ဒိုင်ယက်သိုင် အီသာ

From Wikipedia, the free encyclopedia

ဒိုင်ယက်သိုင် အီသာ
Remove ads

ဒိုင်ယက်သိုင် အီသာ သည် ဓာတုဗေဒသဘောအရ အီသာမှာ ဒိုင်အက်သဲအောက်ဆိုက် ဖြစ်သည်။ ယင်း၏ ဓာတုဗေဒအမည်မှာ အက်သဲအီသာ ဖြစ်၍ ဓာတုပုံသေနည်းမှာ (C2H5)2O ဖြစ်သည်။ အီသာသည် အရောင် မရှိသော အရည်ဖြစ်သည်။ အငွေ့ပျံ၍ နှစ်သက်ဘွယ်ကောင်း သော အနံ့ရှိသည်။ ထိုအငွေ့ကိုသာ ဆက်၍ ရှူလျှင် ရှူသူ သည် မေ့သွားသဖြင့် ခွဲစိတ်မှုကိစ္စများတွင် အသုံးပြုနိုင်လေ သည်။ ကိုယ်ခန္ဓာ၏ အစိတ်အပိုင်းတစ်ခုခုတွင် ခွဲစိတ်လိုလျှင် လည်း အီသာကို အသုံးပြုနိုင်လေသည်။အစိတ်အပိုင်း တစ်ခုခု ကို ခွဲစိတ်လိုသောအခါ ထိုအစိတ်အပိုင်းကို အီသာဖြင့် ပက်ဖြန်း ပေးရသည်။ ကြာလျှင် အီသာအငွေ့ပျံသွားသဖြင့် အလွန်အေးလာပြီးလျှင် ထိုအစိတ်အပိုင်းသည် ထုံ၍ သွားလေ သည်။ ထိုအခါ ထိုအစိတ်အပိုင်းတွင် ခွဲစိတ် ကုသမှုကို ပြုလုပ်နိုင်လေသည်။ အီသာသည် ၃၅ ံစင်တီဂရိတ်တွင် ဆူ သဖြင့် အရည်ဆူချိန် နည်းပါး လေသည်။ အီသာကို ထုတ်လုပ်လိုလျှင် ဆာလဖျူရစ် အက်ဆစ်အပြင်း နှင့် အယ်လကိုဟောကို ရော၍ အပူတိုက် ပေးရသည်။ ဆာလဖျူရစ် အက်ဆစ်အပြင်းကို အယ်လကိုဟောထက်ပို၍ များများ ရောစပ်ပေးရသည်။ အပူချိန်မှာ ၁၄ဝံ စင်တီဂရိတ် ခန့်အထိ လိုသည်။

အချက်တိုများ အမည်, အမှတ်အသားများ--> --> --> --> ----- templatepar ----- --> ...


အီသာကို အစာကြေစေရန်နှင့် နှလုံးရောဂါဆေးများ ဖော်စပ်ရာတွင် အသုံးပြုခဲ့ကြ၏။ ယခုအခါတွင်မူ အီသာကို အသုံးနည်းပါးကြသည်။ အီသာသည် အိုင်အိုဒင်းနှင့်ဩဂဲနစ် ပစ္စည်း အမြောက်အမြားကို ပျော်ဝင်စေ နိုင်၏။ ထိုဩဂဲနစ် ပစ္စည်းများတွင် ဆီနှင့် အဆီများလည်း ပါဝင်သည်။ အီသာဟုဆိုလျှင် ဒိုင်အက်သဲအီသာကိုသာ ဆိုလိုသော်လည်း ဒိုင်မက်သဲအီသာဟုလည်း ရှိသေးရာ ယင်းမှာ ဓာတ်ငွေ့ ဖြစ် သည်။ တစ်ဖန် မက်သဲအက်သဲအီသာ၊ အက်သဲ ပရိုပဲအီသာနှင့် ဗိုင်နဲအီသာများလည်း ရှိသေးသည်ကို သတိပြုသင့်သည်။ အီသာကို အသုံးပြု၍ ခွဲစိတ်ကုသခြင်းသည် ၁၈၄၂ ခုနှစ်က ဖြစ်၍ အသုံးပြုသူမှာ ဒေါက်တာကရော့ဖို့ ဒဗျူလောင်း ဖြစ် သည်။ ထိုဆရာဝန်သည် အမေရိကန်ပြည်ထောင်စု၊ ဂျောဂျီယား ပြည်နယ်မှ ဖြစ်၏။ ၁၈၄၆ ခုနှစ်ကလည်း အမေရိကန်လူမျိုး သွားဘက်ဆိုင်ရာ ဆရာဝန်တစ်ဦးဖြစ်သူ ဝီလျံ တောမတ် ဂရင်းမော်တင်က အီသာကို ထုံဆေးအဖြစ်နှင့် အသုံးပြုခဲ့သေး သည်။[]

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads