တောင်ပိုင်းတိုင်းစစ်ဌာနချုပ်
ကေတုမတီမြို့ အခြေစိုက် တိုင်းစစ်ဌာနချုပ် From Wikipedia, the free encyclopedia
Remove ads
တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (အတိုကောက် တပခ) သည် ကေတုမတီမြို့အခြေစိုက် တပ်မတော်တိုင်းစစ်ဌာနချုပ်တစ်ခုဖြစ်သည်။ အဓိက တာဝန်မှာ ပဲခူးတိုင်းဒေသကြီး၊ ကရင်ပြည်နယ် မြောက်ဘက်ခြမ်းဒေသများနှင့် ၎င်းနှင့်ထိစပ်နေသော နေရာဒေသများ၏ ကာကွယ်ရေး၊ လုံခြုံရေးနှင့် စစ်ဆင်ရေးဆိုင်ရာကိစ္စရပ်များအား အဓိကတာဝန်ယူဆောင်ရွက်ရသည်။ ထို့ပြင် တိုင်းစစ်ဌာနချုပ် နယ်မြေအတွင်းရှိ ၎င်း၏လက်အောက်ခံတပ်များနှင့် အခြားလက်ရုံး/ဝန်ထမ်းတပ်များ၏ စစ်ဦးစီး/ စစ်ရေး/ စစ်ထောက်ပိုင်းဆိုင်ရာ လုပ်ငန်းများကိုပါ ဖြေရှင်းဆောင်ရွက်ပေးခြင်းနှင့် အထက်ဌာနများမှ အမိန့်နှင့် ညွှန်ကြားချက်များအား ထပ်ဆင့် ညွှန်ကြားပေးခြင်းနှင့် ကြီးကြပ်ခြင်းတို့ကိုပါ ဆောင်ရွက်ရသည်။ လက်ရှိ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးတာဝန်ထမ်းဆောင်နေသူမှာ ဗိုလ်မှူးချုပ်/ဗိုလ်ချုပ် ကြည်သိုက် (ကြည်း - ၂၉၄၀၇) (စတသ - ၃၉) ဖြစ်သည်။
ဤ ဆောင်းပါးသည် စိစစ်အတည်ပြုနိုင်ရန်အတွက် နောက်ထပ်ကိုးကားချက်များ လိုအပ်နေသည်။ (စက်တင်ဘာ ၂၀၂၁) |
Remove ads
သမိုင်း
၁၉၄၈ခုနှစ် လွတ်လပ်ရေးရရှိပြီးချိန်တွင် တပ်မတော်၌ တောင်ပိုင်းနှင့် မြောက်ပိုင်းဟူ၍ တိုင်းစစ်ဌာနချုပ် ၂ခုသာရှိခဲ့သည်။ ထိုစဉ်က တောင်ပိုင်းတိုင်းမှူးမှာ ဗိုလ်မှူးချုပ် စောကြာဒိုးဖြစ်သည်။၁၉၄၈ခုနှစ် ၄လပိုင်းတွင် စစ်ဦးစီးချုပ်ရုံး (စစ်ရုံး)ကို စတင်ဖွဲ့စည်းခဲ့ပြီး ထိုအချိန်တွင် တောင်ပိုင်းတိုင်းမှူးမှာ ဗိုလ်မှူးချုပ် အောင်သင်းဖြစ်သည်။၁၉၄၉ခုနှစ် ရောင်စုံသူပုန်ထကြွချိန်တွင် တောင်ပိုင်းတိုင်းမှူးမှာ ဗိုလ်မှူးချုပ် ကျော်ဇောဖြစ်သည်။ ၁၉၅၃ ခုနှစ် ကူမင်တန်အရေးတွင် တောင်ပိုင်းမှ ဗိုလ်မှူးချုပ် ကျော်ဇောအား မြောက်ပိုင်းသို့ရွှေ့ကာ မြောက်ပိုင်းမှ ဗိုလ်မှူးချုပ် အေဒီဘလိတ်မှာ တောင်ပိုင်းရောက်လာခဲ့သည်။ ၁၉၅၉ ခုနှစ် အိမ်စောင့်အစိုးရဖွဲ့စည်းချိန်တွင် တောင်ပိုင်းတိုင်းမှူးမှာ ဗိုလ်မှူးချုပ်အောင်ရွှေဖြစ်သည်။ ၁၉၆၀ ရွေးကောက်ပွဲအပြီး ၁၉၆၁ ခုနှစ်တွင် ဗိုလ်မှူးချုပ် အောင်ရွှေကို ထုတ်ပယ်လိုက်ကာ ၎င်းနေရာတွင် ဗိုလ်မှူးချုပ် စိန်ဝင်းကို ခန့်ထားလိုက်သည်။
၁၉၆၀ ရွေးကောက်ပွဲအပြီး အာဏာပြန်လွှဲပြီးချိန်ဖြစ်သော ၁၉၆၁ ခုနှစ်တွင် တပ်မတော်ကို အင်အားတိုးချဲ့သည့်အနေဖြင့် တောင်နှင့် မြောက် စစ်တိုင်း(၂)ခုအား နမခ၊ လပခ၊ ရတခ၊ နတခနှင့် ရပခ ဟူ၍ စစ်တိုင်း(၅)ခုသို့ တိုးချဲ့ဖွဲ့စည်းခဲ့သည်။
၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် မန္တလေးအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်အား ခွဲခြားကာ မုံရွာမြို့သို့ ပြောင်း၍ အခြေစိုက်သည်။ တောင်ငူအခြေစိုက် အလယ်ပိုင်းတိုင်းအား မန္တလေးသို့ ပြောင်း၍ အခြေစိုက်သည်။တောင်ငူတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ဟူ၍ အသစ်ပြန်လည်ဖွဲ့စည်းခဲ့သည်။[၁][၂][၃]
Remove ads
ဖွဲ့စည်းပုံ
ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ပြည်)
အခြေချ စစ်ဗျူဟာအဖွဲ့(ရွှေကျင်)
![]() | ဤအပိုင်းကို တိုးချဲ့ရေးသားရန် လိုအပ်သည်။ |
အမှတ်(၁)စစ်ဗျူဟာအဖွဲ့
![]() | ဤအပိုင်းကို တိုးချဲ့ရေးသားရန် လိုအပ်သည်။ |
အမှတ်(၂)စစ်ဗျူဟာအဖွဲ့ (လိပ်သို)
![]() | ဤအပိုင်းကို တိုးချဲ့ရေးသားရန် လိုအပ်သည်။ |
အမှတ်(၃)စစ်ဗျူဟာအဖွဲ့
![]() | ဤအပိုင်းကို တိုးချဲ့ရေးသားရန် လိုအပ်သည်။ |
တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းရှိ ခြေမြန်တပ်မဌာနချုပ်များ
အမှတ်(၆၆)ခြေမြန်တပ်မဌာနချုပ်
အမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ်
တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးတာဝန်ထမ်းဆောင်ခဲ့သူများ
- ဗိုလ်မှူးချုပ် စောကြာဒိုး (ကြည်း - ၅၁၀၇) (၂၂-၁၂-၁၉၄၇ မှ ၁၃-၄-၁၉၄၈)
- ဗိုလ်မှူးချုပ် အောင်သင်း (ကြည်း - ၅၀၁၅) (၁၄-၄-၁၉၄၈ မှ ၅-၂-၁၉၄၉)
- ဗိုလ်မှူးချုပ် ကျော်ဇော (ကြည်း - ၃၅၀၄) (၅-၂-၁၉၄၉ မှ ၇-၇-၁၉၅၃)
- ဗိုလ်မှူးချုပ် ဒီအေဘလိတ် (ကြည်း - ၅၁၀၉) (၇-၇-၁၉၅၃ မှ ၂၅-၂-၁၉၅၉)
- ဗိုလ်မှူးကြီး အောင်ရွှေ (ကြည်း - ၃၅၀၅) (၂၅-၂-၁၉၅၉ မှ ၁၅-၂-၁၉၆၁)
- ဗိုလ်မှူးချုပ် စိန်ဝင်း (ကြည်း - ၃၅၂၅) (၁၅-၂-၁၉၆၁ မှ ၁၁-၁၀-၁၉၆၁)
- ဗိုလ်ချုပ် အေးသောင် (ကြည်း - ၇၀၃၄) (ဗသက - ၁၃)
- ဗိုလ်ချုပ် စိုးမြင့် (ကြည်း - ၈၆၄၂) (ဗသက - ၂၆)
- ဗိုလ်ချုပ် တင်အေး (ကြည်း - ၁၁၂၃၆) (စတသ - ၉)
- ဗိုလ်ချုပ် အောင်မင်း (ကြည်း - ၁၂၀၀၈) (စတသ - ၁၃)
- ဗိုလ်ချုပ် ကိုကို (ကြည်း - ၁၄၂၃၅) (စတသ - ၁၉)
- ဗိုလ်ချုပ် လှမင်း (ကြည်း - ၁၆၅၂၂) (စတသ - ၂၂)
- ဗိုလ်မှူးချုပ် စိုးထွဋ်[၄] (ကြည်း - ၁၇၅၄၀) (ဗသက - ၆၄)
- ဗိုလ်ချုပ် ညိုစော (ကြည်း - ၁၆၇၆၇) (စတသ - ၂၃)
- ဗိုလ်ချုပ် အောင်ကျော်ဇော (ကြည်း - ၁၇၄၄၄) (စတသ - ၂၄)
- ဗိုလ်ချုပ် မြတ်ကျော် (ကြည်း - ၁၈၉၅၉)
- ဗိုလ်ချုပ် မျိုးဝင်း (ကြည်း - ၁၉၇၁၄)
- ဗိုလ်ချုပ် ထိန်ဝင်း (ကြည်း - ၂၈၁၈၀) (စတသ - ၃၈)
- ဗိုလ်မှူးချုပ် ကြည်သိုက်[၅] (ကြည်း - ၂၉၄၀၇) (စတသ - ၃၉)
Remove ads
ကိုးကား
နောက်ထပ်ကြည့်ရန်
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads