နိုင်သက်လွင်
နိုင်ငံရေးသမား From Wikipedia, the free encyclopedia
Remove ads
နိုင်သက်လွင် သည် ၂၀၁၆ ခုနှစ် မတ်လ ၃၀ မှ ၁ ဖေဖော်ဝါရီ ၂၀၂၁အထိ မြန်မာနိုင်ငံ၏ ပြည်ထောင်စုအစိုးရအဖွဲ့ ဖြစ်သော ဦးထင်ကျော်အစိုးရ နှင့် ဦးဝင်းမြင့်အစိုးရအဖွဲ့ တွင် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ၏ ပြည်ထောင်စု ဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။[၄]
မွန်အမျိုးသားရေးများကို ငယ်စဉ်ကပင် ဆောင်ရွက်ခဲ့ပြီး မွန်စာပေ၊ မွန်ယဉ်ကျေးမှုတို့အတွက် အလေးထားဆောင်ရွက်ခဲ့သည်။ ၁၉၅၈ခုနှစ်တွင် နိုင်ငံရေးလောကသို့ ပထမဆုံးစတင် ဝင်ရောက်ခဲ့ပြီး ၁၉၈၈ခုနှစ်တွင် မွန်အမျိုးသားဒီမိုကရေစီပါတီ၊ ၂၀၁၂ခုနှစ်တွင် မွန်ဒီမိုကရေစီပါတီများသို့ ဝင်ရောက်ခဲ့သည်။ ၂၀၁၄ခုနှစ်တွင် မွန်အမျိုးသားပါတီဟု အမည်ပြောင်းခဲ့ပြီး နိုင်သက်လွင်မှာ ဒုဥက္ကဋ္ဌ ဖြစ်သည်။
Remove ads
အစောပိုင်းဘဝ
နိုင်သက်လွင် သည် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ တွင် ၁၉၄၀ ခုနှစ် အောက်တိုဘာ (၂၀)[၁]ရက်နေ့တွင် ဖခင် ဦးလုံးတင်နှင့် မိခင် ဒေါ်ကရွဒ်တို့က မွေးဖွားသည်။ မွေးချင်း(၈)ယောက်၌ (၇)ယောက်မြောက်ဖြစ်သည်။ စက်တင်ဘာ (၂၀)ရက်နေ့တွင် ကျိုက်မရောမြို့နယ် လက်ပံရွာ၌ ဖွားမြင်သည်ဟုလည်း အချို့ကဖော်ပြကြသည်။[၂][၃] မွန်လူမျိုး တစ်ဦးဖြစ်ပြီး မော်လမြိုင်တက္ကသိုလ်မှ ဘီအေ (ဒဿနိကဗေဒ) ဘာသာရပ်ဖြင့်ဘွဲ့ရခဲ့သည်။[၅][၆]
နိုင်ငံရေး
နိုင်သက်လွင်သည် ၁၉၅၈ ခုနှစ်တွင် နိုင်ငံရေး သို့ စတင်ဝင်ရောက်ခဲ့သည်။ ၁၉၈၈ ခုနှစ် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့စတင်ဖွဲ့စည်းချိန်၊ ၂၀၁၂ ခုနှစ်တွင် မွန်ဒီမိုကရေစီပါတီ MDP၊ ၂၀၁၄ ခုနှစ်တွင် မွန်အမျိုးသားပါတီ MNP အဖြစ်သို့ ပါတီနာမည်ပြောင်းလဲခဲ့ရာတွင် ဒုဥက္ကဋ္ဌ တာဝန်များ ထမ်းဆောင်ခဲ့ခြင်းဖြစ်သည်။
ပြည်ထောင်စုဝန်ကြီးတာဝန်
NLD ပါတီက ဦးဆောင်ဖွဲ့စည်းသော အစိုးရအဖွဲ့တွင် ပြည်ထောင်စုအဆင့်ဝန်ကြီးဌာန (၂၁) ခု ပြင်ဆင်ဖွဲ့စည်းရာ တိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် တာဝန်ယူဆောင်ရွက်ရန် မွန်အမျိုးသားပါတီ ဒု-ဥက္ကဋ္ဌ (၁) နိုင်သက်လွင်အား သမ္မတဦးထင်ကျော်က အမည်စာရင်းတင်သွင်းလိုက်ခြင်း ဖြစ်သည်။[၇]အနိုင်ရ NLD ပါတီအနေဖြင့် နိုင်သက်လွင်အား ဝန်ကြီးခန့်အပ်လိုက်သည့်အတွက် MNP ပါတီအတွင်း သဘောထားကွဲလွဲခဲ့ကြသည်။.NLD ပါတီက MNP ပါတီသို့ တရားဝင်အကြောင်းမကြားသည့်အတွက် မလေးစားရာရောက်ကြောင်း မွန်အမျိုးသးပါတီဘက်က ပြောကြားခဲ့သည်။ နိုင်သက်လွင်ကမူ ဒေါ်အောင်ဆန်းစုကြည်မှ ကမ်းလှမ်းလာသည့်အတွက် မွန်အမျိုးသားပါတီဥက္ကဋ္ဌသို့ ပြန်လည်တင်ပြခဲ့ပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။[၁]
၂၀၂၁ခုနှစ် အာဏာသိမ်းပြီးချိန်တွင် ဝန်ကြီးတာဝန်မှ အနားယူခဲ့သည်။
Remove ads
မိသားစု
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ ပေါင်မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် မိကွန်ချမ်း နှင့် မင်းဗညားစန်း တို့၏ ဖခင်ဖြစ်သည်။[၈]
ကွယ်လွန်ခြင်း
နိုင်သက်လွင်သည် ၂၀၂၃ခုနှစ် စက်တင်ဘာလ (၂၀)ရက်နေ့ ည (၇)နာရီတွင် ရန်ကုန်မြို့၊ ကန်သာယာဆေးရုံ၌ နှလုံးရောဂါဖြင့် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက် (၈၃)နှစ် ရှိပြီဖြစ်သည်။[၂]၎င်းအား ကျိုက်မရောမြို့နယ်၊ ပိန္နဲကုန်းရွာတွင် မီးသင်္ဂြိုဟ် ခဲ့သည်။ ကွယ်လွန်ချိန်တွင် ဇနီးဖြစ်သူ မိကျင်သန်း၊ သားသမီး (၄)ဦးနှင့် မြေးများ ကျန်ရစ်သည်။
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads