ဒူစီကျွန်း

From Wikipedia, the free encyclopedia

ဒူစီကျွန်း
Remove ads

ဒူစီကျွန်း (အင်္ဂလိပ်: Ducie Island; /ˈdsi/) သည် ပစ်ကိန်ကျွန်းစုတွင်တည်ရှိသော လူနေထိုင်ခြင်းမရှိသည့် ကျွန်းတစ်ခု ဖြစ်သည်။ ပစ်ကိန်ကျွန်းစု၏ အရှေ့ဘက် ၅၃၅ ကီလိုမီတာ (၃၃၂ မိုင်) အကွာနှင့် ဟန်ဒါဆန်ကျွန်း၏ အရှေ့ဘက် ၃၅၄ ကီလိုမီတာ (၂၂၀ မိုင်) အကွာတွင် တည်ရှိသည်။ ပင်လယ်ထုံးအိုင် အပါအဝင် စုစုပေါင်း ဧရိယာ ၁.၅ စတုရန်းမိုင် (၃.၉ km2) ကျယ်ဝန်းသည်။ အရှေ့မြောက်မှာ အနောက်တောင်သို့ ၁.၅ မိုင် (၂.၄ km) ရှည်လျားကာ ၁ မိုင် (၁.၆ ကီလိုမီတာ) အကျယ်ရှိသည်။ ကျွန်းသည် အာကားဒီးရား (Acadia)၊ ပန်ဒိုရာ (Pandora)၊ ဝက်စ်ဝပ် (Westward) နှင့် အက်ဒဝပ်စ် (Edwards) အမည်ရှိ ကျွန်းငယ်လေးခုဖြင့် ပေါင်းစပ်ထားသည်။

အချက်တိုများ Native name: Fenua-manu, ပထဝီဝင် ...
Thumb
ဒူစီ
ဒူစီ
ပစိဖိတ်သမုဒ္ဒရာအတွင်း ဒူစီကျွန်း၏ တည်နေရာ
Thumb
ပစ်ကိန်ကျွန်းစုအတွင်း ဒူစီကျွန်း၏ တည်နေရာ

အသီးအရွက်ပေါက်ရောက်မှု နည်းပါးသော်လည်း ကျွန်းတွင် ငှက်မျိုးစိတ်များစွာ နေထိုင်ကျက်စားရာအဖြစ် သိကြသည်။ ကမ္ဘာပေါ်ရှိ မာဖီပင်လယ်ငှက် အကောင်ရေ ၉၀% သည် ဒူစီကျွန်းတွင် နေထိုင်ကြသည်။

ဒူစီကျွန်းကို ၁၆၀၆ ခုနှစ်တွင် ပီဒရို ဖာနန်ဒက် ဒီကွီရိုက စတင်တွေ့ရှိခဲ့ပြီး Luna Puesta ဟု အမည်ပေးခဲ့သည်။ ၁၉၇၀ ခုနှစ်တွင် HMS Bounty သင်္ဘော၏ ပုန်ကန်သူများကို လိုက်လံဖမ်းဆီးရန် တာဝန်ပေးခြင်း ခံရသော HMS Pandora ၏ ကပ္ပတိန်ဖြစ်သူ အက်ဒဝပ် အက်ဒဝပ်စ် က ထပ်မံရှာဖွေတွေ့ရှိခဲ့သည်။ သူက Francis Reynolds-Moreton, 3rd Baron Ducie ကို ဂုဏ်ပြုသောအားဖြင့် Ducie ဟု အမည်ပေးခဲ့သည်။ ၁၈၆၇ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုက Guano Islands Act အရ ပိုင်ဆိုင်သည်ဟု ဆိုခဲ့ပြီး ၁၉၀၂ ခုနှစ် ဒီဇင်ဘာ ၁၉ တွင် ယူနိုက်တက်ကင်းဒမ်းက ပစ်ကိန်ကျွန်းစု၏ အစိတ်အပိုင်းအဖြစ် သိမ်းပိုက်ခဲ့သည်။ ပစ်ကိန်ကျွန်းမှ ဝေးကွာနေခြင်းနှင့် ရောက်ရှိရန် ခက်ခဲခြင်းတို့ကြောင့် ဒူစီကျွန်းအား ယနေ့အချိန်တွင် လာရောက်လည်ပတ်သူ ရှားပါးနေဆဲ ဖြစ်သည်။

Remove ads

ကိုးကား

ပြင်ပလင့်ခ်များ

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads