ဒီမိုကရေစီပါတီသစ် (ကချင်)

From Wikipedia, the free encyclopedia

Remove ads

ဒီမိုကရေစီပါတီသစ် (ကချင်) ပါတီ (အင်္ဂလိပ်: New Democratic Party (Kachin), အတိုကောက်: NDP (Kachin)) သည် ၂၀၁၉ ခုနှစ်မှ စတင်ပေါ်ပေါက်လာသော မြန်မာနိုင်ငံ၊ ကချင်ပြည်နယ်ရှိ နိုင်ငံရေးပါတီ တစ်ခု ဖြစ်သည်။​ ပါတီသည် ၂၀၁၉ခုနှစ်၊ ဩဂုတ်လ (၂၉)ရက်နေ့ တွင် မှတ်ပုံတင် အမှတ်(၁၁၉) ဖြင့် ခွင့်ပြုမိန့်ရရှိခဲ့သည်။

အချက်တိုများ ဒီမိုကရေစီပါတီသစ် (ကချင်), အင်္ဂလိပ် အမည် ...
Remove ads

ပါတီအကြီးအကဲများ

ပါတီနာယက မှာ ဦးစခုန်တိန့်ယိန်း ဖြစ်သည်။ ပါတီဥက္ကဋ္ဌ မှာ ဦးတိန့်ဆောင် ဖြစ်ပြီး ပါတီ ဒုတိယဥက္ကဋ္ဌ မှာ ဦးစခုန်တိန့်ယိန်း ၏ သားဖြစ်သူ ဦးဇခုန်ယိန်းဆောင် ဖြစ်သည် ။ [][][]

သမိုင်း

ဒီမိုကရေစီပါတီသစ် (ကချင်) ပါတီသည် ကချင်အထူးဒေသ (၁) ရှိ မြို့နယ် (၄) ခု ဖြစ်သော ချီဖွေမြို့နယ်အင်ဂျန်းယန်မြို့နယ်ဆော့လော်မြို့နယ်ဝိုင်းမော်မြို့နယ်တို့တွင်သာ လှုပ်ရှားသည်။

ပါတီမှတ်ပုံတင်ခြင်း

ဒီမိုကရေစီပါတီသစ် (ကချင်) ပါတီအား နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေသစ်အရ မှတ်ပုံတင်ခွင့်ပြုရန်အတွက် နစကအသစ်ဖွဲ့စည်းထားသော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ပြန်လည် လျှောက်ထားခဲ့ရာ ၂၀၂၃ ခုနှစ်၊​ ဧပြီ ၂၅ ရက်တွင် မှတ်ပုံတင်အမှတ် (၃) ဖြင့် ခွင့်ပြုခဲ့သည်။ []

ရွေးကောက်ပွဲ ဝင်ပြိုင်မှု

၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် ဒီမိုကရေစီပါတီသစ် (ကချင်) ပါတီအနေဖြင့် ချီဖွေမြို့နယ်အင်ဂျန်းယန်မြို့နယ်ဆော့လော်မြို့နယ်ဝိုင်းမော်မြို့နယ်တို့တွင် လွှတ်တော်ကိုယ်စားလှယ်လောင်း (၈) ဦး ဝင်ပြိုင်ခဲ့သည်။ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် (၂) ခု၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် (၂) ခု၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် (၄) ခု တို့ ပါဝင်သည်။

အမျိုးသားလွှတ်တော်

နောက်ထပ် အချက်အလက်များ ရွေးကောက်ပွဲ, စုစုပေါင်း အနိုင်ရနေရာ ...

ပြည်သူ့လွှတ်တော်

နောက်ထပ် အချက်အလက်များ ရွေးကောက်ပွဲ, စုစုပေါင်း အနိုင်ရနေရာ ...

ပြည်နယ်လွှတ်တော်

နောက်ထပ် အချက်အလက်များ ရွေးကောက်ပွဲ, စုစုပေါင်း အနိုင်ရနေရာ ...

တိုင်းရင်းသားရေးရာ ဝန်ကြီးများ

နောက်ထပ် အချက်အလက်များ ရွေးကောက်ပွဲ, စုစုပေါင်း အနိုင်ရနေရာ ...
Remove ads

ပါတီရုံးချုပ်

ကချင်ပြည်နယ်မြစ်ကြီးနားခရိုင်ချီဖွေမြို့နယ်ပန်ဝါမြို့၊ အမှတ်(၃)ရပ်ကွက်၊ ချမ်းမော အိမ်ရာ (၁၇)တွင် ပါတီရုံးချုပ်ဖွင့်လှစ်ထားသည်။

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads