ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ပြည်)

ပြည်မြို့ အခြေစိုက် ဒေသကွပ်ကဲမှုဆိုင်ရာ တပ်မတော်(ကြည်း) စစ်ဌာနချုပ် From Wikipedia, the free encyclopedia

ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ပြည်)
Remove ads

ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ပြည်) (အတိုကောက် ဒကစ(ပြည်)) သည် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၏ ကွပ်ကဲအောက်တွင်ရှိသော ဒေသကွပ်ကဲမှုစစ်ဌာနချုပ် တစ်ခုဖြစ်ပြီး ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ပြည်မြို့တွင် အခြေစိုက်သည်။ ဒကစ(ပြည်)၏ အဓိကတာဝန်မှာ တပခ ကွပ်ကဲမှုအောက်ရှိ အလှမ်းဝေးသောဒေသများ၏ ကာကွယ်ရေး၊ လုံခြုံရေး၊ စစ်ဆင်ရေးဆိုင်ရာကိစ္စရပ်များအား တိုင်းစစ်ဌာနချုပ်ကိုယ်စား တာဝန်ယူဆောင်ရွက်ရန်၊ စစ်ရေး မဟာဗျူဟာအရ အရေးပါသော ပြည်မြို့ နှင့် အနီးဒေသများကို ထိန်းချုပ်ရန်၊ နယ်မြေအတွင်းရှိ လက်အောက်ခံတပ်များနှင့် အခြားလက်ရုံး/ဝန်ထမ်းတပ်များ၏ (စစ်ဦးစီး/ စစ်ရေး/ စစ်ထောက်)ဆိုင်ရာ လုပ်ငန်းများကို ဖြေရှင်းဆောင်ရွက်ပေးရန်နှင့် စစ်ရုံးမှ အထက်ဌာနများ၏ အမိန့်နှင့် ညွှန်ကြားချက်များအား တိုင်းစစ်ဌာနချုပ်ကိုယ်စား ထပ်ဆင့်ညွှန်ကြားပေးခြင်းနှင့် ကြီးကြပ်ခြင်းတို့ကို တာဝန်ယူဆောင်ရွက်ရန်ဖြစ်သည်။ လက်ရှိ ဒကစ(ပြည်)၏ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်မှူး တာဝန် ထမ်းဆောင်နေသူမှာ ကြည်း ၁၇၃၅၇၊ ဗိုလ်မှူးချုပ် အောင်ကျော်ဆိုင်း ဖြစ်သည်။

အချက်တိုများ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ပြည်), နိုင်ငံ ...
Remove ads

သမိုင်း

အနောက်မြောက်တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်ရှိ ဝေးလံသောဒေသများကို ကွပ်ကဲနိုင်ရန် နှင့် စစ်ရေး မဟာဗျူဟာအရ အရေးပါသည့်ဒေသကို ထိန်းချုပ်နိုင်ရန်အလို့ငှာ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ပြည်)ကို စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

ဖွဲ့စည်းပုံ

ဒေသကွပ်ကဲမှုစစ်ဌာနချုပ်ရုံး

  1. ဒေသကွပ်ကဲမှုစစ်ဌာနချုပ်မှူးရုံး
  2. ဒုတိယ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်မှူးရုံး
  3. စစ်ဦးစီးမှူး(ပထမတန်း)ရုံး
    1. စစ်ဦးစီးမှူး(ဒုတိယတန်း)ရုံး
    2. ဦးစီးအရာရှိ(တတိယတန်း၊ စစ်ရေးဌာန)ရုံး
    3. ဦးစီးအရာရှိ(တတိယတန်း၊ စစ်ထောက်ဌာန)ရုံး
  4. အုပ်ချုပ်မှုတပ်ခွဲရုံး

လက်အောက်ခံ ခြေလျင်/ ခြေမြန် တပ်ရင်းများ

ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ပြည်)၏ လက်အောက်ခံ တပ်ရင်းများမှာ အောက်ပါအတိုင်းဖြစ်သည်-

  1. အမှတ်(၅၃) ခြေလျင်တပ်ရင်း - ပေါက်ခေါင်းမြို့
  2. အမှတ်(၇၅) ခြေလျင်တပ်ရင်း - ပြည်မြို့
  3. အမှတ်(၉၂) ခြေလျင်တပ်ရင်း - ပန်းတောင်းမြို့
Remove ads

ဒကစ(ပြည်)၏ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်မှူး တာဝန်ထမ်းဆောင်ခဲ့သူများ

ဗိုလ်မှူးချုပ် အောင်ကျော်ဦး[ကိုးကားချက်လိုသည်]

ကိုးကား


နောက်ထပ်ကြည့်ရန်


Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads