ထိုင်တော်မူ ဂေါတမဗုဒ္ဓ ရုပ်ပွားတော်ဘုရားကြီး

From Wikipedia, the free encyclopedia

ထိုင်တော်မူ ဂေါတမဗုဒ္ဓ ရုပ်ပွားတော်ဘုရားကြီး
Remove ads

ထိုင်တော်မူ ဂေါတမဗုဒ္ဓ ရုပ်ပွားတော်ဘုရားကြီး (အင်္ဂလိပ်: Statue of Gautama Buddha) သည် မြန်မာနိုင်ငံ၊ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၌ တည်ရှိသည်။ ကျိုက်ထိုမြို့တွင်ရှိသော ဘုရားသုံးဆူတောင်ပေါ်၌တည်ထားသည်။ ဉာဏ်တော်အမြင့် ၇၇.၈၇၆၄ မီတာ (၂၅၅.၅၀၀ ပေ) ရှိ၍ မြန်မာနိုင်ငံတွင် အကြီးဆုံးနှင့် ကမ္ဘာတွင် ဒုတိယမြောက်အကြီးဆုံး ထိုင်တော်မူရုပ်ပွားတော် တစ်ဆူဖြစ်သည်။[] ထိုင်တော်မူ ဂေါတမ ဗုဒ္ဓမြတ်စွာ ဘုရားကြီး၏ ဗုဒ္ဓါဘိသေက အနေကဇာတင် အခမ်းအနားကို (၂၀၁၉) ဧပြီလ (၇)ရက်နေ့၌ ကျင်းပခဲ့ရာ မန္တလေးမစိုးရိမ်တိုက်သစ် မဟာနာယကဆရာတော် ဘဒ္ဒန္တ ကေသရာ ဘိဝံသသီတဂူဆရာတော် ဘဒ္ဒန္တဉာဏိဿရ တို့ကြွရောက်ကြ၍ တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံ တို့လည်းတက်ရောက်ခဲ့ကြသည်။ []

အချက်တိုများ ကိုဩဒိနိတ်, တည်နေရာ ...
Remove ads

အချက်အလက်

ဤဘုရားကြီးတွင် အထပ်ပေါင်း 18 ထပ်ရှိ၍ အလွှာပေါင်းက ၁၈ လွှာရှိပါရှိသည်။ နောက်ဆုံးပွင့်တော်မူခဲ့သော ဂေါတမဗုဒ္ဓမြတ်စွာဘုရားကို အစွဲပြု၍ ဂေါတမဗုဒ္ဓရုပ်ပွားတော် ဘုရားကြီးဟူ၍ ဆရာတော် ဦးတေဇဝန္တကိုယ်တိုင် အမည်ပေးခဲ့သည်။[]

ဘုရားကြီးတည် ထားမှုအတွက် ကျိုက်ထိုမြို့ တောင်သူစု ရပ်ကွက်တွင် နေထိုင်သည့် မြန်မာရွှေပြည်ဟိန်းကုမ္ပဏီ ရွှေသတ္တုတူးဖော်ရေး လုပ်ငန်းပိုင်ရှင် ဦးတင်ဝင်း၊ ဒေါ်အုံးမြင့်တို့ မိသားစုက ကျပ်သိန်းသုံးထောင်ကို မတည်လှူဒါန်းခဲ့သည်။

ထိုင်တော်မူ ဂေါတမဗုဒ္ဓရုပ် ပွားတော်ဘုရားကြီး တည်ရန်အတွက် ၂၀၁၄ ခုနှစ်က စတင်မြေရှင်း ပန္နက်ရိုက်ခဲ့ကာ ၂၀၁၆ ခုနှစ် တွင် သီတဂူဆရာတော်က အုတ်မြစ်ချခဲ့ခြင်းဖြစ်သည်။ ဘုရားကြီး၏ ကိုယ်တွင်း၌ အထပ်များစွာပါဝင်ပြီး ပထမထပ်တွင် ဌာပနာထားကာ ဌာပနာကိုလည်း အလှူရှင်များ ကြည့်မြင်နိုင်အောင်စီမံထားကြောင်း၊ ဉာဏ်တော်အမြင့် ၂၅၅ ပေ ၆ လက်မ ထားခြင်းမှာ ရောက်ရှိနေသည့် သာသနာတော်နှစ်ကို သိမြင်နိုင်အောင်ဖြစ်ကြောင်း ဘုရား၏ အမည်ကိုလည်း မြတ်စွာဘုရား၏ အမည်ရင်း ဂေါတမဗုဒ္ဓ ဟု အမည် ပေးထားသည့် အတွက် ဘုရားဖူးသူများနှင့် ဆုတောင်း သူများအတွက်လည်း သက်တော် ထင်ရှားဘုရားရှင်ကို ရည်စူးပူဇော် နိုင်အောင် ယင်းကဲ့သို့ အမည်ပေး ခဲ့ခြင်းဖြစ်ကြောင်း ဦးတေဇဝန္တ က ဆိုသည်။


ကျိုက်ထိုမြို့ အတွင်းရှိ အမြင့်ဆုံးတောင် ဖြစ်သော ဘုရားသုံးဆူတောင်ပေါ်တွင် တည်ထားကိုးကွယ်သည်။

(၂၀၁၄)ခုနှစ် ဩဂုတ် (၁၀)တွင် စတင် ပန္နက်ရိုက်ခဲ့ပြီး (၂၀၁၆) စက်တင်ဘာ (၁၀)တွင် အုပ်မြစ်ချ စတင် တည်ဆောက်ခဲ့ရာ

(၂၀၁၉)တွင် ပြီးစီးခဲ့ပြီး

(၂၀၁၉ ဧပြီလ ၇ ရက်နေ့) တွင် အနေကဇာတင် ဖွင့်လှစ်ခဲ့သည်။

ဘုရား၏ ဉာဏ်တော်အမြင့် မှာ (၂၅၅)ပေ (၆)လက်မ ရှိပြီး မြန်မာနိုင်ငံရှိ ထိုင်တော်မူ ဘုရား ရုပ်ပွားတော်များအနက် အမြင့်ဆုံးဖြစ်သည်။ ကမ္ဘာအနှံ့ရှိ ထိုင်တော် မူ ဘုရားများတွင် ဒုတိယ အကြီးဆုံးဖြစ်သည်။

ဘွဲ့တော် အမည်မှာ ဂေါတမ ဗုဒ္ဓ မြတ်စွာဘုရားကြီး (Statue of Gautama Buddha) ဖြစ်သည်။

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads