တုံးဗျောငယ်ရွာ၊ မြိတ်မြို့နယ်
From Wikipedia, the free encyclopedia
Remove ads
တုံးဗျောငယ်ရွာ(အင်္ဂလိပ်: Tonebyawnge)သည် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်၊ တုံးဗျောကျေးရွာအုပ်စု (Tone Byaw)၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ 177524 ဖြစ်သည်။[၁][၂]
အထက (တုံးဗျော)ကို မြေ ၂ ဧကကျော်ပေါ် တည်ဆောက်ထားကာ၊ ဆရာ/မ ၃၀ ကျော်၊ ကျောင်းသား/သူ ၁၀၀၀ ကျော် ရှိသည်။ မြေ ၃ ဧက ကျယ် အလကခွဲ (တုံးဗျောငယ်)တွင် ကျောင်းသား ၂၀၀ ကျော်၊ ဆရာ/မ ၈ ဦး ရှိသည်။
တုံးဗျောကျေးရွာအုပ်စုတွင် တုံးဗျောကြီးရွာ (ရွာဟောင်း)၊ တုံးဗျောငယ်ရွာ (ရွာဟောင်း)၊ ကင်းတပ်ရွာ၊ ဘုရားကုန်းရွာ၊ မော်တရုတ်ရွာ၊ တောင်ပုရွာ၊ ပြင်ကြီးရွာ၊ ချောင်းဝပြင်ရွာ၊ လသာရွာ၊ ချောင်းဝရွာ၊ မွေးရှောင်ရွာ တို့ ပါဝင်သည်။ အိမ်ခြေ ၁၂၀၉ ၊ အိမ်ထောင်စု ၁၃၄၇ စု၊ လူဦးရေ ကျား ၃၅၉၆ ဦး၊ မ ၃၄၉၂ ဦး၊ စုစုပေါင်း ၇၀၈၈ ဦး ရှိသည်။
ကျေးရွာအုပ်စုတွင်းရှိ စာသင်ကျောင်းများမှာ
- တုံးဗျောကြီး (အ.မ.က)မြန်မာ
- တုံးဗျောကြီး (အ.မ.က)ကရင်
- တုံးဗျောငယ်(အ.လ.က)ခွဲ
- ကင်းတပ် (အ.ထ.က)
- လသာ(အ.မ.က)
- ချောင်းဝပြင်(အ.မ.က)
- မွေးရှောင်(အ.မ.က) တို့ ဖြစ်သည်။
Remove ads
ကိုးကား
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads