ဆေးတက္ကသိုလ်(မကွေး)

မကွေးမြို့ရှိ ဆေးပညာနှင့်သက်ဆိုင်သော တက္ကသိုလ် From Wikipedia, the free encyclopedia

ဆေးတက္ကသိုလ်(မကွေး)
Remove ads

မကွေးဆေးတက္ကသိုလ် (အင်္ဂလိပ်: University of Medicine, Magway) သည် မကွေးတိုင်းဒေသကြီးမကွေးမြို့တွင် တည်ရှိသည်။ မကွေးဆေးတက္ကသိုလ်ကို ၂၀၀၁ ခုနှစ် မေလတွင် မကွေးမြို့၌ ဖွင့်လှစ်ခဲ့သည်။ ရန်ကုန် - မန္တလေး (အနောက်ဘက်လမ်း) လမ်းမကြီးဘေးတွင် မကွေးမြို့မှ ရေနံချောင်းဘက်သို့ အထွက်တွင် တည်ရှိသည်။ မကွေးမြို့မှ (၆) မိုင်ခန့် ကွာဝေးသည်။

အချက်တိုများ ဆောင်ပုဒ်, အင်္ဂလိပ်ဘာသာ ဆောင်ပုဒ် ...
Thumb
ဆေးတက္ကသိုလ်(မကွေး)၏ အဓိကဝင်ပေါက်

စတင် တည်ထောင် သူမှာ ဒေါက်တာ သန်းမြင့် ဖြစ်ပြီး ၂၀၂၂ ခုနှစ်တွင် မြန်မာနိုင်ငံလူ့အခွင့်အရေး ကောင်မရှင်တွင် အဖွဲ့အဝင်အဖြစ် လုပ်ကိုင်လျက်ရှိသည်။ ဆေးတက္ကသိုလ် မကွေးကို အားတက်တရော တည်ထောင်သူအဖြစ် ဗိုလ်ချုပ်ခင်ညွန့် အား သိထားကြသည်။ သို့ရာတွင် အာဆီယံနိုင်ငံများနှင့် နှိုင်းယှဉ်ပါက မြန်မာနိုင်ငံတွင် ဆရာဝန် ဦးရေ အလွန်နည်းသောကြောင့် ထိုစဉ်က ဗိုလ်ချုပ် သန်းရွှေ အမိန့်ချ စီမံခဲ့သည်ဟုလည်း သိရသည်။ ဆေးတက္ကသိုလ် မကွေး တည်ထောင်စဉ် တာဝန်ရှိသော ကျန်းမာရေး ဝန်ကြီးမှာ ဒေါက်တာ ကျော်မြင့် ဖြစ်သည်။​

သင်တန်းကာလမှာ ၅ နှစ်၊ အလုပ်သင် ၁ နှစ် စုစုပေါင်း ၆ နှစ်ကြာ တက်ရောက်ရသော ကျောင်းဖြစ်သည်။ နှစ်စဉ် ကျောင်းသား ဦးရေ ၁၀ဝ ဝန်းကျင်ခန့်ကို လက်ခံသင်ကြားပေးသည်။ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် မြန်မာတစ်နိုင်ငံလုံးရှိ ဆေးတက္ကသိုလ်များအတွက် တပြေးညီ သတ်မှတ်ထားသော ရမှတ်ရရှိသူများအား လက်ခံ သင်ကြားပေးသည်။ အမ်ဘီဘီအက်စ် ဘွဲ့၊ နှင့် ဆေးဘက်ဆိုင်ရာ ဘွဲ့လွန်ဒီဂရီများအား တက်ရောက်ရယူနိုင်သည်။ ၂၀၁၁ ခုနှစ် မေလ ၂၂ ရက်နေ့တွင် ဆေးတက္ကသိုလ်မကွေး ၏ ဆယ်နှစ်ပြည့်အခမ်းအနားကို ကျင်းပခဲ့သည်။

ဆေးတက္ကသိုလ်(မကွေး)သည် Educational Commission for Foreign Medical Graduates က မြန်မာနိုင်ငံအတွင်း အသိအမှတ်ပြုသော ကျောင်း ၄ ကျောင်းအနက် တစ်ကျောင်းလည်းဖြစ်သည်။

လက်ရှိ ပါမောက္ခချုပ်မှာ ဒေါက်တာဌေးလှ ဖြစ်သည်။ ဒုတိယ ပါမောက္ခချုပ် (စီမံ)မှာ ဒေါက်တာအေးအေးဦး ဖြစ်ပြီး ဒုတိယပါမောက္ခချုပ်(သင်ကြား)မှာ ဒေါက်တာလှဝင်းမြင့် ဖြစ်သည်။

Remove ads

ထင်ရှားကျော်ကြားသူများ

မျိုးမြင့်အောင် ( Open Society Foundation Myanmar , တပ်မတော် မှ ဖမ်းဝရမ်း ထုတ်ခံထား၍ ထွက် ပြေး)​

သင်ကြားပေးသော ဘာသာရပ်များ

ပထမနှစ် အမ်ဘီဘီအက်စ်

ဒုတိယနှစ် အမ်ဘီဘီအက်စ်

  • ခန္ဓာဗေဒ (Human Anatomy)
  • ဇီဝဓာတုဗေဒ (Biochemistry)
  • ဇီဝကမ္မဗေဒ (Physiology)

တတိယနှစ် အမ်ဘီဘီအက်စ်

နောက်ဆုံးနှစ် အပိုင်း (က) အမ်ဘီဘီအက်စ်

  • ရောဂါဗေဒ (Systemic Pathology)
  • ကာကွယ်ရေးနှင့် လူမှူရေး ဆေးပညာ (Preventive and Social Medicine)
  • ဥပဒေရေးရာ ဆေးပညာ (Forensic Medicine)
  • ဥပဒေရေးရာဆေးပညာ လက်တွေ့ ကွင်းဆင်းလေ့လာရေး (Field Trip)
  • ဆေးပညာ (Medicine)
  • ခွဲစိတ်ကုပညာ (Surgery)
  • သားဖွားနှင့်မီးယပ်ပညာ (Obstetric and Gynaecology)
  • ကလေးကျန်းမာပညာ (Paediatrics)

နောက်ဆုံးနှစ် အပိုင်း (ခ) အမ်ဘီဘီအက်စ်

  • ဆေးပညာ (Medicine)
  • ခွဲစိတ်ကုပညာ (Surgery)
  • သားဖွားနှင့်မီးယပ်ပညာ (Obstetric and Gynaecology)
  • ကလေးကျန်းမာပညာ (Paediatrics)
Remove ads

အလုပ်သင် ဆရာဝန်

Thumb
ဆေးတက္ကသိုလ်(မကွေး)၏ သင်ကြားရေးဆေးရုံ

နောက်ဆုံးနှစ် အပိုင်း(ခ) အောင်မြင်ပြီးသော သင်တန်းသားများသည် သက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်းအဆင့် ဆေးရုံကြီးများတွင် အလုပ်သင်ဆရာဝန်အဖြစ် ၁ နှစ်ခန့် လေ့ကျင့်သင်ကြားရသည်။ အလုပ်သင်ဆရာဝန်အဖြစ် သက်မှတ်ကာလပြည့်မီအောင် လေ့ကျင့်ပြီးစီးသော သင်တန်းသားများကိုသာလျှင် အမ်ဘီဘီအက်စ်ဘွဲ့ အား ချီးမြင့်သည်။

အောက်ပါမြို့များရှိ ဆေးရုံများတွင် အလုပ်သင်ဆရာဝန်အဖြစ် လျောက်ထားနိုင်သည်။

  1. မကွေးမြို့
  2. မုံရွာမြို့
  3. မော်လမြိုင်မြို့
  4. တောင်ကြီးမြို့
  5. လားရှိုးမြို့
  6. ကျိုင်းတုံမြို့
  7. မြစ်ကြီးနားမြို့
  8. ဘားအံမြို့
  9. ထားဝယ်မြို့
  10. မြိတ်မြို့
  11. ပုသိမ်မြို့
  12. မအူပင်မြို့
  13. ပြည်မြို့
  14. တောင်ငူမြို့
  15. စစ်တွေမြို့
  16. မိတ္ထီလာမြို့
  17. ပခုက္ကူမြို့
  18. နေပြည်တော်

ဆက်စပ်ဖတ်ရှုရန်

ကိုးကား

ပြင်ပလင့်ခ်

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads