ကျောက်ပန်းတောင်းမြို့

မြန်မာနိုင်ငံ၊ မန္တလေးတိုင်းဒေသကြီး၏ မြို့ From Wikipedia, the free encyclopedia

Remove ads

ကျောက်ပန်းတောင်းမြို့သည် မြန်မာနိုင်ငံအလယ်ပိုင်း ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်အတွင်း မြို့အုပ်ရုံးစိုက်ရာမြို့ ဖြစ်၏။ မြင်းခြံမြို့မှ ၅၈ မိုင် ဝေး၏။ မြို့မှာ စတုရန်း ၂ မိုင်ခန့် ကျယ်ဝန်း၍ ၁၉၅၃-ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၅၄၈ဝ ခန့်ရှိသည်။ လူများသည် တောင်သူလုပ်ငန်းဖြင့် အဓိက အသက် မွေးမြူကြသည်။ ထိုမြို့နယ်မှ ထန်းလျက်၊ မြေပဲ၊ နှမ်း၊ ဆီ၊ မန်ကျည်းသီးဩဇာသီးနဂါးမောက်သီး နှင့် သနပ်ခါးခေါက်များ အများအပြား ထွက်လေသည်။

အချက်တိုများ ကျောက်ပန်းတောင်းမြို့, နိုင်ငံ ...
Remove ads

သမိုင်းကြောင်း

ပုဂံပြည် အနော်ရထာမင်း တည်ခဲ့သော မြို့ဖြစ်၍ အနော်ရထာမင်းသည် နောင်တော် စုက္ကတေးမင်းအား စစ်သည်ဗိုလ်ပါ စုဆောင်းကာ ဤအရပ်မှ တော်လှန် အောင်မြင်ခဲ့လေ၏။ သို့ဖြင့် မမေ့အပ်သောအရပ် ဖြစ်သည့်အတိုင်း မြို့ရွာ တည်ဆောက်ပေးခဲ့သည်။ ကျောက်ပန်းတောင်းမြို့တွင် မြေပြင်မှ ပေ ၆ဝ၊ ၇ဝ ခန့် မြင့်မား၍ ပန်းတောင်းပုံသဏ္ဌာန်ရှိသော ကျောက်စိုင်ကျောက်တုံးများ သဘာဝအလျောက် စီရရီ ဖြစ်ပေါ်လျက် ရှိသည်။ ထိုကျောက်စိုင်များကို အစွဲပြု၍ ကျောက်ပန်းတောင်းဟု အမည်တွင်ဟန်တူသည်။ အချို့ကျောက်တုံး များပေါ်တွင် စေတီများ တည်ထားကိုးကွယ်ထားကြသည်။

Remove ads

ထင်ရှားသောနေရာများ

ထင်ရှားသောစေတီများမှာ မြရွှေဂူနှင့် ရွှေတောင်ဦး ဖြစ်သည်။ မြို့၏အရှေ့မြောက်ယွန်းတွင် ရှိသော ပေ ၄၉၈၁ မြင့်သည့် ပုပ္ပါးတောင်နှင့် ခရီး ၈ မိုင်ခန့်သာ ဝေးပြီး တောင်တက်စခန်းများလည်း ရှိသည်။

မုန့်ပြားသလပ်သည် ကျောက်ပန်းတောင်းမြို့၏ အဓိကသရေစာဖြစ်သည်။ ကျောက်ပန်းတောင်းအာလူးကြော်နှင့် ထန်းလျက်မှာလည်း နာမည်ကျော်ကြားသည်။[]

ပို့ဆောင်ဆက်သွယ်ရေး

ပျဉ်းမနားမြို့မှ ကျောက်ပန်းတောင်းသို့ မီးရထားလမ်းခွဲ ရှိသည့်အပြင် ညောင်ဦးမြင်းခြံမိတ္ထီလာမြို့မကွေးမြို့များ/ဆင်ဖြူကျွန်းမြို့ မင်းဘူမြို့များသို့ လည်း မော်တော်ကားလမ်းများဖြင့် ဆက်သွယ်လျက်ရှိလေသည်။

ယခုအခါ ရန်ကုန်မန္တလေးငါ့သရောက်မြို့တို့ အပါအဝင် အခြားမြို့များသို့ တိုက်ရိုက် အဆင့်မြင့်သယ်ယူပို့ဆောင်ရေးကား (Express) များ ဖြင့်လည်း တိုက်ရိုက် သွားလာနိုင်ပြီဖြစ်သည်။

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads