ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လွိုင်ကော်)

လွိုင်ကော်မြို့ အခြေစိုက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် From Wikipedia, the free encyclopedia

ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လွိုင်ကော်)
Remove ads

ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လွိုင်ကော်) (အတိုကောက် ဒကစ(လွိုင်ကော်)) သည် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၏ ကွပ်ကဲအောက်တွင်ရှိသော ဒေသကွပ်ကဲမှုစစ်ဌာနချုပ် တစ်ခုဖြစ်ပြီး ကယားပြည်နယ်လွိုင်ကော်မြို့တွင် အခြေစိုက်သည်။ ဒကစ(လွိုင်ကော်)၏ အဓိကတာဝန်မှာ ရပခ ကွပ်ကဲမှုအောက်ရှိ ဝေးလံသော ကယားပြည်နယ် ဒေသများ၏ ကာကွယ်ရေး၊ လုံခြုံရေး၊ စစ်ဆင်ရေးဆိုင်ရာကိစ္စရပ်များအား တိုင်းစစ်ဌာနချုပ်ကိုယ်စား တာဝန်ယူဆောင်ရွက်ရန်၊ စစ်ရေး မဟာဗျူဟာအရ အရေးပါသည့်ဒေသကို ထိန်းချုပ်ရန်၊ နယ်မြေအတွင်းရှိ လက်အောက်ခံတပ်များနှင့် အခြားလက်ရုံး/ဝန်ထမ်းတပ်များ၏ (စစ်ဦးစီး/ စစ်ရေး/ စစ်ထောက်)ဆိုင်ရာ လုပ်ငန်းများကို ဖြေရှင်းဆောင်ရွက်ပေးရန်နှင့် စစ်ရုံးနှင့် တိုင်းစစ်ဌာနချုပ်တို့မှ အထက်ဌာနများ၏ အမိန့်နှင့် ညွှန်ကြားချက်များအား ထပ်ဆင့်ညွှန်ကြားပေးခြင်းနှင့် ကြီးကြပ်ခြင်းတို့ကို တာဝန်ယူဆောင်ရွက်ရန်ဖြစ်သည်။ လက်ရှိ ဒကစ(လွိုင်ကော်)၏ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်မှူးတာဝန်ထမ်းဆောင်နေသူမှာ ကြည်း၂၇၀၆၇၊ ဗိုလ်မှူးချုပ် ထွန်းနိုင်ဦး ဖြစ်သည်။

အချက်တိုများ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လွိုင်ကော်), နိုင်ငံ ...
Remove ads

သမိုင်း


ဖွဲ့စည်းပုံ

ဒေသကွပ်ကဲမှုစစ်ဌာနချုပ်ရုံး

  1. ဒေသကွပ်ကဲမှုစစ်ဌာနချုပ်မှူးရုံး
  2. ဒုတိယဒေသကွပ်ကဲမှုစစ်ဌာနချုပ်မှူးရုံး
  3. စစ်ဦးစီးမှူး(ပထမတန်း) ရုံး
    1. စစ်ဦးစီးမှူး(ဒုတိယတန်း) ရုံး
    2. ဦးစီးအရာရှိ(ဒုတိယတန်း) (စစ်ရေးဌာန) ရုံး
    3. ဦးစီးအရာရှိ(ဒုတိယတန်း) (စစ်ထောက်ဌာန) ရုံး
  4. အုပ်ချုပ်မှုတပ်ခွဲရုံး

လက်အောက်ခံ ခြေလျင်/ခြေမြန်တပ်ရင်းများ[][]

ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လွိုင်ကော်)၏ တိုက်ရိုက်ကွပ်ကဲလက်အောက်ခံ တပ်ရင်းများမှာ အောက်ပါအတိုင်းဖြစ်သည်-

  1. ခလရ(၅၄) - လွိုင်ကော်
  2. ခမရ(၅၃၀) - လွိုင်လင်လေး
  3. ခလရ(၇၂) - လောပိတ
  4. ခမရ(၄၂၂) - မိုးဗြဲ
  5. ခလရ(၁၃၄) - ဖားဆောင်း
  6. ခလရ(၁၃၅) - ဖားဆောင်း
  7. ခမရ(၄၂၈) - ဖရူးဆိုး
  8. ခမရ(၅၃၁) - ဖရူးဆိုး
Remove ads

ဒကစ(လွိုင်ကော်)၏ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်မှူးတာဝန်ထမ်းဆောင်ခဲ့သူများ

  1. ဗိုလ်မှူးချုပ် မြတ်မင်းမိုး []
  2. ဒုတိယဗိုလ်ချုပ်ကြီး ဇော်မျိုးတင် []
  3. ဗိုလ်မှူးချုပ် ထွန်းနိုင်ဦး[]

ကိုးကား


နောက်ထပ်ကြည့်ရန်

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads