ဟန်ဒါဆန်ကျွန်း (ပစ်ကိန်ကျွန်းစု)
From Wikipedia, the free encyclopedia
Remove ads
ဟန်ဒါဆန်ကျွန်း (အင်္ဂလိပ်: Henderson Island; ယခင်အမည် San Juan Bautista နှင့် Elizabeth Island) သည် တောင်ပစိဖိတ်သမုဒ္ဒရာတွင်းရှိ လူနေထိုင်မှုမရှိသော ကျွန်းတစ်ကျွန်း ဖြစ်သည်။ ဟန်ဒါဆန်ကျွန်း၏ ဂေဟစနစ်သည် ကမ္ဘာပေါ်တွင် လူထိတွေ့မှုမရှိသေးသော အလယ်၌ ရေငန်အိုင်ရှိသော သန္တာကျောက်ကျွန်း နှစ်ခုအနက် တစ်ခု အပါအဝင်ဖြစ်သည်။[၁] ကျွန်းရှိ ပန်းအမျိုးအစား ၅၁ မျိုးအနက် ဆယ်မျိုး၊ ကျွန်းနေငှက် လေးမျိုး၊ နှင့် မှတ်တမ်းတင်ထားသော အင်းဆက်များနှင့် ခရုပတ်ကျိ သုံးပုံတစ်ပုံတို့သည် ဟန်ဒါဆန်ကျွန်း၌သာ တွေ့ရပြီး ကျွန်းတစ်ခုလုံး သိသာထင်ရှားသော မျိုးစုံမျိုးကွဲများ ဖြစ်သည်။[၂]
ကျွန်းအလျား ၉.၆ ကီလိုမီတာ (၆.၀ မိုင်) နှင့် အနံ ၅.၁ ကီလိုမီတာ (၃.၂ မိုင်) ရှိပြီး ဧရိယာ စုစုပေါင်း ၃၇.၃ စတုရန်း ကီလိုမီတာ (၁၄.၄ စတုရန်းမိုင်) ရှိကာ ပစ်ကိန်ကျွန်းစု၏ အရှေ့မြောက်ဘက် ၁၉၃ ကီလိုမီတာ (၁၂၀ မိုင်) အကွာတွင် တည်ရှိသည်။ မြေညံ့အမျိုးအစားဖြစ်ပြီး လတ်ဆတ်သည့် ရေရရှိမှုနည်းကာ စိုက်ပျိုးရေးအတွက် မသင့်တော်ပေ။ ကျွန်း၏ မြောက်ဘက်ပိုင်းတွင် ကမ်းခြေသုံးခုတည်ရှိကာ ကျန်ကမ်းရိုးတန်းများမှာ ၁၅ မီတာ (၄၉ ပေ) အထိ မြင့်မားသော ကမ်းပါးမတ်များ ဖြစ်ကြသည်။
၁၉၀၂ ခုနှစ်တွင် ဟန်ဒါဆန်ကျွန်းအား ပစ်ကိန်ကျွန်းစုကိုလိုနီအတွင်း ထည့်သွင်းခဲ့ပြီး ယခုအခါ တောင်ပစိဖိတ် ဗြိတိသျှ ပင်လယ်ရပ်ခြား နယ်မြေတစ်ခု ဖြစ်သည်။ ဟန်ဒါဆန်ကျွန်းအား ကုလသမဂ္ဂမှ ကမ္ဘာ့အမွေအနှစ်နေရာအဖြစ် ၁၉၈၈ ခုနှစ်တွင် သတ်မှတ်ခဲ့သည်။ ပလစ်စတစ်အမှိုက် အများအပြား ကျွန်းပေါ်သို့ ရောက်ရှိနေခြင်းကို လေ့လာမှတ်တမ်းတင်ခဲ့ခြင်းကြောင့် ၂၀၁၇ ခုနှစ် မေလတွင် ကျွန်းအား မီဒီယာများမှ အာရုံစိုက်ခြင်း ခံခဲ့ရသည်။[၁]
Remove ads
ဓာတ်ပုံများ
- အနောက်မြောက်ကမ်းခြေ
- ကမ်းခြေမြင်ကွင်း
- အနောက်မြောက်ကမ်းခြေ
- မြောက်ဘက်ကမ်းခြေ
- မြောက်ဘက်ကမ်းခြေ
- အရှေ့ဘက်ကမ်းခြေ
ကိုးကား
ပြင်ပလင့်ခ်များ
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads