လွိုင်လင်လေးမြို့
From Wikipedia, the free encyclopedia
Remove ads
လွိုင်လင်လေးမြို့သည် ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ် ရှမ်း-ကယားနယ်စပ်တွင် တည်ရှိသည်။ ၂၀၁၇ ခုနှစ်တွင် မြို့အဖြစ် အဆင့်တိုးမြှင့်ခံခဲ့ရသည်။
Remove ads
သမိုင်းကြောင်း
လွိုင်လင်လေးဒေသကို ရှေးယခင် စော်ဘွားများလက်ထက်က လက်ထောက်မြို့ပိုင် ၁ ဦးအုပ်ချုပ်၍ ထီးစဲခါးတိုက်နယ်အဖြစ် သတ်မှတ်ထားသည်။ စိုက်ပျိုးသီးနှံများမှ အမျိုးအမည်အလိုက် ၁၀ ပုံ ၁ ပုံကို လွိုင်ကော်စော်ဘွားထံ အခွန်ပေးဆောင်ရသည်။ ၁၉၇၂ ခုနှစ်တွင် အဆိုပါစနစ်ကို ဖျက်သိမ်းကာ လွိုင်လင်လေးကျေးရွာအုပ်စု၊ ထီးစဲခါးကျေးရွာအုပ်စုနှင့် တီးလုံကျေးရွာအုပ်စုများအဖြစ် သတ်မှတ်ခဲ့သည်။ ၂၀၁၇ ခုနှစ် အောက်တိုဘာ ၂၂ ရက်နေ့တွင် လွိုင်လင်လေးမြို့အဖြစ် အဆင့်တိုးမြှင့်ခဲ့သည်။
Remove ads
ပထဝီဝင်အနေအထား
မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၅၂ မိနစ် နှင့် အရှေ့လောင်ဂျီတွဒ် ၉၇ ဒီဂရီ ၁၃ မိနစ် တွင် တည်ရှိသည်။ အရှေ့မှ အနောက်သို့ ၄.၃၈ မိုင်၊ တောင်မှမြောက်သို့ ၂.၉၄ မိုင်ရှိပြီး ၅၉၈.၀၆ စတုရန်းမိုင် ကျယ်ဝန်းသည်။
နယ်နိမိတ်
လွိုင်လင်လေးမြို့၏ အရှေ့ဘက်တွင် လွိုင်ကော်မြို့နယ်မှ ထီးစဲခါးကျေးရွာအုပ်စုနှင့် တီးလုံကျေးရွာအုပ်စု၊ အနောက်ဘက်တွင် ပိန်းချစ်ကျေးရွာအုပ်စုနှင့် တောင်ဘက်တွင် လွိုင်ကော်မြို့နယ်၊ မြောက်ဘက်တွင် ရှမ်းပြည်နယ် ဆီဆိုင်မြို့နယ်တို့ တည်ရှိသည်။
မြေမျက်နှာသွင်ပြင်
ပင်လယ်ရေမြေနှာပြင်အထက် ၂၅၅၅ ပေအထက်တွင် တည်ရှိကာ တောင်ကုန်းတောင်တန်းများကြားတွင် တည်ရှိသည်။
Remove ads
လူဦးရေ
လွိုင်လင်လေးမြို့တွင် ရှမ်းတိုင်းရင်းသားများ အများဆုံးနေထိုင်ကြသည်။ ထို့နောက် ကယားနှင့် ဗမာလူမျိုးများ အစဉ်လိုက် များပြားစွာနေကြသည်။ ကိုးကွယ်မှုအနေဖြင့် ဗုဒ္ဓဘာသာကို အများဆုံး ကိုးကွယ်ကာ ခရစ်ယာန်ဘာသာကို ဒုတိယအများဆုံကိုးကွယ်သည်။[၁]
စီးပွားရေး
လွိုင်လင်လေးမြို့သည် ရှမ်းပြည်နယ် တောင်ကြီးမြို့နှင့် ကယားပြည်နယ် လွိုင်ကော်မြို့ကို ဆက်သွယ်သော လွိုင်ကော်-ဆီဆိုင်-ဟိုပုန်း-တောင်ကြီး လမ်းမပေါ်တွင် တည်ရှိကာ စီးပွားရေးကောင်းမွန်သည်။ ဒေသခံအများစုသည် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြသည်။ မြို့၏အဓိကထွက်ကုန်မှာ ဆန်စပါးနှင့် ပြောင်းဖြစ်သည်။
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads