တောင်မြင့်ရွာ၊ ပေါက်မြို့နယ်

မြန်မာနိုင်ငံ၊ မကွေးတိုင်းဒေသကြီးရှိ နေရာ From Wikipedia, the free encyclopedia

Remove ads

တောင်မြင့်ရွာ (အင်္ဂလိပ်: Taungmyint)သည် မကွေးတိုင်းဒေသကြီးပခုက္ကူခရိုင်ပေါက်မြို့နယ်တောင်မြင့်ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၈၈၈၁၅ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ တောင်မြင့်ကျေးရွာအုပ်စုတွင် ကျား ၂၁၅၅ ဦး၊ မ ၂၆၅၀ ဦး၊ လူဦးရေ စုစုပေါင်း ၄၈၀၅ ဦးနေထိုင်သည်။[] ကျေးရွာသည် တောင်မြင့်ကျေးရွာအုပ်စု၏ ပင်မရွာ ဖြစ်သည်။[]

အချက်တိုများ တောင်မြင့်, တောင်မြင့်ရွာ ...
Remove ads

သမိုင်း

၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော ပြည်သူ့ခုခံတော်လှန်စစ်ကာလတွင် စာသင်ကျောင်းများ ပိတ်ထားခဲ့သည်။ ကျေးရွာသည် ၂၀၂၂ ခုနှစ် အောက်တိုဘာလတွင် တပ်မတော် စစ်ကောင်စီ၏ စစ်ရာဇဝတ်မှုကျူးလွန်ခဲ့ရာ နေရာ ဖြစ်လာခဲ့သည်။ စစ်ကောင်စီတပ်သားများက အနီးနားရှိ သစ်ညီနောင်ရွာမှ ကျောင်းဆရာတစ်ဦးအား ခေါင်းဖြတ်သတ်ဖြတ်ခဲ့ပြီး ဦးခေါင်းအား စာသင်ကျောင်းဝင်ပေါက်တွင် ချိတ်ဆွဲထားခဲ့သလို စာသင်ကျောင်းအား မီးရှို့ခဲ့သည်။[][] ပြည်တွင်းစစ်မတိုင်မီ ၂၀၁၉ ခုနှစ်က ကျေးရွာတွင် အလယ်တန်းကျောင်းတစ်ကျောင်ရှိကာ ဆရာဆရာမ ၉ ဦးနှင့် ကျောင်းသားကျောင်းသူ ၁၂၃ ဦး တက်ရောက်ခဲ့သည်။[]


Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads