ထန်းတပင်မြို့၊ တောင်ငူခရိုင်

From Wikipedia, the free encyclopedia

Remove ads

ထန်းတပင်မြို့သည် ပဲခူးတိုင်းဒေသကြီးတောင်ငူခရိုင် ထန်းတပင်မြို့နယ်၏ ရုံးစိုက်မြို့ဖြစ်သည်။ စစ်တောင်းမြစ်၏ အရှေ့ဘက်တွင် တည်ရှိ၍၊ စစ်တောင်းမြစ်တစ်ဘက်မှ တောင်ငူမြို့သို့ မော်တော်ကားလမ်း ဖောက်ထားသည်။ မြို့နယ်၏ အကျယ်အဝန်းမှာ စတုရန်းမိုင် ၆၄၇ မိုင်ရှိ ပြီးလျှင် မြို့နယ်၏မြေမျက်နှာပြင်သည် စစ်တောင်းမြစ်မှ ကရင်ပြည်နယ်စပ်ရှိ တောင်ခြေများအထိ တည်ရှိလေသည်။ ၁၉၅၆ ခုနှစ် ခန့်မှန်းခြေ သန်းခေါင်စာရင်းအရ မြို့နယ်၏ လူဦးရေမှာ ရှစ်သောင်းခန့်ရှိသည်။ လယ်ယာစိုက်ပျိုးရေးနှင့်တောင်ယာလုပ်ငန်း လုပ်ကိုင်ကြသည်။ ဆန်စပါး နှင့် မက်ပဲ ကိုအဓိကစိုက်ပျိုးကြသည်။[]

မြို့နယ်တွင်း ရပ်ကွက် ( ၆ ) ရက်ကွက် ဖြင့် ဖွဲ့စည်းထားသည်။ ၎င်း ရပ်ကွက်များမှာ -

  1. သီရိရတနာ ရပ်ကွက်
  2. သီရိဟေမာ ရပ်ကွက်
  3. အောင်သုခ ရပ်ကွက်
  4. အောင်ချမ်းသာ ရပ်ကွက်
  5. ဆိပ်ကြီး ရပ်ကွက်
  6. သီရိမင်္ဂလာ ရပ်ကွက် တို့ဖြစ်ကြသည်။

ဆန်စပါး၊ ပြောင်းဖူး၊ ကွမ်းသီး၊ ဒူးရင်းသီး၊ အုန်းသီး၊ ဒညင်းသီး၊ ပဲဆီ၊ မြေပဲ၊ မက်ပဲ စသည်တို့သည် အဓိက ရာသီ ထွက်ကုန် စည် သီသီးနှံများဖြစ်ကြသည်။ ဗမာ၊ စကော ကရင်၊ ပအိုဝ်း လူမျိုးတို့ အများဆုံးနေထိုင်ကြသည်။ ဗုဒ္ဓဘာသာ နှင့် နှစ်ခြင်း ခရစ်ယာန် တို့ အများဆုံးကိုးကွယ်ကြသည်။

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads