ရန်ကင်းမြို့နယ်

မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၏ မြို့နယ် From Wikipedia, the free encyclopedia

ရန်ကင်းမြို့နယ်map
Remove ads

ရန်ကင်းမြို့နယ် (အင်္ဂလိပ်: Yankin Township) သည် မြန်မာနိုင်ငံရန်ကုန်တိုင်းဒေသကြီးသင်္ဃန်းကျွန်းခရိုင်ရှိ မြို့နယ်တစ်ခု ဖြစ်သည်။ရန်ကင်းမြို့နယ်သည် ရန်ကုန် မြောက်ဘက်၊ အလယ်ပိုင်းတွင် တည်ရှိသည်။မြောက်ဘက်တွင် မရမ်းကုန်းမြို့နယ်၊ အနောက်ဘက်တွင် မရမ်းကုန်းမြို့နယ် နှင့် ဗဟန်းမြို့နယ်၊ အရှေ့ဘက်တွင် တောင်ဥက္ကလာပ နှင့် သင်္ဃန်းကျွန်းမြို့နယ်၊ တောင်ဘက်တွင် တာမွေမြို့နယ် တို့ တည်ရှိကြသည်။

အချက်တိုများ ရန်ကင်း မြို့နယ်, နိုင်ငံ ...
Remove ads

သမိုင်းအကျဉ်း

ရန်ကင်းကို Free of Strife ဟု Wikiတွင် ဘာသာပြန်ထားပြီး ခြင်ပေါသော ရာဘာတောဖြစ်ခဲ့သည့် ရန်ကင်းမြို့ကို ၁၉၅၂ ခုနှစ် တွင် ရန်ကုန်မြို့တိုးချဲ့ရပ်ကွက်များ အဖြစ် ရန်ကင်းတိုက်တန်းများကို တည်‌ဆောက်ခဲ့ပြီးနောက် တော်လှန်ရေးကောင်စီအစိုးရ က မြို့နယ် အဖြစ် စတင်သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီး ၏ အချက်အလက်များတွင် ရန်ကင်းမြို့သည် စစ်ကြီးမဖြစ်မီကာလက ရန်ကုန်မြူနီစီပယ်နယ်နမိတ် အပြင်ဘက်ရှိ ကဲဘဲ့မြို့မ Town Committe ဖြစ်ခဲ့ကာ၊အင်းစိန်ခရိုင် ထဲတွင် ပါဝင်ခဲ့သည်ဟု မှတ်တမ်းပြုစုထားသည်။ထိုစဉ်ကာလက မြူနီစီ ပယ်ပြင်ပမှ မြို့နယ်၊မြို့မ များကို Town Committe ဟူ၍ ဖွဲ့စည်းပြီး စီမံအုပ်ချုပ်သည်။

Remove ads

ရာဇဝင်

၁၇၅၅-ခုနှစ်၊ ကုန်းဘောင်မင်းဆက်၊ အလောင်းမင်းတရားကြီး သံလျင်တံငါရွာလေးကိုအောင်နိုင်ပြီး ရန်အပေါင်းကင်းဝေးစေရန် တည်‌ဆောက်ခဲ့သော ပဲခူးမြစ်တစ်ဘက်ကမ်း၊ ဒဂုံမြို့(ရန်ကုန်)မြို့၏ မြောက်ဘက် ၆ မိုင်အကွာ ရာဘာတောမှ အခုရန်ကင်းမြို့ကိုတည်ခဲ့သည်။

ကျောက်ကုန်း၊ ဘောက်ထော်၊ ကံဘဲ့ ဟူသည် ရန်ကင်းမြို့မတည်ခင်ထဲက ရှိနေသော ရွာကြီးများဖြစ်သည်။ သူကြီးအုပ်ချုပ်ပြီးအင်းစိန်စီရင်စုထဲတွင် ပါဝင်သည်။ ရန်ကင်း(၁၆)ရပ်ကွက်၊ ဘောက်ထော်တွင် နေထိုင်သော ကံဘဲ့သူကြီး ဦး‌ကျော်လှမှာ ထင်ရှားခဲ့သည်။

ရန်ကင်းတိုက်ခန်းများမဖြစ်ခင် ကန်ကုန်း၊ ရွာသစ်ကုန်းရွာငယ်လေးများရှိပြီး ရွာသစ်ကုန်းဆိုသည်မှာ အခုရန်ကင်းဈေးနှင့် ရန်ငြိမ်းအိမ်ရာနေရာ၊ ပညာဝတီဘုန်းကြီးကျောင်းဘေးဖြစ်သည်။ ကန်ကုန်းကဖျက်သိမ်းလိုက်သော ရန်ကင်း(၁၀)ရပ်ကွက်​ဖြစ်သည်။​ ဘဲကန် (ဆည်မြောင်းရုံး)နှင့် တပ်‌ဟောင်းသနက(၄) ကြားတွင် တည်ရှိသည်။

ရန်ကင်းမြို့နယ် အတွင်းရှိ ရပ်ကွက် (၁၅) ခုအနက် အမှတ်(၁)၊(၂)၊(၃)၊(၄)၊(၅)၊(၆) ရပ်ကွက်များသည် ပါလီမန်ခေတ်ဝန်ကြီးချုပ် ဦးနု လက်ထက်အကောင်အထည်ဖေါ်ခဲ့သော ပြည်တော်သာစီမံကိန်းအရ ဖြစ်ပေါ်လာသည့် အိုးအိမ်ဦးစီးဋ္ဌာနပိုင် တိုက်တန်းလျားများ နှင့် လူနေတိုက်အိမ်ရာများ ဖြစ်ကြသည်။ပါလီမန်ခေတ်၊ မဆလခေတ်၊ နဝတခေတ်နှင့် နအဖခေတ်အဆက်ဆက် အရပ်ဘက်စစ်ဘက် လူကြီးအများစုသည် ရန်ကင်းတွင် နေထိုင်ခဲ့ကြသည်။

Remove ads

အကျယ်အဝန်း

၂၀၀၀-ခုနှစ်၊ စာရင်းအရ ရန်ကင်းအကျယ်အဝန်းမှာ ၁.၉၄၂ စတုရန်းမိုင်၊ လူသိပ်သည်းဆ တစ်စတုရန်းမိုင်လူအယောက် ၈၀၀၀၀၊ လူစုစုပေါင်း ၁၅၅၀၀၀ ရှိခဲ့သည်။

၁၉၇၄ ခုနှစ် ဧပြီလ ၁၀ ရက်နေ့ တွင် ပြည်ထဲရေးဝန်ကြီးဌာန က ရန်ကင်းမြို့နယ်ကို ရပ်ကွက် (၁၆) ခုဖြင့် ဖွဲ့စည်းခဲ့သည်။

ဘဲကန်၊ ကန်ကုန်း ဟု ခေါ်သော ရန်ကင်း(၁၀)ရပ်ကွက်ကို နဝတစစ်အစိုးရခေတ် ၂၀၀၆ ခုနှစ် ဇန်နဝါရီ ၆ရက်နေ့တွင် ဖျက်သိမ်းပြီး၊ထို ၁၀ရပ်ကွက်သည် ဒိုက်ဦး အေးသုခကျေးရွာနှင့် ဒဂုံမြို့သစ်(မြောက်ပိုင်း) ပြောင်းရွှေ့ခဲ့ရ၍ ယခုအခါ ရပ်ကွက် (၁၅) ရပ်ကွက်သာ ကျန်တော့သည်။

ပညာရေး

ရန်ကင်းမြို့နယ်တွင် မူလတန်းကျောင်း (၁၃)ကျောင်း၊အလယ်တန်းကျောင်း (၇)ကျောင်း၊အထက်တန်းကျောင်း (၂)ကျောင်း တည်ရှိသည်။ ကံဘဲ့ ဆရာအတတ်သင်သိပ္ပံ(ခေါ်) ရန်ကင်းပညာရေးကောလိပ်(ရန်ကင်း TTC) မှာ ထင်ရှားသည်။

ရန်ကင်းမြို့နယ်သည် စီးပွားရေးမြို့တော်ဖြစ်ပြီး (၂)ရပ်ကွက်ရှိ ရန်ကင်းစင်တာ၊ အနောက်ရန်ကင်းမှာရှိသော Space Condo, Sky Suite Condo နှင့် ခေတ်မှီအိမ်ရာအသစ်များ၊ ဆောက်လုပ်ဆဲမိုးမျော်တိုက်စီမံကိန်းများ ခေတ်မှီအဆောက်အဦး ဈေးဝယ်စင်တာများသည် ရန်ကုန်မြို့ရှိဈေးဝယ်သူများကို ဆွဲဆောင်​ရာ အဓိကနေရာတစ်ခုဖြစ်လာခဲ့သည်။

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads