တောင်ပြိုလက်ဝဲမြို့
From Wikipedia, the free encyclopedia
Remove ads
တောင်ပြိုလက်ဝဲမြို့သည် ရခိုင်ပြည်နယ် မြောက်ဖျားပိုင်း မောင်တောခရိုင်၌ တည်ရှိသည်။ မြန်မာနိုင်ငံ အနောက်ဘက်စွန်းတွင် တည်ရှိသော မြို့တစ်မြို့ဖြစ်သည်။
Remove ads
သမိုင်းကြောင်း
၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ပြည်ထဲရေး ဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာဖြင့် တောင်ပြိုလက်ဝဲကျေးရွာမှ ဒေးပိုင်ညာ၊ ဆင်မကာရာ၊ ရာမျိုးကာရာ၊ ဖွေးရာနှင့် မြောက်ရွာတို့ကို စုစည်း၍ မြို့ပေါ်ရပ်ကွက် ၅ ရပ်ကွက်ဖြင့် တောင်ပြိုလက်ဝဲမြို့အဖြစ်လည်းကောင်း၊ တောင်ပြိုလက်ဝဲမြို့အပါအဝင် တောင်ပြိုလက်ယာ၊ မီးတိုက်၊ ကွမ်းသီးပင်၊ သဲချောင်း၊ လိပ်ရ၊ ကျောက်ချောင်း၊ ကျွန်းပေါက်ပြုစု၊ ကျွန်းပေါက်ဆင်အိုး၊ ဇီးပင်ချောင်း၊ ရေတွင်းပြင်ကျေးရွာအုပ်စု ၁၀ အုပ်စုကို စုစည်း၍ တောင်ပြိုလက်ဝဲမြို့နယ်ခွဲ အဖြစ်လည်းကောင်း ဖွဲ့စည်းခဲ့သည်။ ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ပြုလုပ်သော ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးတွင် မြို့နယ်ခွဲစကားရပ်အား ပယ်ဖျက်ကာ မြို့အဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။[၃]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads