မီလီယံ
သဘာဝကိန်း From Wikipedia, the free encyclopedia
Remove ads
မီလီယံ (million) (မီလျံ ဟုလည်း စာလုံးပေါင်းကြ) ဟူသည် ရှေးခေတ် အီတာလျံစကား မီလီယံ (millione) မှဆင်းသက်လာသော အင်္ဂလိပ်စာလုံးဖြစ်သည်။ တစ်ထောင်ဟုအဓိပ္ပာယ်ရသော mille နှင့် ဆတိုးကိန်း နောက်ဆက်စာလုံး (suffix) ဖြစ်သည့် one တို့ကို ပေါင်းစပ်ထားခြင်းဖြစ်သည်။ မြန်မာလိုအဓိပ္ပာယ်မှာ တစ်သန်း(၁,၀၀၀,၀၀၀) ဖြစ်သည်။ ၁နောက်မှ သုည (၆)လုံးပါရှိသည်။ သင်္ချာသင်္ကေတအားဖြင့် ×106 သို့မဟုတ် 106 ဟု ရေးသည်။ 1

သိပ္ပံပညာရပ်တွင် တန်ဖိုးများပြားကြီးမားလွန်းသော ကိန်းဂဏန်းများကို ဖော်ပြရာ၌ မီလီယံနှင့် အဓိပ္ပာယ်တူသော ရှေ့ဆက်စာလုံး (prefix) ဖြစ်သည့် မဂ္ဂါ (mega) ကို အသုံးပြုသည်။ ဥပမာအားဖြင့် ၁,၀၀၀,၀၀၀ ဝပ် ကို ၁မဂ္ဂါဝပ်ဟုဖော်ပြသည်။ ပမာဏ ဝပ်တစ်သန်းရှိသည်။ ၁ သန်း သည် ၁၀၀၀ ၏ နှစ်ထပ်ကိန်း၊ ၁၀၀ ၏ သုံးထပ်ကိန်း ဖြစ်သည်။
Remove ads
အခြားကြည့်ရန်
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads