တရုတ်ပြည်မကြီး
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏အုပ်ချုပ်မှုအောက်ရှိဧရိယာ From Wikipedia, the free encyclopedia
Remove ads
တရုတ်ပြည်မကြီး (အင်္ဂလိပ်: Mainland China) ဆိုသည်မှာ ၁၉၄၉ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှ စတင်သော တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ တိုက်ရိုက်အုပ်ချုပ်မှုအောက်တွင် ရှိသော ပထဝီနိုင်ငံရေးနှင့ ပထဝီဝင်အရ သတ်မှတ်ထားသော ဧရိယာ ဖြစ်သည်။ တရုတ်ပြည်မကြီးတွင် တောင်တရုတ်ပင်လယ်တွင်းရှိ ကျွန်းခရိုင်တစ်ခုဖြစ်သော ဟိုင်နန်ပြည်နယ်ပါဝင်သော်လည်း အထူးအုပ်ချုပ်ရေးဒေသများဖြစ်သော ဟောင်ကောင်နှင့် မကာအိုတို့ မပါဝင်ပေ။
ပြည်မကြီးဟု ဘာသာပြန်နိုင်သော တရုတ်ဝေါဟာရ နှစ်ခုရှိသည်။[၁]
- Dàlù (大陆; 大陸) 'တိုက်ကြီး' ဟု အဓိပ္ပာယ်ရပြီး ဟောင်ကောင်နှင့် မကာအိုတို့ ပါဝင်သည်။
- Nèidì (内地; 內地) - 'ကုန်းတွင်း' သို့မဟုတ် 'အတွင်းကုန်းမြေ' ဟု အဓိပ္ပာယ်ရပြီး ဟောင်ကောင်နှင့် မကာအိုတို့ မပါဝင်ပေ။[၂]
တရုတ်ပြည်သူ့သမ္မတနိုင်ငံအတွင်းတွင် အဆိုပါဝေါဟာရနှစ်မျိုး အသုံးပြုခြင်းသည် တင်းကြပ်ထားပြီး အချင်းချင်းဖလှယ်မရချေ။ တရုတ်တစ်နိုင်ငံတည်း မူဝါဒကို ပိုမိုအသားပေးပြီး ရေလက်ကြားဆက်ဆံရေးတွင် တရုတ်သမ္မတနိုင်ငံအား တန်းတူမဖြစ်စေရန်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ထိုင်ဝမ်နှင့် ဆက်ဆံသော တရားဝင်ရုံးသုံးအခေါ်အဝေါ်တွင် ပြည်မကြီးဝေါဟာရကို အသုံးပြုသည် (ထိုင်ဝမ်ဖက်ခြမ်းနှင့် ဆက်ဆံရာတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံဖက်အား "ပြည်မကြီး" ဟု ရည်ညွှန်းသည်)။ သို့သော် ဟောင်ကောင်နှင့် မကာအိုတို့နှင့် ဆက်ဆံရေးတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် "ဗဟိုပြည်သူ့အစိုးရ" ဟု ရည်ညွှန်းသုံးနှုန်းသည်။
ထိုင်ဝမ်တွင် "ပြည်မကြီးဧရိယာ" ဆိုသည်မှာ တရုတ်သမ္မတနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အသုံးပြုထားသော "တရုတ်သမ္မတနိုင်ငံ၏ လွတ်လပ်သောဧရိယာ"ဟူသည့် ဝေါဟာရ ဖြစ်သည်။[၃]
Remove ads
အခြားကြည့်ရန်
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads