘက်ဆေးတက္ကသိုလ်များနှင့် မတူသည့်အချက်မှာ သင်တန်းသားရွေးချယ်ခြင်းလုပ်ငန်းစဉ်သည် အဆင့်မြင့်တက္ကသိုလ်ဝင်ခွင့်များထက် အဆင့်ပိုမိုများပြားခြင်းပင် ဖြစ်သည်။ ရည်ညွှန်းသင်တန်းသားများအားလုံးသည် ယောက်ျားလေးများသာ ဖြစ်ရမည့်အပြင် အခြားသော အရပ်ဘက်ဆေးတက္ကသိုလ်များတွင် တက်ရောက်နိုင်လောက်သည့်အထိ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွင် အောင်မှတ်များ ရရှိထားရန် လိုအပ်သည်။ သိုသော်လည်း ၂၀၂၃ခုနှစ်မှစ၍ အမျိုးသမီးများပါစတင်ခေါ်ယူခဲ့သည်။ ထို့အပြင် ရည်ညွှန်းသင်တန်းသားသည် အခြားသော ဝင်ခွင့်စာမေးပွဲ စစ်ဆေးခြင်းကိုလည်း ဖြေဆိုနိုင်ရမည်ဖြစ်ပြီး ခန္ဓာကိုယ်ကြံခိုင်မှုစစ်ဆေးခြင်းနှင့် စိတ်ပိုင်းဆိုင်ရာစစ်ဆေးခြင်း စာမေးပွဲကိုလည်း ဖြေဆိုနိုင်ရမည်။ ၂၀၁၀ ခုနှစ်နောက်ပိုင်းတွင်မူ ဝင်ခွင့်အတွက် တက္ကသိုလ်ဝင်စာမေးပွဲအမှတ်များကို ထည့်သွင်းစဉ်းစားခြင်း မပြုတော့ပေ။ တစ်ကိုယ်ရည် လူတွေ့စစ်ဆေးမေးမြန်းခြင်းသည် ဝင်ခွင့်ရရှိရန်အတွက် အရေးအကြီးဆုံးသောအဆင့်တစ်ခု ဖြစ်လာခဲ့သည်။ ၂၀၁၀ ခုနှစ်မှစ၍ တက္ကသိုလ်သည် သင်တန်းသား ၁၀၀ သို့ ၁၀၀ ထက်လျော့သော သင်တန်းသားအရေအတွက်ကိုသာ လက်ခံခဲ့သည်။ ၂၀၁၂ ခုနှစ် ဝင်ခွင့်စာမေးပွဲတွင်မူ သင်တန်းသား ၄၀ ဦးသာ ဝင်ခွင့်အောင်မြင်ခဲ့ပြီး တက်ရောက်ခွင့် ရရှိခဲ့သည်။
Remove ads
ဆက်စပ်ဖတ်ရှုရန်
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads