ဒေစီကျော်ဝင်း

From Wikipedia, the free encyclopedia

Remove ads

ဒေစီကျော်ဝင်းသည် မြန်မာ့ရုပ်ရှင် အကယ်ဒမီ မင်းသမီး တစ်လက်ဖြစ်သည်။ သူ၏ မိဘများမှာ ရုပ်ရှင်မင်းသား အကယ်ဒမီ ဦးကျော်ဝင်းနှင့် ရုပ်ရှင်မင်းသမီး အကယ်ဒမီ တင်တင်မူတို့ ဖြစ်သည်။ ဒေစီကျော်ဝင်းသည် ပရိသတ်ချစ်ခြင်းကို ခံရသည့် နာမည်ကျော် ရုပ်ရှင် မင်းသမီးတစ်ယောက် ဖြစ်လာခဲ့သည်။ ဒေစီကျော်ဝင်းသည် ၁၉၇၁-ခုနှစ်တွင် “အားနွဲ့သူပါရှင်” ဇာတ်ကားဖြင့် အကယ်ဒမီဆု ရရှိခဲ့သည်။‌ ဒေစီကျော်ဝင်း၏ အကျော်ကြားဆုံးရုပ်ရှင်ဇတ်ကားမှာ "မောင့်မူပိုင်ရှင်" ရုပ်ရှင်ဖြစ်သည်။ ဒါရိုက်တာမှာ ရွှေဒုံးဘီအောင်ဖြစ်ပြီး၊ ထွန်းဝေကောလိပ်ဂျင်နေဝင်းခင်သန်းနုတို့နှင့်အတူတူပါဝင်သရုပ်ဆောင်ခဲ့သည်။‌

Remove ads

ရုပ်ရှင်ဇာတ်ကားများ

အောက်တိုဘာ ၁၃ ရက် နံနက်က ကျင်းပခဲ့သော ၂ဝ၁၅ ခုနှစ် မြန်မာ့ရုပ်ရှင်နေ့နှင့် (၅၂)ကြိမ်မြောက် ရုပ်ရှင်သက်ကြီးပူဇော်ပွဲအခမ်းအနားသို့တက်ရောက်ခဲ့ကြရာ ဒေစီကျော်ဝင်း၏ ပီတိစကားများ၏ ပီတိစကားသံများကို ကြေးမုံမှ တွေ့ဆုံမေးမြန်း၍ ဖော်ပြပေးလိုက်သည်။ "အမေ့အနေနဲ့ကတော့ အခုအချိန်က အမေတို့ခေတ်ကလို မဟုတ်တော့ဘူးလေ။ အားလုံး အဘက်ဘက်ကတိုးတက်နေတဲ့အချိန်ဆိုတော့ နိုင်ငံတကာစံချိန်မီတဲ့ ရုပ်ရှင်ဇာတ်ကားတွေ ဖြစ်အောင် ကြိုးစားကြစေချင်တယ်။ အခု မျိုးဆက်သစ်လေးတွေက တော်လည်းတော်ကြတယ်တဲ့အပြင် ကြိုးစားကြတာကို အမေတွေ့ရတယ်။ သူတို့လေးတွေကို ပံ့ပိုးပေးမယ်ဆိုရင် ကမ္ဘာနဲ့တန်းတူ ရင်ပေါင်တန်းလာနိုင် မယ်လို့ အမေထင်တယ်။ အမေကတော့ ဒီပွဲမှာကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေပြီးတော့ ကိုယ့်ထက်ကြီးတဲ့ ကိုယ့်ရဲ့အမေတင်တင်မူနဲ့ ရွယ်တူ အမေတွေဖြစ်တဲ့ အမေစံ၊ အမေမြင့်မြင့်ခင်တို့ကိုတွေ့ရတာ ဝမ်းသာ ပီတိဖြစ်မိတယ်။"

ဒေစီကျော်ဝင်းသီဆိုခဲ့သောသီချင်းများမှာ-‌ရွှေဖိုး‌ခေါင်နှင့်အကျည်းတန်ဘဲလေးကိုမူ-တင်တင်မူ၊‌အောင်မိုးတို့နှင့်၊‌တေးသစ်လွင်သီချင်းကိုအောင်မိုးနှင့်တွဲဖက်သီဆိုခဲ့သည်။

Remove ads
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads