တုရင်တောင်စေတီ

From Wikipedia, the free encyclopedia

တုရင်တောင်စေတီ
Remove ads

တုရင်တောင်စေတီ သည် ညောင်ဦး-ကျောက်ပန်းတောင်း ကားလမ်းအနောက်ဘက်၊ ပုဂံမြို့၏ အရှေ့တောင်ဘက် ခြောက်မိုင်ခန့် အကွာတွင် တည်ရှိသော တုရင်တောင်ပေါ်တွင် တည်ရှိသည်။ အနော်ရထာမင်းကြီး အဓိဋ္ဌာန်နှင့် စေလွှတ်သော ဆင်ဖြူရတနာ စတုတ္ထအကြိမ်မြောက် ဝပ်သောနေရာဖြစ်ပြီး စတုတ္ထအကြိမ်မြောက် တည်သော စွယ်တော်မြတ်ဘုရားကြီး ဖြစ်ပေသည်။ သက္ကရာဇ် ၄၂၁ ခုနှစ်တွင် စေတီတော်မြတ်ကို တည်ခဲ့ခြင်းဖြစ်သည်။

Thumb
တုရင်တောင်စေတီ
  • စေတီပုထိုးအမှတ်=၂၂၂၃
Remove ads

ပြုပြင်မှု

ပထမဒါယကာ အနော်ရထာမင်းကြီး၏ နောက်ပိုင်း ပြုပြင်မွမ်းမံသူ မရှိကြောင်း တွေ့ရသည်။ သာသနာသက္ကရာဇ် ၂၄၅၆-ခုနှစ် ရောက်မှသာ ပထမတောင်ပေါ် ဆရာတော် ဦးအာလောက၏ စီမံဦးဆောင်မှုဖြင့် ညောင်ဦးမြို့၊ ဈေးရပ် ဦးမှုံ၊ ဒေါ်သာယာ မိသားစုမှ စေတီတော်အား ပြုပြင်မွမ်းမံ၍ ကျောင်းကန် တန်ဆောင်း၊ သိမ်ဇရပ်များ တည်ဆောက် လှူဒါန်းကြကြောင်း တွေ့ရသည်။

လမ်းနှစ်သွယ်

တုရင်တောင် စေတီဘုရားသို့ တက်ရောက်ရာလမ်းမှာ နှစ်လမ်းရှိသည်။ ပထမလမ်းမှာ တောင်ပရွာ ဇရပ်အနီးမှ တက်ရသော ကားလမ်းဖြစ်ပြီး၊ ဒုတိယလမ်းမှာ တောင်ပရွာ ဇရပ်လမ်း မြောက်ဘက်မုခ်ဦးအဝင်မှ တောင်ပေါ်သည့်ရောက်သော ကားလမ်းဖြစ်သည်။ (တောင်ပေါ်သို့ ကားကြီးများတက်ရန် အခက်အခဲရှိနိုင်သဖြင့် တောင်ခြေတွင် ကားငယ်လေးများက သင့်တင့်သော နှုန်းထားဖြင့် တောင်ပေါ်အရောက်ပို့လျက်ရှိသည်။ ကိုယ်ပိုင်ကားငယ်များဖြင့်လည်းကောင်း၊ ခြေကျင်တက်၍လည်းကောင်း ရသည်။)

Remove ads

ကြည်ညိုဖွယ်ရာ

ဘုရားရင်ပြင်တော်ပေါ်သို့ မရောက်မီ ကားရပ်နားစခန်းအနီး၌ ဘုရားရှင် အမှူးပြုသော ရဟန္တာ(၅၀၀) ဒေသစာရီ ကြွချီတော်မူပုံ ရုပ်တုများကို ဖူးတွေ့ရပါမည်။ ၎င်းအောက်ဘက်တွင် ရှင်အရဟံ တရားထိုင်ခဲ့သော ဂူများရှိသည်။ ၎င်းအပြင် စောရဟန်းသိမ်နှင့် ရင်ကွဲဘုရားဟု ခေါ်သော ပုထိုးကြီး(ရွှေဂူကြီး)ဘုရားရှိသည်။ ဘုရားစောင်းတန်း အုတ်လှေကားအတိုင်း တက်လာပါက ရွှေစစ်ကန် ဟူသော ရေကန်တစ်ကန်ရှိပြီး တောင်ပေါ်တွင် ရေသုံးနိုင်ရန် ဖြစ်သည်။ တုရင်တောင်ပေါ်မှ ညောင်ဦးတစ်ဖက် (ဧရာဝတီမြစ်ကမ်း) ၌တည်ရှိသော တန့်ကြည့်တောင်စေတီ စွယ်တော်မြတ်စေတီကို လှမ်း၍ ဖူးမြှော်နိုင်သည်။

ရင်ပြင်တော်ပေါ်တွင် ရဟန္တာအရှင်မြတ်တို့၏ ရုပ်တုများကို ဖူးတွေ့ရမည်။

ကျောက်စာရုံ

ဘုရား၏ အောက်ခြေစောင်းတန်း လှေကားအဆုံး ညာဘက်တွင် ကျောက်စာရုံ တစ်ရုံရှိသည်။ ထိုကျောက်စာရုံ၌ ကျောက်စာ သုံးချပ်ရှိပြီး သက္ကရာဇ် (၄၀၀)ကျော်၊ ခရစ်နှစ် ၁၀၃၈-ခုနှစ်လောက်က ရေးထိုးသည်ဟု ခန့်မှန်းရသည်။ တုရင်တောင်ကျောက်စာနှင့် စောရဟန်းသိမ် ကျောက်စာတို့ ရှိသည်။ (စာကြောင်းရေ (၂၉)ကြောင်းရှိသော စောရဟန်းသိမ်ကျောက်စာ မြန်မာပြန် ဆိုင်းဘုတ်တစ်ခုရှိသည်။ တုရင်တောင်ကျောက်စာကိုမူ မန္တလေးမြို့ ကျောက်စာရုံတွင်ရှိသော မူရင်းကျောက်စာအား မြန်မာနိုင်ငံ ရှေးဟောင်းသုတေသနဦးစီးဌာနမှ ပညာရှင်တို့၏ အကူအညီဖြင့် ကူးယူထားခြင်း ဖြစ်သည်။) [] []

Remove ads

ရုပ်ပုံများ

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads