တံတားဦးမြို့
From Wikipedia, the free encyclopedia
Remove ads
တံတားဦးမြို့သည် မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်တွင် ပါဝင်ပြီး အင်းဝမြို့ဟောင်းအနီးတွင် တည်ရှိသည်။ တံတားဦးတွင် တည်ရှိသောရွာကို တံတားဦးရွာဟု ခေါ်ရာမှ မြို့ဖြစ်လာခြင်း ဖြစ်သည်။ တံတားဦးမြို့အနီးတွင် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ် တည်ရှိသည်။
Remove ads
သမိုင်းကြောင်း
ပထမမင်းခေါင် မင်းသားငယ်ဘဝက ပညာသင်စဉ် တစ်ညတွင် ထူးဆန်းသောအိပ်မက်ကို မက်မြင်သည်။ အင်းဝကို ဗိုက်မှထွက်သော အူတို့ဖြင့် ရစ်ပတ်သည် ဟုမက်မြင်ခြင်းဖြစ်သည်။ အိပ်မက်မှနိုးသော် ပညာသင်ကြားပေးသည့် ဆရာတော်အား လျှောက်တင်လေသည်။ ထိုအခါဆရာတော်က ခြေဖြင့် မင်းဆွေအား အလျင်ကန်ပြီး နောင်တွင်မင်းဖြစ်ပါက ငါ့ကိုမမေ့ရန် ကန်ခြင်းဖြစ်သည် ဟုဆိုသည်။ မင်းဖြစ်ပါက အင်းဝမှ ရေလွှမ်းရာ ခြိုင့်ဝှမ်းကြီးကိုဖြတ်ကာ ယခု စံကျောင်းရှိရာနေရာသို့ တံတားထိုးရန် မိန့်သည်။ မင်းဆွေလည်း ကတိခံခဲ့ပြီး မင်းဖြစ်လျှင် ကတိအတိုင်း တံတားထိုးပေးခဲ့ပြီး မဟာဇေယပထတံတားဟုခေါ်သည်။ ထိုသို့ တံတားထိုးရာ တံတားဦးချရာအရပ်(အင်းဝမှ တစ်ဖက်ကမ်း)ကို ယနေ့တိုင်တံတားဦးမြို့ ဟုခေါ်သည်။
ဘကြီးတော်(စစ်ကိုင်းမင်း)လက်ထက် နန်းမတော်မယ်နု၏ မောင်တော် စလင်းမြို့စား မောင်အိုက ထိုတံတားကို ပြုပြင်ဆောက်လုပ်ပြီး သက္ကရာဇ် (၁၁၈၉)ခုနှစ်၊ တပေါင်းလဆန်း (၂)ရက် စနေနေ့တွင် ဖွင့်လှစ်ခဲ့သည်။ ထို့ကြောင့် ဦးအိုအုတ်လမ်းဟုလည်း လူသိများသည်။ ထိုတံတား၏ အဦး၌ တည်ရှိ၍ တံတားဦးဟု ခေါ်သည်။ [၂]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads