ထရီလီယံ

From Wikipedia, the free encyclopedia

Remove ads

ထရီလီယံ (trillion) တွင် အဓိပ္ပာယ်နှစ်မျိုးရှိသည်။ ပထမတစ်မျိုးမှာ သန်းပေါင်းတစ်သန်း ဟုအဓိပ္ပာယ်ရသည်။ မြန်မာလိုအဓိပ္ပာယ်မှာ သန်းပေါင်းတစ်သန်း(၁,၀၀၀,၀၀၀,၀၀၀,၀၀၀) ဖြစ်သည်။ ၁နောက်မှ သုည (၁၂)လုံးပါရှိသည်။ သိပ္ပံပညာရပ်တွင် တန်ဖိုးများပြားကြီးမားလွန်းသော ကိန်းဂဏန်းများကို ဖော်ပြရာ၌ ထရီလီယံနှင့် အဓိပ္ပာယ်တူသော ရှေ့ဆက်စာလုံး (prefix) ဖြစ်သည့် တယ်ရာ (tera) ကို အသုံးပြုသည်။ ဥပမာအားဖြင့် ၁,၀၀၀,၀၀၀,၀၀၀,၀၀၀ ဘိုက် ကို ၁တယ်ရာဘိုက် ဟုဖော်ပြသည်။ ပမာဏ ဘိုက်ပေါင်း သန်းပေါင်းတစ်သန်းရှိသည်။ ဒုတိယအဓိပ္ပာယ်မှာ ဗြိတိသျှ ဓနသဟာယ နိုင်ငံများတွင် အသုံးများပြီး ပထမတစ်မျိုးနှင့် ပမာဏသတ်မှတ်ချက်မတူပေ။ ၁ နောက်မှ သုည (၁၈)လုံးရှိသည်။

Remove ads

အခြားကြည့်ရန်

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads